နအဖ ဝန်ကြီး(၂)ဦး ကေအိုင်အိုနှင့် တွေ့ဆုံ

နအဖ ဝန်ကြီး(၂)ဦး ကေအိုင်အိုနှင့် တွေ့ဆုံ
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊  အမှတ်(၁)စက်မှု ဝန်ကြီး ဦးအောင်သောင်း၊ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ ပါဝင် သည့် နအဖ ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့တွင် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံ...

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊  အမှတ်(၁)စက်မှု ဝန်ကြီး ဦးအောင်သောင်း၊ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ ပါဝင် သည့် နအဖ ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့တွင် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။

နအဖကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့ မရောက်လာခင် နံနက်ပိုင်းကတည်းက လုံခြံုရေးအဖြစ် နအဖစစ်သားများ ကား(၃)စီးဖြင့် ကြိုတင်ရောက်ရှိပြီးနောက် နေ့လည်(၁၁)နာရီကျော်တွင် နအဖဝန်ကြီးနှင့် မခပတိုင်းမှူးတို့ လိုက် ပါလာသည့် ကား(၁၂)စီးပါ ယာဉ်တန်းတခု လိုင်ဇာဟော်တည်သို့ ရောက်ရှိလာကာ ကေအိုင်အို ခေါင်းဆောင် များနှင့် တွေ့ဆုံနေသည်ဟု လိုင်ဇာဒေသခံတဦးက ယခုလိုပြောသည်။

“လုံခြံုရေးအနေနဲ့ ကား(၃)စီး၊ စစ်သားတွေချည်း မနက် (၈)နာရီကျော်လောက်ကို ရောက်လာတယ်၊ ခလရ(၁၄ ၂) ကတဲ့။ အယောက်(၁ဝဝ)ဝန်းကျင်လောက်ရှိမယ်။ (၁၁)နာရီ ကျော်ကျော်လောက်မှာ ကားငယ်တွေ ဝင်လာ တယ်၊ အဲဒီမှာ ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့၊ မပခတိုင်းမှူးတို့ ပါလာတယ်၊ လိုင်ဇာ ဟော်တည်မှာ ကေအိုင် အို ခေါင်းဆောင်တွေနဲ့ တွေ့နေကြတယ်။ နေ့လည် (၂)နာရီလောက်ကအထိ ရှိသေးတယ်၊ ဆွေးနွေးနေကြ တုန်းဘဲ။ အဲဒီကနေ ထွက်မလာသေးဘူး။”

ကေအိုင်အိုအဖွဲ့သည် နယ်ခြားစောင့်တပ်အစား  ကချင် လက်နက်ကိုင်တပ်ရင်းများအဖြစ် အသွင်ပြောင်းလို ကြောင်း ကေအိုင်အိုဘက်က တုန့်ပြန်ပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖ အကြား မြစ်ကြီးနားမြို့တွင် တွေ့ ဆုံ ဆွေးနွေးမှုများရှိလာခဲ့ရာမှ ကေအိုင်အို ဌာနချုပ်တွင် လိုင်ဇာတွင် လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်၊

ကေအိုင်အိုအဖွဲ့နှင့် နအဖအကြား ယနေ့တွေ့ဆုံမှုအပေါ် သိရှိရန် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများထံ ဖုန်း ဆက်သွယ်မှု ပြုလုပ်သော်လည်း မရခဲ့ပါ။

http://www.nmg-news.com/nmg/news170610b.html

Most read this week