UDPKS ပါတီ လူထုစည်းရုံးရေး စတင်

UDPKS ပါတီ လူထုစည်းရုံးရေး စတင်
ပါတီတည်ထောင်ခွင့်ရရှိပြီးနောက် နှစ်ရက်အကြာမှစ၍ “စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS)” သည် မြန်မာ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အတွက် လူထုစည်းရုံးရေး စတင်ပြုလုပ်...

ပါတီတည်ထောင်ခွင့်ရရှိပြီးနောက် နှစ်ရက်အကြာမှစ၍ “စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS)” သည် မြန်မာ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အတွက် လူထုစည်းရုံးရေး စတင်ပြုလုပ်နေပြီဖြစ်သည်။

UDPKS (စဒက) ကချင်ပါတီ၏ ဥက္ကဌ ဒူဝါ ခက်ထိန်နန်၊ ဒု ဥက္ကဌ ဖောင်လာ ဂမ်ဖန် သည် မြစ်ကြီးနားမြို့ရှိ ရိုမင်ကက်သလစ် ဘုရားကျောင်း တစ်ခုတွင် ဇူလိုင် ၁၈ ရက်၊ မနေ့က လူထုမဲဆွယ်ဟောပြောပွဲ တစ်ခု စတင်ပြုလုပ်ခဲ့သည်။

၎င်းဟောပြောပွဲတွင် “ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အား ပါတီတည်ထောင်ခွင့် ချပေးတော့မည် မဟုတ်ပါ။ ထို့ကြောင့် ဒီနေ့ ကျွန်တော်တို့ ကချင်ပြည်နယ် ကိုယ်စားဆိုပြီး ပါတီတစ်ခု အသစ်တည်ထောင်လိုက်တယ်” ဟု ပါတီခေါင်းဆောင်နှစ်ဦးမှ ဟောပြောခဲ့ကြောင်း ဟောပြောပွဲတက်ရောက်သူ ဒေသခံတစ်ဦးပြောသည်။

ထို့သို့ စည်းရုံးရေးဆင်းနေသည်ကို KSPP ဗဟိုအလုပ်မှုဆောင်ဝင်တစ်ဦးက “ကချင်ပြည်နယ် ပြည်သူလူထုတွေ ကို ထင်ယောင်ထင်မှား ဖြစ်အောင် ကျွန်တော်တို့ပါတီ ကို မချပေးတော့ဘူးဆိုပြီး လိုက်လံစည်းရုံးနေတယ်လို့ု ထင်ပါတယ်” ဟု ပြောသည်။

UDPKS ပါတီ ခေါင်းဆောင် ဒူဝါ ခက်ထိန်နန်။ ဓါတ်ပုံ - ကချင်သတင်းဌာန

UDPKS သည် မြန်မာစစ်အစိုးရ၏ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ (USDP) ၏ အကြံပေးမှုဖြစ် တည်ထောင်သော ပါတီဖြစ်ပြီး KSPP ပါတီမှာ ဒေသခံ အဓိက ကချင်အဖွဲ့အစည်းကြီးများ၏ ထောက်ခံ အကြံပေးမှုဖြင့် ဖွဲ့စည်းထားသောပါတီ ဖြစ်သည်။

ကြံ့ဖွ့ံမှ ခွဲထွက်သော ကချင်ပါတီ ကို “အခုထိတော့ ကချင်ပြည်သူလူထုတွေ အနေနဲ့ သိပ်ယုံကြည်မှု မရှိသေးဘဲ ဘုရားကျောင်း လာဟောပြော တာကို လာပြောလို့တာ နာထောင်လိုက်ရတယ်။ ပြည်သူလူထုကို အရမ်းကိုယ်စားပြုတာတော့ မရှိဘူးလို့မြင်ပါတယ်” ဟု မြစ်ကြီးနားမှ ကချင် ဒူဝါ တစ်ဦးပြောသည်။

ကချင်ပြည်သူများအနေဖြင့် ဒူဝါ ခက်ထိန်နန် ဦးဆောင်သော စဒက ပါတီ ကို “အရင်က ကြံ့ခိုင်ရေးအသင်းဝင်များဖြစ်ကြပြီး အခုတစ်ဖန် ပါတီ တစ်ခု တည်ထောင်ပြီး ကချင်ပါတီတစ်ခုဖြစ်ခဲ့တယ်လို့ မြင်ပါတယ်” ဟု ထပ်မံပြောသည်။

Most read this week