မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် ခြံစည်းရိုးများ ပြိုပျက်

မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် ခြံစည်းရိုးများ ပြိုပျက်
by -
မင်းဆက်ခိုင်
မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ကာရံထားသော နယ်စပ် ခြံစည်းရိုး အစိတ်အပိုင်း အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမူကြောင့် ပြိုလဲသွားကြောင်း သတင်း ရရှိ...

မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ကာရံထားသော နယ်စပ် ခြံစည်းရိုး အစိတ်အပိုင်း အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမူကြောင့် ပြိုလဲသွားကြောင်း သတင်း ရရှိသည်။

ပြိုလဲသွားသော နေရာမှာ တောင်ပြို(ဝဲ) မြို့နယ်ခွဲရှိ မှတ်တိုင်အမှတ် (၃၄) အနီးတဝိုက်တွင် ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ဟိုတလောက ရေကြီးတုန်းက ပြိုလဲ သွားခဲ့တာဖြစ်ပါတယ်။ အခု စစ်အင်ဂျင် နီယာတွေ ရောက်နေပါတယ်။ မကြာခင် ပြန်လည် ပြုပြင်သွားမယ်လို့ သိရပါတယ်။”

ယခုလ ၁၃ရက်မှ ၁၅ရက်အထိ ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးစဉ် တောင်ကျ ချောင်းရေများ တိုက်စားမူကြောင့် နယ်စပ် ခြံစည်းရိုးများ ပြိုပျက်သွားခဲ့ခြင်း ဖြစ်သည်။

“အဲဒီတုန်းက မိုးကလည်း တအားရွာတယ်။ နောက် ရေကြီးခဲ့တယ်ဆိုတော့ နယ်စပ်ခြံစည်းရိုး ဒေါက်တိုင်တွေက မခံနိုင်ဘူးလေ။ ဖေါင်ဒီရှင်း တွေလည်း သိပ်မခိုင်ဘူး ဆိုတော့ တာဆည်ထားတဲ့ မြေဘောင်တွေ အကုန်းလုံး ပြိုပျက်သွားတာ ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

မြန်မာ-ဘင်္ဂလာ နယ်စပ်ရှိ မိုင်ပေါင်း ၁၆၈ မိုင်ရှည်လျားသော နယ်စပ်ခြံစည်းရိုး ကာရံမှုကို လွန်ခဲ့သော ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းပိုင်းတွင် စတင်ခဲ့သည်။

အခုအခါ မိုင် ၄၀ အရှည် ခြံစည်းရိုးမှာ ကာရံ ပြီးစီးသွာပြီဟု သိရသည်။ ယခု ပြိုပျက်သွားမူကြောင့် သိန်းပေါင်းများစွာ အကုန်အကျခံပြီး ပြန်လည် ပြုပြင်တည်ဆောက် ရမည်ဟု သိရသည်။

မြန်မာဘက်မှ ကာရံနေသော နယ်စပ်ခြံစည်းရိုးမှာ ဘားဝါယာ နှစ်ထပ်ဖြစ်ပြီး နယ်စပ် ပတ်လမ်း ပါရှိကြောင်း တောင်ပြိုမြို့နယ်ခွဲမှ အရာရှိတဦးက ပြောသည်။ ခြံစည်းရိုး ကာရံမှုကြောင့် မြန်မာနှင့် ဘင်္ဂလာဒေ့ချ် နှစ်နိုင်ငံအကြား တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

http://www.narinjara.com/detailsbur.asp?id=2573

Most read this week