မောင်တောမြို့ နေပြည်တော် လမ်းဆုံ ပြည့်တံဆာတန်းကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနှင်း

မောင်တောမြို့ နေပြည်တော် လမ်းဆုံ ပြည့်တံဆာတန်းကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနှင်း
မောင်တောမြို့တွင် ပြည်သူများက နေပြည်တော် လမ်းဆုံဟု အမည် ပေးထားသော ပြည့်တံဆာတန်းကို ယမန်နေ့ နံနက်က ရဲတပ်ဖွဲ့ တစ်ဖွဲ့မှ ၀င်ရောက် စီးနှင်းပြီး လူအများ အပြားကို ဖမ်းဆီး...

မောင်တောမြို့တွင် ပြည်သူများက နေပြည်တော် လမ်းဆုံဟု အမည် ပေးထားသော ပြည့်တံဆာတန်းကို ယမန်နေ့ နံနက်က ရဲတပ်ဖွဲ့ တစ်ဖွဲ့မှ ၀င်ရောက် စီးနှင်းပြီး လူအများ အပြားကို ဖမ်းဆီး သွားကြောင်း သတင်း ရရှိသည်။

မျက်မြင် တဦးက “ နံနက်ပိုင်းမှာ ၀င်ရောက် စီးနှင်းတာ ဖြစ်ပြီး ဆိုင်ပိုင်ရှင် ၁၃ ဦးနဲ့ တခြား ၁၀ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးပြီး နံနက် ၉ နာရီမှာ ရဲစခန်း ခေါ်သွား ပါတယ်။ စက်လှေ တစီးပေါ် တင်ပြီး မကျည်းချောင်း ရဲစခန်းကို ခေါ်သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ နေရာတွင် တည်ဆောက်ထားသော မကောင်းမူ လုပ်ငန်းများ လုပ်ဆောင်နေသည့် ဆိုင်ခန်း ၁၃ ခန်းကိုလည်း ဖြိုဖျက် ပစ်ခဲ့သည်။

တခြား အစိုးရ ၀န်ထမ်း တဦးကလည်း “ ဒီ လုပ်ငန်းတွေကို လုပ်တဲ့သူတွေက နတလ စံပြကျေးရွာသားတွေ ဖြစ်ကြတယ်။ လဘက်ရည်ဆိုင်၊ ထမင်းဆိုင် နာမည်တပ်ပြီး နောက်ကွယ်မှာ ပြည့်တံဆာ လုပ်ငန်းတွေကို လုပ်ကြတာပါ။ ပြည်ပ မီဒီယာတွေက ဒီသတင်းကို တင်ပြလာတော့ နောက်ဆုံးတော့ အာဏာပိုင်တွေက အရေးယူ လာရတဲ့ အဆင့်ကို ရောက်ရှိလာရတာ ဖြစ်ပါတယ်။ မြို့နေလူထုနဲ့ ဒေသ အတွင်းက အစိုးရ အရာရှိတွေလည်း ခုလို မောင်တောမှာ ပြည့်တံဆာ လုပ်ငန်း တွင်ကျယ်လာတဲ့ အပေါ် မကျေနပ် မူတွေ ရှိနေကြပါတယ်” ဟု ပြောသည်။

အဆိုပါ မကောင်းမူ လုပ်ငန်းတွင် အဓိက ပါ၀င်နေသူများမှာ ရွှေရင်အေးနှင့် ခရေမြိုင် စံပြကျေးရွာသားများ ဖြစ်ပြီး အဆိုပါ နေပြည်တော် လမ်းဆုံရှိ ဆိုင်များမှ တဆင့် ဖေါက်သည်များကို ခေါ်ယူကာ စံပြကျေးရွာများ အတွင်း အဆိုပါ လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ဒေသခံများ၏ အပြောအရ အဆိုပါ လမ်းဆုံမှာ ညောင်ချောင်း ကျေးရွာ အနီးတွင် တည်ရှိပြီး မကောင်းမူ လုပ်ငန်းများ လုပ်ရာမှ ပြည်သူများက နေပြည်တော် လမ်းဆုံဟု အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ နေရာတွင် ရှင်းလင်းသွားပြီ ဖြစ်ပြီး ဆိုင်တဆိုင်မှ မရှိတော့ကြောင်း သိရသည်။

“ ဖမ်းခံရသူ အများစုက အစိုးရ စီမံကိန်းနဲ့ ဗမာပြည်က မောင်တောနယ် စံပြကျေးရွာတွေကို ပြောင်းရွှေ့လာတဲ့သူတွေ ဖြစ်တဲ့ အတွက် အရေးယူ အပြစ်ပေး ထောင်ချ တာတွေတော့ လုပ်မှာ မဟုတ်ဘူးလို့ သိိရပါတယ်။ နောက်နောင် မလုပ်ဖို့ ဆိုဆုံးမပြီး ပြန်လွတ်မယ့် သဘော ရှိပါတယ်။” ဟု အဆိုပါ မျက်မြင် ပုဂ္ဂိုလ်က ဆက််ပြော သည်။

ယခုလ ၃ ရက်နေ့ကလည်း ပြည့်တံဆာ လုပ်ငန်းများတွင် ပါ၀င် ပတ်သက်သဖြင့် မောင်တောမြို့နယ် ကိုင်းကြီး နတလ ကျေးရွာ ရယက ဥက္ကဌဟောင်း ဦးသန်းမိုး အား ထောင် ၂ နှစ်နှင့် တခြား အမျိုးသမီးငယ် ၈ ဦးကို ထောင် တနှစ်စီ အသီးသီး မောင်တော ခရိုင်တရားရုံး ချမှတ်ခဲ့သည်။

http://www.narinjara.com/detailsbur.asp?id=2583

Most read this week