ဖမ်းဆီးရမိ သစ်များ သယ်ယူရေး ကန်ထရိုက်ရ ကုမ္ပဏီက တရုတ်ဘက် သစ်ခိုးထုတ်

ဖမ်းဆီးရမိ သစ်များ သယ်ယူရေး ကန်ထရိုက်ရ ကုမ္ပဏီက တရုတ်ဘက် သစ်ခိုးထုတ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင် သစ်ခုတ်လှဲမှုကို အာဏာပိုင်များက ဖမ်းဆီးပြီး သိမ်းဆီး ရမိ သည့် သစ်များကို ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးသို့ ပို့ဆောင်သည့် လုပ်ငန်းအား ကန်ထရိုက် ရယူထား သည့် အောင်မိုင်ကုမ္ပဏီက တရုတ် ပြည်သို့ ပြန်လည်ခိုးထုတ်နေ....

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင် သစ်ခုတ်လှဲမှုကို အာဏာပိုင်များက ဖမ်းဆီးပြီး သိမ်းဆီး ရမိ သည့် သစ်များကို ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးသို့ ပို့ဆောင်သည့် လုပ်ငန်းအား ကန်ထရိုက် ရယူထား သည့် အောင်မိုင်ကုမ္ပဏီက တရုတ် ပြည်သို့ ပြန်လည်ခိုးထုတ်နေသည်။

ပြီးခဲ့သည့်  (၁၉)ရက်နေ့ ညပိုင်းက တရုတ်-မြန်မာနယ်စပ် နမ်းခမ်းမြို့အနီး မံဝိန်းကြီး ကျေးရွာရှိ အောင်မိုင် ကုမ္ပဏီ သစ်ချကွင်းအတွင်း စုပုံထားသည့် သစ်များကို စက်ယန္တယား များနှင့် လူအင်အားအသုံးပြုကာ သစ်ကား (၂၈)စီးဖြင့် တရုတ်ပြည် နောင်တောင်မြို့သို့ သယ်ထုတ်ခဲ့သည်ဟု မန်ဝိန်းကြီး ဒေသခံတဦးက ပြောသည်။

“မံဝိန်းကြီးနဲ့ တရုတ်ပြည်နော်တောင်ကြားမှာရှိတဲ့ ပန်ခမ်း တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ်ကနေ (၅) စီး လောက်ဖြတ်တယ်။ ကျန်တာက ချောင်းဖြတ်ပြီး ခိုးလမ်းက သယ်ထုတ်တာ။ အားလုံး(၂၈)စီး။ အဲဒီ သစ်တွေက မံစီမြို့နယ်ထဲက ဖမ်းဆီးရမိတဲ့ သစ်တွေ။ အဲဒါကို ဧရာဝတီ မြစ်ကမ်းက စင်းခမ်းအနီးက ဝက်သိုးသစ်ချဆိပ်ကို ပို့ရမှာ။ အဲဒီကို မပို့ဘဲ မံဝိန်းကြီးမှာ လာထားပြီး အခွင့်အခါသင့်တော့ တရုတ် ဘက် ခိုးထုတ်ခဲ့တာ။”

အောင်မိုင်ကုမ္ပဏီသည် ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် အုန်းမြင့်၏ သားနှင့် ဆွေမျိုးများ ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီဖြစ်ပြီး၊ ဗိုလ်ချုပ် အုန်းမြင့် မပခ တိုင်းမှူး ရာထူးဖြင့် တာဝန်ထမ်း ဆောင်စဉ် ကာလကတည်းက ဖမ်းဆီးရမိသစ်များ သယ်ယူရေးကန်ထရိုက်ကို နှစ်စဉ် ရယူလုပ်ကိုင်နေခဲ့ပြီး တရုတ် ပြည်ဘက် သစ်ခိုးထုတ်မှု ကို လုပ်ကိုင်နေခဲ့သည်ဟု သစ်လုပ်ငန်းရှင်များနှင့် နီးစပ်သူတဦးက ပြောသည်၊

“အောင်မိုင်ကုမ္ပဏီက တရုတ်ဘက် သစ်ခိုးထုတ်နေတာကြာပြီ။  မဖမ်းရဲဘူး။ ဗိုလ်ချုပ် အုန်းမြင့်က နေ ပြည်တော်မှာ ရှိနေတဲ့ခါကျတော့ အခုတိုင်းမှူးက မျက်နှာပျက် မှာလည်း စိုးရိမ်ပုံရတယ်။ ပြီးတော့ အောင်မိုင် ကုမ္ပဏီကလည်း နယ်မြေခံ ဗျူဟာမှူးတို့၊ စစ်တပ်တို့ ကို ငွေလည်းပေးထားတယ်ဆိုတော့ အခုလို လုပ်ခွင့်ရနေတာ။ ”

ကချင်ပြည်နယ်အတွင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှသစ်များကို တရုတ်-မြန်မာနယ်စပ်သို့ ခိုးထုတ်မှုအား မကြာခဏ ဆိုသလို ဖမ်းဆီးမှုများ ရှိနေသော်လည်း နယ်မြေခံ အာဏာပိုင် များက ပါဝင်ပတ်သက်နေသဖြင့် သစ်ခိုး ထုတ်မှုမှာ ရပ်တန့်မသွားဘဲ နှစ်စဉ် ပွင့်လင်းရာသီ ချိန်ရောက်တိုင်း သစ်ခိုးထုတ်မှုမှာ ရှိမြဲရှိနေကြောင်း နယ်စပ် ဒေသခံများက ပြောသည်။

http://www.nmg-news.com/nmg/news220610.html

Most read this week