ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့တွင် သောက်ရေလှူဒါန်းရန် ပြည်သူလူထံ ပြည်ပရောက် အမျိုးသမီးများပန်ကြား

ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့တွင် သောက်ရေလှူဒါန်းရန် ပြည်သူလူထံ ပြည်ပရောက် အမျိုးသမီးများပန်ကြား
by -
အားမီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်ပြည့် မွေးနေ့ကို ရည်စူး၍ ပြည်သူတရပ်လုံးအား သောက်ရေ အလှူ ဒါနပြုရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပန်ကြား...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်ပြည့် မွေးနေ့ကို ရည်စူး၍ ပြည်သူတရပ်လုံးအား သောက်ရေ အလှူ ဒါနပြုရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပန်ကြားလိုက်သည်။

လတ်တလောအခြေအနေတွင် သောက်သုံးရေ အခက်အခဲများနှင့် ကြံုတွေ့နေရသောကြောင့် သောက်ရေ လှူ ဒါန်းရန် တိုက်တွန်း နှိုးဆော်ရခြင်း ဖြစ်ကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ တွဲဖက်အထွေထွေ အ တွင်းရေးမှူး-၂ စောစံငြိမ်းသူ က ယခုလို ပြောသည်။

“အခုလောလောဆယ် အခြေအနေမှာဆိုလို့ရှိရင် ပိုပြီးဆိုးဝါးတာက ရေအငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဟာရှိတယ်၊ဆိုတော့လူထုတွေက လက်ရှိမှာ ရေငတ်ဘေးနဲ့ ပိုပြီးတော့မှ ရင်ဆိုင်နေရတော့ ဒီ ဒေါ် အောင်ဆန်းစုကြည် မွေးနေ့ကာလအတွင်းမှာပဲ ကျရောက်မယ့် ၆၅ နှစ်ပြည့်မှာပဲ ဒီလိုမျိုးရေအငတ် ဘေးနဲ့ လက်ရှိမှာ ရင်ဆိုင် နေရတဲ့ဟာကို အဓိကထားပြီး တော့မှ ကျမတို့ ရေပေးလှူဖို့ဆိုတဲ့ဟာကို တိုက်တွန်းနှိုးဆော်ရတာဖြစ်တယ်။”

ယနေ့မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသဖြင့် အဖက်ဖက်မှ ကျဆင်းပြီး ချွတ်ချံုကျလျှက်ရှိရာ ပြည်သူတရပ်လုံးအနေနှင့်လည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး လက်ရှိတွင် တနိုင်ငံလုံး အတိုင်းတာ ဖြင့် သောက်သုံးရေ အခက်အခဲနှင့် ရင်ဆို်င်နေရသည်ဟု ပန်ကြားလွှာတွင် ပါရှိသည်။

လက်ရှိစစ်အစိုးရအနေနှင့် ပြည်သူလူထု၏ အခက်အခဲများ၊ သောက်သုံးရေပြဿနာများ၊ စားဝတ်နေရေး ပြဿ နာများကို လစ်လျူရှုထားပြီး မိမိတို့အာဏာတည်မြဲရန် စစ်အင်အား တိုးချဲ့ရေးကိုသာအဓိက ဦးတည်ထားပြီး လက်ရှိတွင်လည်း အဏုမြူထုတ်လုပ်မှုပိုင်း ဆိုင်ရေးကိုသာ ဆောင်ရွက်နေကြသည်ဟု ပန်ကြားလွှာတွင် ဖော် ပြထားသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဒေါ်အောင်ဆန်းစုမွေးနေ့ပွဲကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့်အတူ အခြား မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အခမ်းအနား ကျင်းပမည်ဟု စောစံငြိမ်းသူက ယခုလို ဆက်ပြော သည်။

“ဒီဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိုအကြောင်းပြုပြီးတော့မှ ကျမတို့က မွေးနေ့ ကျရောက်မယ့် ဇွန် လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ချက်တွေထုတ်ဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေကို ဟောပြောတဲ့ဟာမျိုးတွေ နောက်ပြီးလို့ရှိရင် စကားပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ ပြီးရင် ဓါတ်ပုံပြပွဲတွေ၊ ဗွီဒီယို မှတ်တမ်း ခွေတွေ ပြတဲ့ဟာမျိုးတွေ စသဖြင့်ပေါ့ ပဟေဠိ  မေးခွန်းတွေမေးတဲ့ဟာမျိုးတွေ အစီစဉ် တွေ အနေနဲ့လုပ်ဖို့ရှိပါတယ်။”

နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နယ်စပ်ဒေသ အသီးသီးနှင့် အ မျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အခြေစိုက်သော ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနို်င်ငံတို့တွင် အထိန်းအမှတ်လှုပ်ရှားမှုများကို ပုံစံအမျိုးမျိုးနှင့် လုပ်ဆောင်သွားရန် စီစဉ်နေသည်ဟု သိရသည်။

မလေးရှားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty Inter -national) ကလည်း ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုပွဲ  ကျင်းပ ပြုလုပ်မည်ဟု သိရသည်။

ယင်းပွဲသို့ မလေးရှားရောက် ခွပ်ဒေါင်းမျိုးဆက်သစ် ညီအစ်ကို အဖွဲ့က ထုတ်သည့် နေ့သစ်ကိုကြိုဆိုကြပါစို့ စီးရီးတွင် ပါ၀င်သည့် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့ ဂုဏ်ပြု သီချင်း ၂ ပုဒ်နှင့် အခြားသီချင်းများကို မျိုး ဆက်သစ်အဆိုတော် ထက်ရှိုင်းအောင်က ရောက်ဖျော်ဖြေဂုဏ်ပြုပေးမည်ဟုလည်း သတင်းရရှိသည်။

Most read this week