ကချင်ပြည်နယ် ရေအားလျှပ်စစ် စီမံကိန်းအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု ရှိနေ

ကချင်ပြည်နယ် ရေအားလျှပ်စစ် စီမံကိန်းအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု ရှိနေ
ကချင်ပြည်နယ်တွင် ရေအားလျှပ်စစ် စီမံကိန်းများ ရင်းနှီးမြုပ်နှံမှု လုပ်ဆောင်နေသော တရုတ်အစိုးရ၏ ကုမ္ပဏီတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့မှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုရှိနေကြောင်း နီးစပ်သော အတိုင်းအဝိုင်းမှ ပြော ...

ကချင်ပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန်းများရင်းနှီးမြုပ်နှံမှု လုပ်ဆောင်နေသော တရုတ်အစိုးရ၏ ကုမ္ပဏီတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့မှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုရှိနေကြောင်း နီးစပ်သော အတိုင်းအဝိုင်းမှ ပြောသည်။

တရုတ်အစိုးရပိုင် အေးရှားဝေါလ်ကုမ္ပဏီ နှင့် တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (CPI) တို့ တာဝန်ယူ၍ ချီဖွေ အင်မိုင်ခ (မေခ) ရေအားလျှပ်စစ်စီမံကိန်းနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းများ လုပ်ဆောင်ရာအတွင်းပိုင်းတွင် ယမန်နှစ်မှစ၍ ရာမ (Yama) မူးယစ် ဆေးပြားများ ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) မှ နယ်ခြားစောင့်တပ် ဒေသတွင်း တပ်မချသေးမီချိန်မှ ယခင်ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကျားရှင် (Peng Jia-sheng) ၏သား ဖုန်ဒါဆွန် (Peng Daxun) ၏ ကိုးကန့်တပ်သည် အေးရှားဝေါလ်ကုမ္ပဏီနှင့် တိတ်တဆိတ်ပူးပေါင်းကာ ရေအားလျှပ်စစ်စီမံကိန်းအတွင်း ရာမ ဆေးပြားများကိုထုတ်လုပ်နေခြင်းဖြစ်ကြောင်း ကိုးကန့်အဖွဲ့နှင့် နီးစပ်သူများပြောသည်။

ဇွန်လိုင်လဆန်းပိုင်းတွင်လည်း ဖုန်ဒါဆွန် ဦးစီး၍ စစ်အင်အား ၃၀၀ ခန့်သည် တရုတ်နယ်စပ်မှ ကချင်ပြည်နယ် မြန်မာစစ်အစိုးရ၏ ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ထိန်းချုပ်ရာဒေသသို့ ၀င်ရောက်လာသည်။

ဖုန်ဒါဆွန်အဖွဲ့သည် ကချင်ပြည်နယ်တွင်းထုတ်လုပ်နေသော ၎င်းတို့ရာမမူးယစ်ဆေးဝါးများကို  မကြာမီ ဖြန့်ချီရောင်းချရန် မြန်မာ-ဘင်္ဂလားဒေ့ရှ ်နယ်စပ်ဖက်သို့ မှောင်ခိုစျေးကွက်ရှာ လေ့လာစုံစမ်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရနှင့်ပူးပေါင်းလုပ်ဆောင်နေသော ယင်းစီမံကိန်းနှစ်ခုအား မြန်မာစစ်အစိုးရ၏ကြီးကြပ်ကွပ်ကဲမှု နှင့် လုံခြုံရေးအကာအကွယ်တာဝန်ယူ လုပ်ဆောင်ပေးမှုအောက်တွင် ယခုလိုအေးရှားဝေါလ်ကုမ္ပဏီနှင့် ကိုးကန့်အဖွဲ့တို့ မူးယစ်ဆေးဝါးများထုတ်လုပ်နေခြင်းဖြစ်သည်။

ယခုပြုလုပ်နေဆဲဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းတွင် အလုပ်သမား ရာချီရှိသည့်အနက် အများစုမှာ တရုတ်ပြည်မှအလုပ်သမားများဖြစ်သည်။

မြန်မာ ဘိန်းဘုရင် လောဆိန်းဟန် (Lo Hsing Han) နှင့် ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်တို့၏ မိသားစုများသည် နီးစပ်သော ဆွေမျိုးများလည်း ဖြစ်၍ အစောပိုင်းကတည်းက မူးယစ်ဆေးဝါးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိနေကြောင်း နီးစပ်သောအတိုင်းအဝိုင်းမှဆိုသည်။

ယမန်နှစ် သြဂုတ်လက ရှမ်းပြည်အရှေ့တောင် ကိုးကန့်အခြေအစိုက် လောက်ကိုင် (Laogai) သည် မြန်မာစစ်အစိုးရမှတိုက်ခိုက် သိမ်းယူ ခဲ့သောကြောင့်် ဖုန်ဒါဆွန်၏တပ်ဖွဲ့သည် တရုတ်နယ်စပ်ဒေသ နန်ဆန်းတွင် ရှောင်ပုန်းခဲ့ရာ တရုတ်အစိုးရမှလည်း တပ်ချရန်ခွင့်ပြုပေးခဲ့သည်။

Most read this week