လိုင်စင်မဲ့ကားများ ဖမ်းဆီး

လိုင်စင်မဲ့ကားများ ဖမ်းဆီး
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ လိုင်စင်မဲ့ကားများကို ဖမ်းဆီးနေ၍  လိုင်စင်မဲ့ကားများ ကချင်ပြည် လွတ် လပ်ရေး အဖွဲ့ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် လွယ်ဂျယ်မြို့ တဖက်ကမ်း တရုတ်ပြည် လားရင်း ကျေးရွာနှင့် နောင် တောင်းမြို့များတွင် ရှောင်ပြေး...

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ လိုင်စင်မဲ့ကားများကို ဖမ်းဆီးနေ၍  လိုင်စင်မဲ့ကားများ ကချင်ပြည် လွတ် လပ်ရေး အဖွဲ့ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် လွယ်ဂျယ်မြို့ တဖက်ကမ်း တရုတ်ပြည် လားရင်း ကျေးရွာနှင့် နောင် တောင်းမြို့များတွင် ရှောင်ပြေးနေရသည်။

ယခုလ(၂ဝ)ရက်က စတင်ပြီး ဒေသခံအာဏာပိုင်များနှင့် ကုန်းလမ်းပို့ဆောင်မှုညွန်ကြားရေးဦးစီးဌာန (ကညန)တို့က လိုင်စင်မဲ့ကားများဖမ်းဆီးခဲ့ရာ   ကားမျိုးစုံ စုစုပေါင်း အစီး (၄ဝ)ခန့် ဖမ်းဆီးရမိထားပြီး ဇိမ်ခံကား အချို့မှာ  အပစ်ရပ်အဖွဲ့များပိုင်ဖြစ်နေကြောင်း ဗန်းမော်ဒေသခံ တဦးက ပြောသည်။

“ကားတွေကတော့ အစုံဘဲ။ ဖင်ကောက်တို့၊ မတ်တူးတို့၊ ပါဂျဲရိုတို့ ပါတယ်။  ကားဝပ်ရှော့ရုံမှာ ပြင်နေ တဲ့ ကားတွေလည်း ပါတယ်၊  လိုင်းဆွဲနေတဲ့ ဝှစ်သောက်တွေ ကျတော့ တစီးမှ မဖမ်းမိဘူး။ အဲဒီကား တွေက လိုင်ဇာနဲ့  လားရင်း၊ နောင်တောင်း၊ လိုင်ဇာဘက်မှာသွားထားတယ်။  သူတို့ကကြိုပြီး သတင်း ရတာကို။ ဌာနဆိုင်ရာ တွေကို ငွေပေးပြီး လိုင်းဆွဲနေတယ်ဆိုတော့ အခုလို ဖမ်းမယ်ဆီးမယ် ဆိုတော့ အရင် ကြိုရှောင်သွားတာပေါ့။”

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်၊ လိုင်ဇာနှင့် နမ်းခမ်းမြို့အနီး မံဝိန်းကြီးကျေးရွာတို့နှင့် ဗန်းမော်မြို့ အကြား လိုင်စင်မရှိသည့် ဟိုင်းလတ်၊ ဗင်၊ ဂျစ် နှင့် မှန်လုံကားများ ပြေးဆွဲနေကြောင်း၊  လမ်းခရီး တလျှောက်ရှိ စစ် ဆေးရေးဂိတ်များနှင့် ဗန်းမော်မြို့နယ်အာဏာပိုင်များအား လာဘ်ငွေပေးကာ တရားမဝင် မှောင်ခိုပစ္စည်းများ သယ်ဆောင် နေကြောင်း ဗန်းမော်ဒေသခံ ကားသမားတဦးက ပြောသည်။

ယခုလဆန်းပိုင်းကတည်းက မြန်မာပြည်မြို့ကြီးများနှင့် နယ်စပ်ဒေသမြို့များတွင်လည်း လိုင်စင်မဲ့ကား နှင့် ဆိုင် ကယ်များကို ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင် လျှက်ရှိသည်။

မြဝတီမြို့တွင် လိုင်စင်မဲ့ယာဉ်များအပြင် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် လူသုံးကုန် ပစ္စည်းများနှင့် စက်ပစ္စည်းများကို အာဏာပိုင်များက ယခင်အပတ် ကတည်းက လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသ ခံကုန်သည်နှင့် ကားပွဲစားများက ပြောသည်။

တာချီလိတ်မြို့တွင်လည်း ယခုရက်ပိုင်းအတွင် လိုင်စင်မဲ့ကား အစီး ၂ဝ ကျော်ဖမ်းဆီးပြီး ကျိုင်းတုံသို့ ပို့ဆောင် ထားသည်ဟု ဒေသခံများက ပြောသည်။ ယခင်က လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးရာတွင် ဒဏ်ငွေဆောင်ပြီး ပြန်ရွေးထုတ်၍ ရသော်လည်း ယခု ရွေးထုတ်ခွင့်မပြုပဲ အပြီးသိမ်းဆီးလိုက် သည်ဟု ဒေသခံများက ပြောသည်။

http://www.nmg-news.com/nmg/news250610.html

Most read this week