ရွေးကောက်ပွဲ ရန်ပုံငွေအတွက် စစ်အစိုးရမှ ဆိုင်ကယ်လိုင်စင်များ လုပ်ပေး

ရွေးကောက်ပွဲ ရန်ပုံငွေအတွက် စစ်အစိုးရမှ ဆိုင်ကယ်လိုင်စင်များ လုပ်ပေး
ရွေးကောက်ပွဲအတွက် အရေးပေါ်ရံပုံငွေရှာဖွေခြင်းအနေဖြစ် မြန်မာစစ်အစိုးရသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် မော်တော်ယာဉ်လိုင်စင်များ လုပ်ပေးရန် ကြေငြာထား....

ရွေးကောက်ပွဲအတွက် အရေးပေါ်ရံပုံငွေရှာဖွေခြင်းအနေဖြစ် မြန်မာစစ်အစိုးရသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် မော်တော်ယာဉ်လိုင်စင်များ လုပ်ပေးရန် ကြေငြာထားသည်။

မြစ်ကြီးနား မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးတွင် ဖမ်းထားသော လိုင်စင်မဲ့ တရုတ်ဆိုင်ကယ်တချို့။ ဓါတ်ပုံ - ကချင်သတင်းဌာန

ဇူလိုင်လ ၁ ရက်နေ့မတိုင်ခင် လိုင်စင်မဲ့ တရုတ်ဆိုင်ကယ်နှင့် သုံးဘီးကားများကို  လိုင်စင်များ လုပ်ပေးသွားမည်ဟု ယခင် လိုင်စင်လုပ်ပေးသည့်နေရာ မြစ်ကြီးနားမြို့ မိုးလုံလေလုံ အားကစားကွင်းတွင် ကြောငြာစာရွက် ကပ်ထားသည်။

ကြေငြာချက်တွင် ဆိုင်ကယ်တစ်စီးအတွက် လိုင်စင်ပြုလုပ်ခကုန်ကျငွေ ကျပ် ၁၈၀၀၀၀ မှ ၂၅၀၀၀၀ ကြား ဖြစ်ပြီး သုံးဘီးဆိုင်ကယ်တစ်စီးအတွက် ကျပ် ၅ သိန်း မှ ၈ သိန်း ကြား ကုန်ကျရန် ဖော်ပြထားပါသည်။

အခုလို မော်တော်ယာဉ် လိုင်စင်များ အမြန်လုပ်ပေးခြင်းသည် ဒီနှစ်မကုန်မီကျင်းပမည့် ရွေးကောက်ပွဲအတွက် လူထုမဲဆွယ်စည်းရုံးရေးတွင် မရှိမဖြစ်လုပ်အပ်သည့်ရန်ပုံငွေရှာခြင်းဖြစ်သည်ဟု ဒေသခံများပြောပါသည်။

ယခုချိန် ကချင်ပြည်နယ်တွင် တရုတ်ဆိုင်ကယ်အသစ်တစ်စီး၏ ပေါက်စျေး ကျပ် ၄သိန်းကျော်သာရှိနေချိန် လိုင်စင်ပြုလုပ်ခကတော့ ဆိုင်ကယ်တန်ဖိုး၏ ထက်ဝတ်ခန့်ရှိနေသည်။ ထိုနည်းတူ တရုတ် သုံးဘီးဆိုင်ကယ်၏ တန်ဖိုးကလည်း ကျပ် ၁၀သိန်းခန့်သာရှိသည်။

တစ်ချိန်တည်းမှာပင် စစ်အစိုးရမှ CDMA ဖုန်းများကိုလည်း မြစ်ကြီးနားမြို့ရှိ ဆက်သွယ်ရေး (ဆတရ) ရုံးတွင် “ဒီနေ့လျှောက်လျင် ဒီနေ့ရစနစ်” ဖြင့် ကျပ် ၅သိန်းဖြင့် ဝေငှပေးနေပါသည်။

တဖက်တွင်လည်း စစ်အစိုးရမှ ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကလည်း ကချင်ပြည်နယ်၏ အဓိက မြို့များ တွင် CDMA လက်ကိုင်ဖုန်း နှင့် ကြိုးဖုန်းများကို လူထုအား လွယ်လွယ်ချပေးသည့်စနစ်ဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေကြောင်း ဒေသခံများပြောပါသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်တွင် ကျင်းပခဲ့သည့် စစ်အစိုးရ၏ လေးလပတ်အစည်းအဝေး တွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ USDA အနိုင်ရရှိနိုင်ရန် စစ်ဘက် ထိပ်တန်း ခေါင်းဆောင်များ ဝိုင်းဝန်းကူညီပေးဖို့ ညွန်ကြားခဲ့သည်။

သို့သော်လည်း စစ်အစိုးရသည် ကချင်ပြည်နယ်မှရွေးကောက်ပွဲဝင်မည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ကိုတော့ ယခုချိန်ထိ တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ် မပြုသေးပါဘူး။

ပြီးခဲ့သည့် အောက်တိုဘာလ ကလည်းတစ်ကြိမ် မြစ်ကြီးနားတွင် လိုင်စင်မဲ့ တရုတ်ဆိုင်ကယ်များကိုု လိုင်စင်လုပ်ပေးပြီးဖြစ်သည်။ ယခုလို ဆိုင်ကယ်လိုင်စင်များ ပြုလုပ် ပေးသော်လည်း စျေးနှုန်းသက်သာသည့် အစိုးရဓါတ်ဆီ ကိုတော့ ၀ယ်ယူခွင့် မပြုကြောင်းသိရသည်။

သဘာဝသံံဇာတပေါကြွယ်ဝပြီး တရားမဝင် တရုတ်နယ်စပ်ကုန်သွယ်ရေးလည်ပတ်နေသည့် ကချင်ပြည်နယ်သည် နေပြည်တော် စစ်အစိုးရဌာနချုပ်၏ အရေးပေါ်ငွေ လိုအပ်တိုင်း ၀င်ငွေရာဖွေရာ အဓိကနေရာတခုဖြစ်သည်။

http://kachinnews.com/burmese/2010-01-18-05-43-21/155-2010-06-18-12-26-1...

Most read this week