လျှပ်စစ်မီး တပ်ဆင်ရန်် မလိယန် ဒေသခံများထံမှ ငွေပိုကောက်ခံနေ

လျှပ်စစ်မီး တပ်ဆင်ရန်် မလိယန် ဒေသခံများထံမှ ငွေပိုကောက်ခံနေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မလိယန်ရပ်ကွက်တွင် လျှပ်စစ်မီး ရရှိရေးအတွက် လျှောက်ထားရာ မီးပေးရေး တာဝန်ခံက ဒေသခံများမှ ကျသင့်သည်ထက်ပို၍ ငွေကြေး ကောက်ခံနေကြောင်း သိရ ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မလိယန်ရပ်ကွက်တွင် လျှပ်စစ်မီး ရရှိရေးအတွက် လျှောက်ထားရာ မီးပေးရေး တာဝန်ခံက ဒေသခံများမှ ကျသင့်သည်ထက်ပို၍ ငွေကြေး ကောက်ခံနေကြောင်း သိရသည်။

မြစ်ကြီးနား တောင်ဘက် ၂ မိုင်ကျော်အကွာရှိ မလိယန် ကချင််ရွာ။အိမ်ခြေပေါင်း ၁၂၀ ကျော်ရှိသည့် မလိယန်ရပ်ကွက်တွင် မီးဖြန့်ချီရေးတာဝန်ခံမှ မီးတိုင် (သစ်တိုင်လုံး)၊ မီးကြိုး နှင့် လျှပ်စစ်ဗို့အားပြောင်းကိရိယာ (transformer) ကြေးများကိုကောက်ခံပြီးဖြစ်သော်လည်း ယခုတစ်ဖန် ကွန်ကရစ်တိုင်ကြေးကို ထပ်၍ ကောက်ခံနေကြောင်း ဒေသခံများပြောသည်။

“အစကတော့ သစ်တိုင်လုံးစိုက်ရင်ရပြီလို့ပြောပြီး အဲတာနဲ့ပဲလုပ် အဲဒီမှာလည်း ၈သိန်းစီ ထုတ်ခိုင်းပြီး တကယ်ကွန်ကရစ်နဲ့ လုပ်ရင်တောင် သုံးသိန်းကျော်လောက်ပဲကျတာ၊ ရှိတဲ့သူကပေး မရှိတဲ့သူကမပေးပေ့ါ။ အခုတော့ သစ်မဟုတ်တော့ဘူး ကွန်ကရစ်တိုင်မှ ရမယ်တဲ့ ကောက်စားတဲ့သူက ကောက်ပဲကောက်စား ဘယ်သူမှလည်း မပြောရဲကြဘူး၊” ဟု ဒေသခံတစ်ဦးမှ မကျေမနပ်ပြောလာသည်။
မီးမယူပဲ ဝါယာကြိုးသက်သက်သာ ရှိနေသည့်  အိမ်များတွင်လည်း မီးခိုးယူသည်ဟု စွပ်စွဲကာ မီးကြိုးအား သေသေချာချာစစ်ဆေးခြင်းမရှိ ၄ သောင်း ၅ သောင်းခန့် ဒဏ်ငွေပေးဆောင်ခိုင်းနေသည်။

ယမန်နေ့တွင် မီးတာဝန်ခံ လူကြီးတစ်ဦးမှ “ဟိုဘက်အိမ်က မီးကြိုး ဖြုတ်ပေးလိုက်၊ ဒီဘက်အိမ်က ဖြုတ်ပေးလိုက်လို့ပြောတယ်။ ဘာလို့ဖြုတ်ရမှာလဲ” လို့ ပြန်ပြော လိုက်တော့ ဖြုတ်တဲ့သူတွေကြောက်ပြီး ဟိုး ရေဘက်ကိုထွက်ပြေးသွားတယ်” ဟု ၎င်းမှဆက်ပြောသည်။

မလိယန်ရပ်ကွက် မီးရရှိရန် ၂၀၀၈ ခုနှစ် အစောပိုင်းကတည်းက ကျပ် သိန်း ၂၄၀ ကောက်ခံခဲ့ပြီး မီးချပေးရန်နီးကပ်လာချိန်တွင် တဖန် ကျပ် သိန်း ၁၆၀ တိတိ ပြန်လည်ကောက်ခံခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဗို့အားပြောင်းကိရိယာ Transformer အတွက် ကုမ္ပဏီမှတဝက်ခန့် ထည့်ပေးသော်လည်း မီးဖြန့်ချီရေးအတွက်ခန့်ထားသည့် တာဝန်ရှိသူများသည် ထပ်၍ ကျပ် သိန်း ၉၈ ကောက်ခံခဲ့သောကြောင့် ဒေသခံများ မကျေမနပ် ညည်းတွားနေသည်။

ယင်းသို့ မီးရရှိရန်ငွေအပိုကောက်ခံနေသော်လည်း မလိယန်ရပ်ကွက်မှ မီးတာဝန်ခံ လူကြီးများအား ဒေသခံများမှ ဘူးဂါးလျှပ်စစ်ကုမ္ပဏီသို့ တိုင်ရန် အခက်အခဲ ဖြစ်နေသည်ဟု ဆက်ပြောသည်။

“ဘူးဂါးရုံးကတော့ သိတောင်မသိဘူး၊ ကောက်တာကရွာမှာ လိုက်ကောက်စားနေတယ်၊ ရွာကလူတွေက ရုံးမှာ ဘယ်သူမှ သွားမပြောရဲဘူး၊ ရုံးကလည်း ဒီမှာလာပြီး မစစ်ဆေးဘူး” ဟု ၎င်းရပ်ကွက်မှ ဒေသခံတစ်ဦးပြောလာသည်။

ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူတစ်ဦးမှ ယခုလိုအခက်ခဲပြသနာများအား ၎င်းတို့ထံ အကြောင်းကြားရန်ပြောဆိုသော်လည်း ဆက်ပြီးဖြေကြားခြင်းမရှိခဲ့ပေ။

ကချင်လွတ်မြောက်ရေးအဖွဲ့ပိုင် ဘူးဂါးလျှပ်စစ်ကုမ္ပဏီသည် ၎င်း၏ မလီးခရေအားလျှပ်စစ်စီမံကိန်းမှ မီးကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားကို ၂၀၀၆ ခုနှစ်မှ စ၍ စတင်ဖြန့်ဝေပေးနေပါသည်။

ယခုချိန် မြစ်ကြီးနားမြို့တွင် ငွေကြေးတတ်နိုင်သူများသည် လျှပ်စစ်မီး ၂၄ နာရီ ရရှိနေပြီဖြစ်ပြီး တချို့သောရပ်ရွာများတွင် သက်ဆိုင်ရာလျှပ်စစ်မီးဖြန့်ဝေရေး တာဝန်ရှိသူများ၏ ချစားမှုကြောင့် ဒေသခံများ မီးမရနိုင်ဖြစ်နေသည်။

Most read this week