ယူအန် အေဂျင်စီမှ မြန်မာနိုင်ငံကို ဒုက္ခသည်ပင်မ နိုင်ငံတစ်ခု အဖြစ်သတ်မှတ်

ယူအန် အေဂျင်စီမှ မြန်မာနိုင်ငံကို ဒုက္ခသည်ပင်မ နိုင်ငံတစ်ခု အဖြစ်သတ်မှတ်
by -
တာကလူး
UNHCR ခေါ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖွဲ့မှ မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး ထုတ်ပေးသည့် ပင်မနိုင်ငံ တစ်ခု အဖြစ် စာရင်းသွင်း သတ်မှတ်....

UNHCR ခေါ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖွဲ့မှ မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး ထုတ်ပေးသည့် ပင်မနိုင်ငံ တစ်ခု အဖြစ် စာရင်းသွင်း သတ်မှတ်လိုက်သည်။

UHNCR က ၄င်း၏ နောက်ဆုံးထုတ် အစီရင်ခံစာ “2009 Global Trends” ၌ ဒုက္ခသည် အများဆုံးထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံစာရင်းထဲတွင် မြန်မာနိုင်ငံကို ဒုက္ခသည် အရေအတွက် (၄၀၆၇၀၀)နှင့်အတူ နံပါတ် (၅) နေရာ၌ ထည့်သွင်း ဖေါ်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် ဒုက္ခသည် (၂၈၈၇၁၀၀) ဦးနှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ (၁၇၈၅၂၀၀)ဦးနှင့် အီရတ်၊ (၆၇၈၃၀၀)ဦး နှင့် ဆိုမာလီ၊ (၄၅၅၉၀၀)ဦးနှင့် ကွန်ဂို၊ (၄၀၆၇၀၀)ဦးနှင့် မြန်မာ၊ (၃၈၉၈၀၀)ဦးနှင့် ကိုလံဘီယာ၊ (၃၆၈၂၀၀)ဦးနှင့် ဆူဒန်၊ (၃၃၉၃၀၀)ဦးနှင့် ဗီယက်နမ်၊ (၂၀၉၂၀၀)နှင့် အီရီထရီယာ နှင့် (၁၉၅၆၀၀) ဦးနှင့် ဆားဗီးယား နိုင်ငံတို့ကို ဒုက္ခသည်ဦးရေနှင့် အတူ ယှဉ်တွဲပြီး အစီလိုက်သင့် ဖေါ်ပြထားသည်။

“မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလာကြသည့် အသိအမှတ် ပြုခြင်း မခံရသေးသော ရိုဟင်ဂျာ ခေါ် မူဆလင် ဒုက္ခသည် ၂ သိန်းကျော်ကို ထည့်သွင်း လိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် ဒုက္ခသည် အများဆုံး ထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံ စာရင်းတွင် ပါ၀င်လာရခြင်း ဖြစ်သည်” ဟု ၄င်း အစီရင်ခံစာတွင် ရေးသား ဖေါ်ပြသည်။

၄င်းအပြင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ စာရင်းတွင် မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်ကြောင်းလည်း အစီရင်ခံ၌ ဖေါ်ပြထားပြီး၊ အဆိုပါ နိုင်ငံတကာ၌ ခိုလှုံခွင့် လျှောက်ထားသူများ၏ သုံးပုံတပုံခန့်ကို မလေးရှားနိုင်ငံ၌ လက်ခံရရှိခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ဒေသတွင်း သတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာနိုင်ငံ၌ စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် သန်းနှင့်ချီသော နိုင်ငံသားများမှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံလျက် ရှိနေကြပြီး၊ အများစုမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများတွင် ဒုက္ခသည်များ အဖြစ်ခိုလှုံလျက်ရှိကြောင်း သိရှိရသည်

Most read this week