ကူးသန်းရောင်းဝယ်ခွင့် ကျဆင်းသဖြင့် နယ်စပ်မြို့ ခြောက်ကပ်

ကူးသန်းရောင်းဝယ်ခွင့် ကျဆင်းသဖြင့် နယ်စပ်မြို့ ခြောက်ကပ်
by -
ခွန်အောင်မြတ်
နယ်စပ်မြို့ဖြစ်သည့် မြဝတီတွင် အောက်ဘက်ရှိ မြို့ကြီးများနှင့် ကုန်ကူးသန်းရောင်းဝယ်ရေး ကျဆင်း မှုကြောင့် ယခင်နှင့် မတူဘဲ မြို့ကြီးခြောက်ကပ်နေသည်ဟု ကုန်သည်ကြီးများက ပြော...

နယ်စပ်မြို့ဖြစ်သည့် မြဝတီတွင် အောက်ဘက်ရှိ မြို့ကြီးများနှင့် ကုန်ကူးသန်းရောင်းဝယ်ရေး ကျဆင်း မှုကြောင့် ယခင်နှင့် မတူဘဲ မြို့ကြီးခြောက်ကပ်နေသည်ဟု ကုန်သည်ကြီးများက ပြောသည်။

ယခုလဆန်းမှ စတင်ပြီ ထိုင်းနိုင်ငံမှ တင်သွင်းသည့် တရားမဝင်ကုန်ပစ္စည်းများကို တင်းကျပ်စွာ ဖမ်းဆီးစစ်ဆေး မှုကြောင့် ကုန်သည်နှင့် ကားသမားများ ကုန်ကူးသန်း ရောင်းဝယ် နေမှုများ ယနေ့ထိ ရပ်တန့်ခဲ့သည်ဟု ကုန် သည်ကြီးတဦးက ပြောသည်။

“ကားတန်းအတက်လည်းမရှိဘူး၊ အဆင်းလည်းမရှိဘူး၊ပုံမှန်ကြီးဖြစ်နေတယ်။အရင်တုန်းကဆို အဆင်း နေ့ဆို အဆင်းနေ့ သိတယ်။ မြို့ထဲမှာဆို မနက်ခင်း မိုးလင်းဆို ၀ုန်းဝုန်းဆို စျေးရှေ့မှာ။ အဲမှာ အ တက်နေ့ဆိုလို့ရှိရင် ညနေဆိုလို့ရှိရင် တတန်းကြီး စျေးရှေ့မှာဆို အများကြီးပေါ့ဗျာ။ အဲဒါတခုမှ မရှိ ဘူး။ မှန်တန်းလောက်ပဲ ရှိတယ် ဆိုတော့ ဘယ်လိုပြောရမှာလဲ၊ သမာရိုးကျ မြို့တမြို့ နယ်စပ်မြို့ မ ဟုတ်ဘဲနဲ့ ရိုးရိုးမြို့တမြို့ရဲ့ နေမှုထိုင်မှု စနစ်နဲ့ သွားတူနေတာပေါ့ဗျာ။”

ညဘက်ပိုင်းတွင်လည်း လူသွားလူလာနည်းပါးကြသဖြင့် စျေးဆိုင်များလည်း အရောင်းပါးကာ ကုန်သည်များ ညီး ညူနေကြသည်ဟု မြို့ခံတဦးက ပြောသည်။

“ညပိုင်းဆိုရင် ကားအတက်အဆင်းမရှိတဲ့အတွက် စျေးဆိုင်တွေ၊ ၀ပ်ရှော့တွေ အဲဒါတွေ အကုန်လုံးက ပြုတ်လုပြုတ်ခင်တွေချည်းပဲ။ အကုန်လုံး။ကျနော့်မိတ်ဆွေ တယောက်ဆိုလို့ရှိရင်လည်း ၀ပ်ရှော့ ထောင် ထားတာ တော်တော်ကြီးကျယ်ပါတယ်။ သူလည်း အခု အောက်ပြန်ဆင်းရမယ့် သဘော သက်ရောက်နေတယ်။ တလလောက် ရှိပြီလေ။ ၀စ်သောက်(လိုင်စင်မဲ့)ကားတွေ မလာတော့ ဒီ့ပြင်ကားတွေ လည်း မပြင်ရတော့ သူလည်း အောက်ဆင်းမယ်တဲ့။ စျေးဆိုင်လည်း ထို့အတူ ပေါ့ဗျာ၊ ၀ယ်မယ့် သူလည်း မရှိ၊ အောက်ကတက်တဲ့ ကုန်ကလည်းမရှိ၊ ၀ယ်လက်ကြီးသည်တွေက စိတ်ညစ်နေတာပေါ့။ ဘာခေါ် မှာ လဲ၊ ရောင်းစရာ မရှိဘူး ပေါ့ဗျာ။ ရောင်းစရာမရှိတဲ့အခါကျတော့ လူတွေကပါးတာပေါ့ဗျာ။ ပါးလိုက် တော့ မကိုက်ဘူးဗျ။ အဲလိုသဘောတော့ သက်ရောက်တာပေါ့။”

ယခု ဖမ်းဆီးစစ်ဆေးသည့်အဖွဲ့များသည် နေပြည်တော်မှရောက်လာသည့် အဖွဲ့ကတိုက်ရိုက်ကွပ်ကဲပြီး ကော့က ရိတ်မြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် (စကခ-၁၉) က တပ်မှူး ကိုယ်တိုင် လက်နက်ပစ္စည်းနှင့် ပတ် သက်၍ အထူး ကြပ်မတ် စစ်ဆေးနေသည်ဟု ကုန်သည်များက ပြောသည်။

ယခုလို အထူးစစ်ဆေးရေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်နှင့် နီးစပ်သူတဦးက ယခုလို သုံးသပ် သည်။

“ဖြစ်ပုံက ဒီလိုဗျ။ သူ(အာဏာပိုင်)လက်နက်မိလိုက်တာပဲ။ လက်နက်မိလိုက်တာ အဲလိုပဲ အစကတည်း က နာမည်ခံချင်တာ။ အဲလိုလည်းပြောတာရယ်။ နောက်တချက်က ငြိမ်းချမ်းရေးအဖွဲ့ကို နည်းနည်း (ပရက်ရှာ) ပေးတာရယ်။ ဒါအဖွဲ့တွေ အကုန်လုံး မင်းတို့ကောင်တွေ လက်နက်ချင်ရင်ချ ငါတို့နဲ့ ပေါင်းရင်ပေါင်း မပေါင်းရင် အငတ်ပဲ ဆိုပြီး ထားလိုက်ပုံရတယ်။ အဲဒီနှစ်ချက်အပေါ် မူတည်ပြီးတော့မှ လုပ်တဲ့ သဘောမျိုးရှိတာပဲ။”

စကခ ၁၉ တပ်မှူးကိုယ်တိုင် ဦးဆောင်ပြီး ကန့်သတ်ကုန်များကို ကြပ်မတ်လိုက်သည့်အတွက် ထိုင်းဘက်ခြမ်း မဲဆောက်မြို့တွင် သိုလှောင်ထားသည့် ပစ္စည်းများမှာ ၀ယ်မည့်သူ မရှိသဖြင့် ကုန်သွယ်ရေးကိုပါ ထိခိုက် နေခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

Most read this week