မြန်မာသို့ နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ပထမဆုံး ဘင်္ဂလာ အာလူး တင်ပို့

မြန်မာသို့ နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ပထမဆုံး ဘင်္ဂလာ အာလူး တင်ပို့
by -
မောင်သန်းစိန်
မြန်မာနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် ပထမဆုံး အကြိမ် အဖြစ် ဘင်္ဂလာဒေချ့်နိုင်ငံမှ အားလူးများ တင်ပို့...

မြန်မာနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် ပထမဆုံး အကြိမ် အဖြစ် ဘင်္ဂလာဒေချ့်နိုင်ငံမှ အားလူးများ တင်ပို့ခဲ့သည်ဟု သတင်း ရရှိသည်။

အဆိုပါ အာလူးများကို Abdur Rahman နှင့် Jafor ပို့ကုန် ကုမ္ပဏီတို့မှ ဇူလိူင်လ ၁၄ ရက်နေ့က စတင် တင်ပို့ခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူ တဦးက ပြောသည်။

“ စုစုပေါင်း မက်ထရစ်တန်ချိန် ၁၄ တန်ကို Jafor နဲ့ Abdur Rahman ကုမ္ပဏီတို့က တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာလူးအထွက်နုန်း ဒီနှစ်မှာ ကျဆင်းခဲ့တဲ့ အတွက် တင်ပို့ခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခု ဘင်္ဂလာဒေချ့်မှ အာလူးများကို မြန်မာနိုင်ငံသို့ တင်ပို့မူမှာ မြန်မာ- ဘင်္ဂလာဒေချ့် နယ်စပ်ကုန်သွယ်ရေးကို စတင် ဖွင့်လှစ်ခဲ့သည့် ၁၉၉၅ ခုနှစ် စက်တင်္ဘာ ၅ ရက်နေ့မှ စပြီး ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

နယ်စပ်မှ ပို့ကုန် လုပ်ငန်းရှင် တဦးဖြစ်သူ Enamul Haque က “ မြန်မာနိုင်ငံမှာ လတ်တလော ရေကြီးခဲ့တဲ့ နယ်စပ်ဒေသတွေမှာ အာလူးစျေးတွေ ခေါင်ခိုက်အောင် တက်သွားတဲ့ အတွက် ခုလို ဘင်္ဂလာဒေချ့်က အာလူးတွေ တင်ပို့ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဆက်လက် တင်ပို့သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။

ဘင်္ဂလာဒေချ့်တွင် ယခုနှစ်တွင် အာလူး အကြီးအကျယ် စိုက်ပျိုး ဖြစ်ထွန်းခဲ့သဖြင့် ပြည်ပ တင်ပို့ရသည့် အခြေအနေထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေချ့်နိုင်ငံ အနေဖြင့် အဓိက မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်သီးနှံများ ဖြစ်သည့် ဆန်စပါး၊ ကြက်သွန်၊ နနွင်း၊ ပဲအမျိုးမျိုး၊ ဂျင်းစိမ်းနှင့် တခြား သီးနှံများကို အများဆုံး မှာယူတင်သွင်းနေသော တိုင်းပြည်တပြည် ဖြစ်ပြီး ယခုနှစ်တွင် အာလူး အထွက်ကောင်းခဲ့ရာမှ မြန်မာနိုင်ငံကို တင်ပို့ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week