ကချင်ပါတီအား ပါတီ တည်ထောင်ခွင့် ချပေးတော့မည် မဟုတ်

ကချင်ပါတီအား ပါတီ တည်ထောင်ခွင့် ချပေးတော့မည် မဟုတ်
နေပြည်တော်သို့ ပါတီမှတ်ပုံတင်ခွင့်ရရှိရေး အတွက် ဒုတိယအကြိမ် သွားရောက်ပြီးနောက် ကချင်ပါတီအားတရားဝင်ပါတီအဖြစ် လက်မခံတော့ကြောင်း ပါတီ အရာရှိများက ပြော...

နေပြည်တော်သို့ ပါတီမှတ်ပုံတင်ခွင့်ရရှိရေး အတွက် ဒုတိယအကြိမ် သွားရောက်ပြီးနောက် ကချင်ပါတီအားတရားဝင်ပါတီအဖြစ် လက်မခံတော့ကြောင်း ပါတီ အရာရှိများက ပြောပါသည်။

ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အားပါတီတည်ထောင်ခွင့် မချပေးရန် မြန်မာစစ်အစိုးရမှ တရားဝင်ကြေငြာခြင်းမရှိသော်လည်း မချပေးရန်သေချာသည်ဟု ကြံ့ဖွံ့အတွင်းရေးမှုး ပြောကြားခဲ့သည်ဟု KSPP အရာရှိတစ်ဦးက ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

မြန်မာစစ်အစိုးရ သစ္စာခံ ယခင် အမိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှုးကြီး လဆန်အောင်ဝါ အား ကချင်ပါတီအသစ်တခုတည်ထောင်ရန် အတင်း တိုက်တွန်းနေသည်ဟု KSPP ပါတီအရာရှိများမှတဆင့် သိရသည်။

ယခုလ ၁၉ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကြံဖွံ့အတွင်းရေးမှုး ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ လာရောက်ချိန်တွင် လဆန်အောင်ဝါ အား ကချင်ပါတီတည်ထောင် ရန်တိုက်တွန်းခဲ့သည်ဟု သိရသည်။

“လဆန်အောင်ဝါ ပါတီတည်ထောင်မယ်ဆိုရင်လည်း သူလည်းကချင်တစ်ယောက်ဘဲ၊ ကချင်ပြည်နယ်တိုး တက်ရေးအတွက် သူလုပ်သွားမယ်လိ့ုမျှော်လင့်ပါတယ်” လို ့ ယခင်က NDAK (ဒု) ဗိုလ်မှုကြီး ဒွဲလာ ကပြောသည်။

အကယ်၍ KSPP  ပါတီတည်ထောင်ခွင့်မကျခဲ့ရင် ကချင်ပြည်သူလူထုများကိုခေါ်၍ အစည်းဝေးလုပ်ပြီး ပြည်သူစကားသံကိုနားထောင်မည်ဟု ပါတီ အလုပ် အမှုတော်ဆောင် တစ်ဦး ပြောသည်။

KSPP သည် ဗဟိုကော်မတီဝင် အယောက် ၆၀ နှင့် အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ယောက် နှင့် ပြည်သူလူထု ပါတီဝင် ၂၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကချင် ပါတီတစ်ခုဖြစ်သည်။

ကချင်ပြည်နယ်တွင် ကချင်ကိုယ်စားပြုပါတီ KSPP ပါတီသည် အင်အားအကြီးဆုံးဖြစ်သည်။

ယခုနှစ် မကုန်မီ ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တိုးတက်ရေး ပါတီ (KSPP) သည် ပါတီတည်ထောင်ခွင့်မချပေးသေးသည့် ကိစ္စနှင့် ပတ်သက်၍ နေပြည်တော်အခြေစိုက် ရွေးကောက်ပွဲကော်မရှင်သို့ မေ ၁၅ ရက်နေ့က ဒုတိယအကြိမ် သွားရောက်ခဲ့သည်။

“လဆန်အောင်ဝါကို ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီဆိုရင် ကျွန်တော်တို့ ကချင်တွေအချင်းချင်း မျက်နှာပေါ်မှာ မီးသွေးနီနီ တင်ထားသလို မျက်နှာတွေပူကုန်တော့မယ််” ဟု KSPP ၏ှ ပါတီ အလုပ်အမှုတော်ဆောင်တစ်ဦး ပြောသည်။

၎င်း လဆန်အောင်ဝါအဖွဲ့သည် KIO မှ ၂၀၀၄ ခုနစ်တွင် ခွဲထွက်ကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်် လက်အောက်ခံ ပြည်သူ့စစ််အဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

မြန်မာစစ်အစိုးရ သစ္စာခံ လဆန်အောင်ဝါ အား စစ်အစိုးရစိတ်ကြိုက် ကချင်ပါတီအသစ်တစ်ခု ထူထောင်ရန် ယခုချိန် တွန်းအားပေးနေကြောင်း သိရသည်။

ယခုလ မကုန်ခင် လဆန်အောင်ဝါ တည်ထောင်သည့်ကချင်ပါတီကို ပါတီမှတ်ပုံတင်ရန် နေပြည်တော် အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် တွေ့ဆုံမည်ဖြစ်သည်ဟု သိရှိရသည်။

KSPP ဥက္ကဌ ဒေါက်တာတူးဂျာသည် ပါတီ မှတ်ပုံတင်မချပေးသေးသည်ကို တရားဝင်ကြေငြာခြင်းမရှိသေး သောကြောင့် စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းနေသည်ဟု အဖွဲ့ဝင်များက ပြောသည်။

http://kachinnews.com/burmese/2010-01-18-05-43-21/163-2010-06-24-09-32-3...

Most read this week