တောရကျောင်း (၃၀) ခန့်ဖျက်ဆီးခံရ၍ သံဃာတော်များ အခက်အခဲဖြစ်နေ

တောရကျောင်း (၃၀) ခန့်ဖျက်ဆီးခံရ၍ သံဃာတော်များ အခက်အခဲဖြစ်နေ
by -
ဇော်ကြီး
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ တောတွင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင် ကြသည့် သံဃာတော် (၃၀) ခန့်၏ ကျောင်းများကို ပြည်နယ်သံဃာ့မဟာ နာယက အဖွဲ့က ဖျက်ဆီးခိုင်းသည့် အတွက် သံဃာတော်များ အခက်အခဲဖြစ်နေ...

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ တောတွင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင် ကြသည့် သံဃာတော် (၃၀) ခန့်၏ ကျောင်းများကို ပြည်နယ်သံဃာ့မဟာ နာယက အဖွဲ့က ဖျက်ဆီးခိုင်းသည့် အတွက် သံဃာတော်များ အခက်အခဲဖြစ်နေသည်။

မြဝတီမြို့ခံ ဆရာတော်တပါးက ယခုလို မိန့်ကြားသည်။

“မြဝတီမှာ အခုဖြစ်နေတာက သံဃာ့ဥက္ကဌ တင်လိုက်တဲ့သူတွေနဲ့ အစိုးရဖက်ကလူတွေက တစ်ပါး ကျောင်းတွေကိုဖျက်တယ်ဗျာ။ အခုအဖျက်ခံရတာဆိုရင် အားလုံးပေါင်း အပါး သုံးဆယ် လောက်ရှိ မယ်။”

ပြည်နယ် သံဃာ့မဟာနာယကအဖွဲ့မှ လွန်ခဲ့သည့် လလယ်ပိုင်းကစ၍ အမိန့်ထုတ်ပြန်ခဲ့ပြီး ယခု ရက်ပိုင်းအတွင်း ၀ိနည်းတော်နှင့် မညီညွှတ်ဟု ယူဆရသည့် တောရကျောင်းများကို လိုက်လံဖျက်ဆီး ခဲ့ခြင်းဖြစ်သည်ဟု ဆရာ တော်က မိန့်သည်။

ယင်းတစ်ပါးကျောင်းထိုင် သံဃာတော်များအနက် သံဃာဝိနည်းနှင့်မညီသည့် သံဃာအချို့ တွေ့ရှိရသဖြင့် သက် ဆိုင်ရာမှ ကျောင်းအားလုံးကို ဖျက်ခိုင်းခြင်း ဖြစ်သည်ဟု ယင်းဆရာတော်က ဆက်မိန့်ကြားသည်။

“အဲဒီလိုမျိုးလုပ်မယ့်အစား သူတို့သံဃာ့ဥသျှောင်ပိုင်းတွေခေါ်၊ သံဃာ့အစည်းဝေးကြီးခေါ်ခက်ပြီးတော့ သြဝါဒပေးဆိုဆုံးမပေ့ါ။ အဲလိုမျိုးလေးဖြစ်သင့်တယ်။ နောက်တချက်က တကယ်တန်းလုပ်တဲ့ သူတွေ ကို မိအောင်ဖမ်းပြီးတော့ ထိထိရောက်ရောက် အရေးယူရင် ကောင်းပါတယ်။ အခုဟာက တစ်ခုမ ကောင်းတာနဲ့ တခြားကောင်းတဲ့ သံဃာတွေပါ နေစရာမဲ့ပြီးတော့ ဒုက္ခ ရောက်နေတာ တွေရှိတယ်။”

ကျောင်းဖျက်ခံရသည့် သံဃာတော်များကို ဖမ်းဆီးအရေးယူမှုမပြုလုပ်သော်လည်း မြို့ပေါ်ကျောင်းများတွင် လက် မခံရဟု အာဏာပိုင်များက ညွှန်ကြားထားသည့် အတွက် ယင်းသံဃာများ အခက်အခဲ ဖြစ်နေကြသည်ဟု ဆက် မိန့်ကြားသည်။

“သူတို့ခမျာ အခုနေလို့ မရတော့လို့ လူထွက်လိုက်ရတဲ့ ဘဝကိုရောက်သွားတယ်။ လူထွက်တော့လည်း နှစ်ပါး၊ သုံးပါးဆိုရင် အသက်ကကြီးပြီဆိုတော့ ဘာသွားလုပ်စား ကြမှာလဲ၊ အဲတာ ဘုန်းကြီးကျောင်း ပြန် ကပ္ပိယ လုပ်နေရတဲ့ ဘဝရောက်တယ်ဗျာ။”

ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအတွင်း ဘုန်းကြီးကျောင်းတစ်ကျောင်းဆောက်လိုပါက မြို့နယ်သံဃာ့ နာယက အဖွဲ့မှတဆင့် ပြည်နယ်၊ တိုင်းများသို့ အဆင့်ဆင့် တင်ပြရသည်။

အထက်မှ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် ကျောင်းများအနေနှင့် တရားမဝင် ကျောင်းအဖြစ် သတ်မှတ် ထားကာ ယခုလိုဖျက်ခံရခြင်းမှာ သံဃာဝိနည်း အရမဖြစ်နိုင်ဘဲ ကျောင်းဝိနည်းအရသာ ဖြစ်နိုင်ပြီး  အထက်မှ တာဝန်အရ စစ်ဆေးရန်လာသည့်အခါ တိကျ မှန်ကန်စွာစစ်ဆေးသင့်ကြောင်း တာချီလိတ်မှ ရဟန်းတော်တပါး က မိန့်ကြားသည်။

အာဏာပိုင်အဖွဲ့အစည်းများအပါအဝင် သံဃာ့မဟာနာယကအဖွဲ့မှ တာဝန်ရှိသူများ အနေနှင့် သံဃာထုအတွင်း ၀ိနည်းဖောက်ဖျက်သူများအား ဖော်ထုတ်ပြီး အရေးယူ သင့်သလို ကျောင်းဝိနည်းနှင့် မကိုက်ညီ၍ ဖျက်ဆီးခံ ရသည့် သံဃာများအား နီးစပ်ရာ ကျောင်းများ၌ သီတင်းသုံးနေထိုင်ခွင့်ပြု သင့်သည်ဟု သံဃာတော်များက မိန့် ကြားသည်။

http://www.nmg-news.com/nmg/news250610a.html

Most read this week