ကုန်စျေးနုန်းမြင့်၍ ဘင်္ဂလီ ငါးဖမ်းသမားကို နစကမှ ပြန်ပေးဆွဲ၍ ငွေညစ်

ကုန်စျေးနုန်းမြင့်၍ ဘင်္ဂလီ ငါးဖမ်းသမားကို နစကမှ ပြန်ပေးဆွဲ၍ ငွေညစ်
by -
မောင်အေး
ရခိုင်ပြည်နယ် မောင်တောတွင် ကုန်စျေးနုန်းများ မြင့်တက်လာရာမှ မိသားစု စားဝတ်နေရေး အတွက် ငွေပိုမို လိုအပ်လာသဖြင့် ဘင်္ဂလီ ငါးဖမ်းသမားများကို ဖမ်းဆီးပြီး နစကမှ ငွေညစ်...

ရခိုင်ပြည်နယ် မောင်တောတွင် ကုန်စျေးနုန်းများ မြင့်တက်လာရာမှ မိသားစု စားဝတ်နေရေး အတွက် ငွေပိုမို လိုအပ်လာသဖြင့် ဘင်္ဂလီ ငါးဖမ်းသမားများကို ဖမ်းဆီးပြီး နစကမှ ငွေညစ်နေကြောင်း သိရသည်။

နစကများသည် ဇွန်လ ၂၂ ရက်နေ့ ညနေ ၈ နာရီခန့်တွင် ဘင်္ဂလာဒေချ့် ရေပြင်ပိုင်နက် အတွင်းသို့ ကျူးကျော် ၀င်ရောက်ပြီး နတ်မြစ် အတွင်းမှ ငါးဖမ်းသမား ၁၃ ဦးကို ငါးဖမ်းလှေ ၆ စီးနှင့် အတူ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ဘင်္ဂလီ ငါးဖမ်းသမားများမှာ တက်ကနက် မြို့နယ် နီလာမြို့ အပိုင် ဇာလီယာပါရာ အနီးတွင် ငါးဖမ်းနေစဉ် ပြန်ပေးဆွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဖမ်းဆီးခံရသူ ၁၃ ဦးထဲမှ ၁၂ ဦးကို ပြန်လည် လွတ်ပေး လိုက်သော်လည်း ပိုက်ဆံ ချမ်းသာသူ မစ္စတာ ဘော်ဒီ အာလာမ်၏ သား ဖြစ်သူ ကာလာမီယာ (၂၁ နှစ်) ကို နစကမှ ဆက်လက် ဖမ်းဆီးထားပြီး တာကာငွေ ၅၀၀၀၀ နှင့် ပြန်ရွှေးယူရန် အကြောင်းကြားထားသည်ဟု မိသားစုများက ပြောသည်။

တာကာငွေ ၅၀၀၀၀ မှာ မြန်ကျပ်ငွေနှင့်ဆိုလျှင် ခုနှစ်သိန်း ငါးသောင်း ဖြစ်သည်။

နစကမှ အဆိုပါ ပြန်ပေးငွေ တောင်းခံခြင်းကို ကော့ဘဇား ဒေသထုတ် သတင်းစာများကလည်း ရေးသား ဖေါ်ပြကြသည်။

ယခုလ ၉ ရက်နေ့ကလည်း နစကတပ်ဖွဲ့ တဖွဲ့မှ ဘင်္ဂလား ရေပိုင်နက်အတွင်းဝင်ရောက်ကာ ဘင်္ဂလီ ငါးဖမ်းသမား ရော်ဖီအာမတ်နှင့် တခြားတဦးကို ဖမ်းဆီးသွား ခဲ့သည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ရှိသော နစက တပ်ဖွဲ့ဝင်များမှ ယခုကဲ့သို့ ဥပဒေနှင့် မညီသော မဖွယ်မရာ အလုပ်များကို ပြုလုပ်သဖြင့် နယ်စပ်တလျှောက် တွင် နစကကို လူတိုင်း ကြောက်ကြပြီး အဆိုပါ အဖွဲ့မှာ နာမည်ဆိုးဖြင့် ကျော်ကြားသည်ဟု သိရသည်။

http://www.narinjara.com/detailsbur.asp?id=2580

Most read this week