လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် (NLD) ဗဟိုနှင့် မြို့နယ်စည်းများတွေ့ဆုံ

လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် (NLD) ဗဟိုနှင့် မြို့နယ်စည်းများတွေ့ဆုံ
by -
ဇော်ကြီး
နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံမတင်တော့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုမှ တာဝန်ရှိသူများက နယ်များသို့ဆင်း၍ လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် ဆွေးနွေးညှိုနှိုင်းခဲ့သည်ဟု NLD  ဗဟိုအ လုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြော...

နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံမတင်တော့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုမှ တာဝန်ရှိသူများက နယ်များသို့ဆင်း၍ လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် ဆွေးနွေးညှိုနှိုင်းခဲ့သည်ဟု NLD  ဗဟိုအ လုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

သာယာဝတီမြို့နယ်တွင် ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ နတ်တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊  ကြို့ပင်ကောက်၊ မိုးညို၊ လက်ပန်တန်း စသည့်မြို့နယ်များမှ တစ်မြို့နယ်လျှင် မြို့နယ်စည်းအဖွဲ့ဝင် ငါးဦးခန့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း လူမှုရေးဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့သည်ဟု ဦးအုန်းကြိုင်က ဆက်ပြောသည်။

“မြို့နယ်ကတင်ပြတာက ခုထိတော့ မြို့နယ်တစ်ခုမှာ ကျောင်းမအပ်နိုင်တဲ့ ကလေးတွေကို စေတနာ ရှင်တွေရဲ့ ပံ့ပိုးကူညီမှုရယူပေ့ါ။ ကျနော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင် တွေကလည်း စုပြီးတော့ ပညာရေးထောက် ပံ့မှု လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုရှိပါတယ်။”

ယမန်နေ့ကလည်း ပြည်ခရိုင်အတွင်းရှိ ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ ပေါင်းတည်၊ သဲကုန်း၊ ပေါက်ခေါင်း စ သည့်မြို့နယ်များရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။

“ပေါက်ခေါင်းတို့ ဘာတို့မှာ မြေယာသိမ်းဆည်းမှု ဆိုင်ရာတို့၊ ကလေးစစ်သားစုဆောင်းတဲ့ ကိစ္စတို့ ဘာ တို့ကို သူတို့ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ကိုတော့ ဘယ်လိုကူညီ ထောက်ပံ့နိုင်မလဲလို့ ပြောတဲ့ အခါ အဖွဲ့ချုပ်မှာလည်းပဲ အဲဒီလို နိုင်ငံရေး နွယ်တဲ့ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ သူတွေရှိ တယ်။ သူတို့နဲ့ ဆက်သွယ်ပြီးတော့ လုပ်ပါလို့ ပြောခဲ့ပါတယ်။”

ယခုလ (၁၁) ရက်နေ့က စတင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ်ပေါင်း ငါးဆယ်ကျော် တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အာဏာပိုင် အဖွဲ့အစည်းများ အနေနှင့် စောင့်ကြည့်သည်မှလွဲ၍ တစ်စုံတစ်ရာ နှောင့်ယှက်မှု မပေးဟု သိရသည်။

ယခု ဆွေးနွေးပွဲများကို (NLD) ဒု-ဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့၏ မှာကြားချက်များနှင့် အညီဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ သည် တရားမျှတမှု မရှိဟု ဆိုကာ ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။

မှတ်ပုံမတင်သော်လည်း NLD ဆက်လက်ရပ်တည်ပြီး လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ သည်ကို ယခုအခါ အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းလည်း ဖြစ်သည်။

Most read this week