ကုန်စျေးနှုန်းများ တက်လာ၍ အိမ်ထောင်ရှင် အမျိုးသမီးများ အခက်အခဲကြံုနေရ

ကုန်စျေးနှုန်းများ တက်လာ၍ အိမ်ထောင်ရှင် အမျိုးသမီးများ အခက်အခဲကြံုနေရ
ကချင်ပြည်နယ်စျေးကွက်တွင် မိုးအဝင်မှ စကာ ပြည်တွင်းကြိတ်ဆီများဖြစ်သည့် မုံညှင်းဆီ၊ ပဲဆီများ နေ့စဉ်နေ့အမျှ စျေးတက်လာ၍ အရောင်းအေး...

ကချင်ပြည်နယ်စျေးကွက်တွင် မိုးအဝင်မှ စကာ ပြည်တွင်းကြိတ်ဆီများဖြစ်သည့် မုံညှင်းဆီ၊ ပဲဆီများ နေ့စဉ်နေ့အမျှ စျေးတက်လာ၍ အရောင်းအေး နေသည်။

ပြီးခဲ့သည့်ဇွန်လ အစောပိုင်း မုံညှင်းဆီ ၁ပိဿ ကျပ်၂၃၅၀ မှ ယခုစျေးကွက်တွင် ကျပ်၂၆၀၀၊ ပဲဆီ ၁ပိဿ ကျပ် ၃၀၀၀ ရှိရာမှ ကျပ် ၃၄၀၀ တက်နေသည်။

မုံညှင်းဆီသိသိသာသာ တက်လာခြင်းသည် “ဒီနှစ်နွေမှာ မုန်ညှင်းခင်းသိပ်မလုပ်ကြဘူး၊ စျေးတက်လာလို့ ထင်တယ် အရောင်းလည်း အေးလာ တယ် နောက်ထပ်လည်း စျေးလည်းဆက်တက်လာနိုင်သေးတယ်” ဟု ကုန်သည်တစ်ဦးမှ ပြောပြသည်။

ကချင်ပြည်နယ်တစ်ခုလုံးတွင် ပဲဆီစျေးကြီးသဖြင့် မုံညှင်းဆီသာ အသုံးများနေသော်လည်း ယခု မုံညှင်းဆီ စျေးတက်လာ၍ အိမ်ထောင်ရှင် အမျိုးသမီးများ အတွက် စျေးဝယ်ရန် အခက်အခဲကြံုနေရသည်။

“စျေးတောင်မသွားနိုင်ဘူး၊ နှစ်ပတ်ရှိပြီ၊ ချွေတာနေရတယ်၊ ဆီလည်း မသုံးမဖြစ်သာ သုံးနေရတယ်” ဟု အိမ်ထောင်ရှင်အမျိုးသမီးမှ ကုန်စျေးနှုန်း တက်၍ စျေးမသွားနိုင်ကြောင်းပြောပြသည်။

သကြား ၁ ပိဿ ကျပ် ၁၅၅၀၊ ယခင် ကျပ် ၁၄၀၀ ရှိပြီး၊ ခရမ်းချဉ်သီးစျေးလည်း ယခင် ၁ပိဿ ၁၂၀၀၊ ယခု ၁ ပိဿ ကျပ ်၁၄၀၀ ရှိနေပြီ ဖြစ်သည်။

ဒေသထွက်ကြက်သွန်စျေးနှုန်းမှာ ကျဆင်းလာပြီး ကြက်သွန်ဖြူစျေး ၁ ပိဿ ကျပ် ၃၀၀၀၊ ယခင်ကျပ် ၄၀၀၀၊ ကြက်သွန်နီစျေး ၁ ပိဿ ယခင် ကျပ် ၆၀၀၊ ယခု ကျပ ်၄၀၀ သို့ဖြစ်နေသည်။

တရုတ်ကြက်သွန်ဖြူစျေးနှုန်းတော့ တစ်ဟုန်တိုးတက်လာသည်။ ၁ပိဿ ကျပ်၂၇၀၀မှ ယခု ကျပ် ၃၀၀၀ စျေးနှုန်းတက်လာသည်။

Most read this week