ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ အရောင်းအဝယ်ထိုင်း

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ အရောင်းအဝယ်ထိုင်း
by -
ဇော်ကြီး
ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့တွင် အရောင်းအဝယ်ထိုင်းမှိုင်းနေသည်ဟု ဒေသခံ ကုန်သည်များက ပြော...

ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့တွင် အရောင်းအဝယ်ထိုင်းမှိုင်းနေသည်ဟု ဒေသခံ ကုန်သည်များက ပြော သည်။

ကော့သောင်းမှ ရန်ကုန်သို့တင်ပို့သည့် စားသောက်ကုန်နှင့် ကွမ်းသီးများ တင်သွင်းခွင့်ကို ဒေသအာဏာပိုင်က ပိတ်ပင်လိုက်သည့်အတွက် အရောင်းအဝယ် ထိုင်းမှိုင်းသွားသည် ဟု ဒေသခံကုန်သည်တစ်ဦးက ယခုလိုပြော သည်။

“ကော့သောင်းမှာကတော့ အကုန်လုံးက အကြပ်အတည်းတွေဖြစ်နေတာပဲ။ ကျနော်တို့ အခုလော လောဆယ်မှာ ကွမ်းသီးတို့ အချိုရည်တို့ ကျန်တဲ့ မုန့်ပဲသရေစာတွေလည်းပါတာပေ့ါ။ စားသောက်ကုန် တွေပေ့ါ။ လက်ရှိက သင်္ဘောတွေမှာ ကုန်ပစ္စည်းက ဒီကော့သောင်းကနေပြီးတော့ သိပ်သယ်လို့ မရဘူးဖြစ်နေတယ်။ ပါမစ်တွေဘာတွေ ပိတ်ထားတယ်။”

ကုန်ပစ္စည်းခထက် ပေးဆောင်ရသည့်အခွန်နှုန်းထား ပိုများသည့်အတွက် ကုန်သည်များ အနေနှင့် ယင်းပစ္စည်း များကို မတင်သွင်း နိုင်ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

“ဘာကြောင့်လည်းဆိုတော့ ဂျူတီနဲ့ ဆိုင်တာပေ့ါ။ ဂျုတီနဲ့ လုပ်ထားတယ်ဆိုတော့ ကုန်ပစ္စည်းတွေက ဂျုတီနဲ့ သွားတယ်လေ။ ကုန်ပစ္စည်းနဲ့ ဂျုတီခနဲ့ မကိုက်ဖူးဆိုတော့ အရောင်းအဝယ်သမားတွေက  အ ရောင်းအဝယ်မလုပ်ကြတော့ဘူးပေ့ါ။”

ယခင်က ရနှောင်းမှတင်သွင်းလာသည့် ကွမ်းသီးနှင့် အခြားစားသောက်ကုန်များကို ဒေသထွက် ပစ္စည်းများနှင့် ရောနှော၍ ရန်ကုန်သို့ ပို့ဆောင် နိုင်သော်လည်း ယခုအခါ ပိတ်ပင်ထားသည့်အတွက် အခက်အခဲဖြစ်နေကြသည် ဟု သိရသည်။

အလားတူ တံငါလုပ်ငန်းလုပ်ကိုင်သူများအနေနှင့် အခွန်ပေးဆောင်ရာတွင် ဒေါ်လာနှင့် ပေးဆောင်ရပြီး ပင်လယ် ပြင်သို့ငါးဖမ်းထွက်ရာတွင် သက်ဆိုင်ရာ အခွန်ဌာတွင် လက်မှတ်ထိုး၍ အာမခံနှင့် ထွက်ရပြီး ရက်အလိုက်အခွန် ပေးဆောင်ကြရသည်။

ယခုအခါ ယင်းလှေများ ကမ်းမကပ်လာသည့်အတွက် အရောင်းအဝယ်အေးနေသည်ဟု အခြားဒေသခံကုန်သည် တစ်ဦးက ယခုလိုပြောသည်။

“အခြေအနေကတော့ မကောင်းဘူး။ အရောင်းအဝယ်တွေအေးနေတယ်။ အေးနေတယ် ဆိုတာက ငါး လှေတွေဘာတွေကလည်း တက်မလာ နိုင်ဘူးလေ။ ဘာလို့လည်းဆိုတော့ ဒီမှာက ပင်လယ်လုပ်ငန်းက သူတို့ကိုပဲမျှော်နေရတာကိုး။ ငါးလှေတွေကလည်း ဒီဖက် လက်မှတ်ထိုး ဘာညာဆို အခွန်တွေ မပေး နိုင်တော့ ပင်လယ်ထဲတင် ခေါက်တိုလေးတွေနဲ့အဆင်ပြေသလိုပဲလုပ်စားနေကြရတာပေ့ါနော်။ ခါတိုင်း ဆိုရင်တော့ သူတို့ကဒီမှာ တက်လာရင်းနဲ့ ရိက္ခာတွေဘာတွေ ၀ယ်သွားတာပေ့ါနော်။”

စားသောက်ကုန်များအပြင် အခြားပစ္စည်းများကိုပါ ပိတ်ပင်ထားသော်လည်း အာဏာပိုင် အဖွဲ့အစည်းများနှင့် နား လည်မှုယူ၍ တရားမဝင် လမ်းကြောင်းများမှ သယ်ယူမှုများ ရှိသည်ဟု သိရသည်။

ကုန်ပစ္စည်းအဝင်အထွက် နည်းပါးသွားသည့်အတွက် သင်္ဘောဆိပ်လုပ်သားများနှင့် ကားသမားများ အလုပ် အကိုင်ရှားပါးလာပြီး အခက်အခဲ ဖြစ်ကြသည်ဟု ကုန်သည်များ ကပြောသည်။

Most read this week