မြစ်ဆုံအနီးတဝိုက်ရွှေမှော်များမှ မူးယစ်ဆေးဝါးသုံးစွဲသူများလာခြင်းကြောင့် ဆေးထိုးအပ်ရောင်းကောင်း

မြစ်ဆုံအနီးတဝိုက်ရွှေမှော်များမှ မူးယစ်ဆေးဝါးသုံးစွဲသူများလာခြင်းကြောင့် ဆေးထိုးအပ်ရောင်းကောင်း
ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းအနီးတဝိုက်ဝန်းကျင်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲမှုများလာသောကြောင့် ဆေးထိုးအပ်များ အရောင်းသွက်...

ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းအနီးတဝိုက်ဝန်းကျင်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲမှုများလာသောကြောင့် ဆေးထိုးအပ်များ အရောင်းသွက်လျက်ရှိနေသည်။

မြစ်ကြီးနားမြို့ အထက် မိုင် ၁၃ အကွာ အူဗျစ် အာလမ်ကျေးရွာတွင် ယခင်က တခါသုံး ဆေးထိုးအပ်တံများကို တစ်နေ့လျင် အများဆုံးသုံးချောင်းလောက်သာ ရောင်းရသော်လည်း ယခုတွင်မူ တစ်နေ့လျှင် ဆိုင်တစ်ဆိုင်၌ အချောင်း ၁၀၀ ထက်မနည်း ရောင်းရသည်ဟု ဒေသခံစျေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးပြောသည်။

“ကြာပြီ ဆေးထိုးအပ်တံမရောင်းရတာ ဒီရွှေတူးတဲ့နောက်ပိုင်း အခုမှ ဆေးထိုးအပ်တွေ ဝယ်လိုက်ကြတာ၊ အခုလေးတင် လာသွားတဲ့ လူငယ်လည်း ဆေးထိုးအပ်တံ လာဝယ်တာ” ဟု ၎င်းကပြောသည်။

၎င်းမူးယစ်ဆေးဝါးများသည် နယ်စပ်မှ ဘိန်းဂိုဏ်ကြီးများ လာရောက်ဖြန့်ဖြူးကာ အိမ်တိုင်းနီးပါး မူးယစ်ဆေးဝါး ရောင်းချနေပြီး ရွှေမှော်တွင် ဘိန်းဖြူများကို တစ်ခါထိုး အနည်းဆုံး ကျပ် ၅၀၀ ဖြင့် လွယ်ကူစွာရယူ သုံးစွဲနိုင်ခြင်းဖြစ်သည်ဟု ဒေသခံဘိန်းသုံးစွဲသည့် အသိုင်းအဝိုင်းမှ သိရသည်။

မူးယစ်ဆေးဝါး သုံးစွဲသူအများဆုံးမှာ  အသက်၂၀ ကျော် လူငယ်များအများစုဖြစ်ပြီး ဆိုင်ရှင်တစ်အမျိုးသမီးက “တစ်နေ့ကို ဘိန်းဖြူ အနည်းဆုံး သုံးခါ၊ လေးခါ ထိုးနေ ကြတယ်” ဟု ဆိုသည်။

မူးယစ်ဆေးသုံးနေသောလူငယ်များသည် ရွှေမှော်၌ နေ့စားအလုပ်လုပ်နေသူများဖြစ်၍ တစ်နေ့ကို လုပ်အားခ ၄၀၀၀ ရရှိပြီး ယင်းလုပ်အားခဖြင့် နေ့စဉ်သုံးစွဲနိုင်ခြင်း ဖြစ်သည်။

မြစ်ဆုံ ရေကာတာတည်ဆောက်ရေး လုပ်ကွက်အနီးတဝိုက် ကျေးရွာများတွင် ယင်းရွှေတူးဖော်မှုကို ဦးလဆန်အောင်ဝါ (လဝါဌာနေပြည်သူ့စစ်) အဖွဲ့မှ ဇွန်လဆန်းပိုင်းမှ စတင်ကာ စက်ယန္တရားကြီးများဖြင့် နေရာယူ ရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

၎င်းနယ်မြေများတွင် ယခုကဲ့သို့ လွတ်လပ်စွာတူးဖော်နေခြင်းမှာ ရေကာတာတည်ဆောက်မှုကြောင့် ရေလွမ်းမိုးသွားမည့်နယ်မြေများဖြစ်သည့် အားလျော်စွာ လုပ်ကွက်ဆွဲပြီး ရွှေတူးဖော်ရေး လုပ်ငန်းစတင် တိုးချဲ့လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။

ယခင်ကမြေတစ်ဧကလျင် ကျပ် ၁ သိန်း ကျော်သာစျေးရှိသည့် လုပ်ကွက်များအား နယ်မြေများတွင် ယခုအခါ ကျပ် ၃ သိန်း ကျော်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံ များမှ သိရသည်။

Most read this week