တရားမဝင် ၀င်ရောက်လာသူ မြန်မာရှစ်ဦး အဖမ်းခံရ

တရားမဝင် ၀င်ရောက်လာသူ မြန်မာရှစ်ဦး အဖမ်းခံရ
by -
ဇော်ကြီး
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် လူပွဲစားမှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရား မဝင် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၈ ဦး အဖမ်းခံ ခဲ့ရ...

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် လူပွဲစားမှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရား မဝင် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၈ ဦး အဖမ်းခံ ခဲ့ရသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲအိမ်စုကျေးရွာနေ အမျိုးသမီး ငါးဦးနှင့် အမျိုးသား သုံးဦးတို့အား နယ်စပ်မြို့ မဲဆောက်မှ မြို့တော် ဘန်ကောက်သို့ သွားသည့်လမ်းပေါ်ရှိ မယ့်လမောင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့သည်ဟု အဖမ်းခံရသူများနှင့် သွားရောက် တွေ့ဆုံခဲ့သူမဲဆောက်မြို့ ဒေသခံ တဦးက ယခုလိုပြောသည်။

“အားလုံးပေါင်း ၈ ယောက်။ ယောကျာ်းလေးသုံးယောက်။ ဟန်ဝင်းအောင်ဆိုတာ တစ်ယောက်ပါ တယ်။ ကျန်တဲ့နှစ်ယောက်တော့ နာမည်မသိဘူး။ အဲဒီ ၁၅ ရက်နေ့ည ခြောက်နာရီထိုးလောက်မှာ မဲဆောက်ကိုခေါ်လာတယ်။ ကမ်းနဖူးရောက်တော့ အဲဒီ လက်မှတ်တွေ ကားပေါ်မှာပေးတယ်။ ရဲလာ စစ်ရင်ဒီလက်မှတ်ပြလို့သူကပြောတယ်တဲ့။”

၎င်းတို့အား တစ်ရွာတည်းနေ ဦးလှသန်းခေါ် စောလှသန်းမှ ဘန်ကောက်မြို့တွင် တရားဝင် သွားလာနေထိုင် အ လုပ်လုပ်ခွင့် လက်မှတ်နှင့် အလုပ်ရှာ ပေးမည်ဟု ပြောကာ လူတစ်ဦး လျှင် မြန်မာကျပ်ငွေ ငါးသိန်းခွဲတောင်းယူ၍ ခေါ်ဆောင်လာခြင်းဖြစ်သည်။

ဖမ်းခံရသူများမှာ မမြင့်မြင့်ဝင်း၊ မကြည်သာ၊ မအေးမြသွေး၊ မသင်းပွင့်ခိုင်ခေါ် မပွင့်၊ မအေးခိုင်ဦး၊ ဟန်ဝင်း အောင်နှင့် အမည်မသိသူ အခြား ယောကျာ်းလေးနှစ်ဦး တို့ဖြစ်ကြပြီး မသင်းပွင့်ခိုင်ခေါ် မပွင့်နှင့် မအေးခိုင်ဦးတို့ နှစ်ဦးအား အသက်မပြည့်သေးသည့်အတွက် တာ့ခ်ခရိုင် ကလေး ထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားပြီး ကျန်သူ များအား မဲဆောက် ထောင်တွင် ချုပ်နှောင်ထားသည်။

၎င်းတို့အားလွန်ခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ဖမ်းမိကာ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုဖြင့် ထိုင်းအစိုးရမှ တရားစွဲဆိုရန် မဲဆောက် တရားရုံး တွင် ယနေ့ ယမန်ယူခဲ့သည်။

နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်ပါက ထိုင်းနိုင်ငံတည်ဆဲဥပဒေအရ ထောင်ဒဏ်သုံးနှစ်ကျခံရဖွယ်ရှိပြီး အခြား သူဦး၏လက်မှတ်အား ကိုင်ဆောင် အသုံးပြုပါက ထောင်ဒဏ်ခုနှစ်လထိ ကျခံရနိုင်သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြောင်း အဆိုပါ ဒေသခံက ယခုလိုပြောသည်။

“အခုအပြင်က ပုလိပ်ရုံးမှာလည်း ထပ်စုံစမ်းတဲ့ခါကျတော့ သူများလက်မှတ်ကို လက်ဝယ် ကိုင်ဆောင် ပြီးတော့ လာတဲ့အတွက် ထောင်ခုနှစ်လ လောက်တော့ ကျလိမ့်မယ်လို့တော့ ပြောတယ်။ ဒါမှမဟုတ် ထောင်ဒဏ်ငွေဒဏ် ကျနိုင်တယ်လို့ပြောတယ်။”

၎င်းတို့ကို ခေါ်ဆောင်လာသူ စောလှသန်းမှာ ထွက်ပြေးလွတ်မြောက်နေပြီး ကားနှင့် သယ်ဆောင်လာသူ ထိုင်း နိုင်ငံသား ကရင်လူမျိုး ဖိချိုင်း ဆိုသူကမူ အာမခံဖြင့် ပြန်လွတ် လိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းတရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူများကို ထိုင်းအာဏာပိုင်များက ယခုလဆန်းမှစတင် က တင်းတင်းကျပ်ကျပ် ဖမ်းဆီး နေသော်လည်း မြန်မာနိုင်ငံသားများသည် နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာ နေဆဲဖြစ်သည်။

Most read this week