စစ်တပ်မှ အခွန်ငွေများ အဓမ္မကောက်ခံသဖြင့် ဗိုလ်ချုပ်မှူးကြီးထံ တိုင်စာပို့

စစ်တပ်မှ အခွန်ငွေများ အဓမ္မကောက်ခံသဖြင့် ဗိုလ်ချုပ်မှူးကြီးထံ တိုင်စာပို့
by -
အားမီ
ကရင်ပြည်နယ်အတွင်း စစ်တပ်မှ အခွန်ငွေများ ကောက်ခံနေမှုကို ကုန်သည်၊ ကားပိုင်ရှင်များနှင့် ငြိမ်းချမ်းရေး အ ဖွဲ့အစည်းဝင်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူ၍ တိုင်ကြား...

ကရင်ပြည်နယ်အတွင်း စစ်တပ်မှ အခွန်ငွေများ ကောက်ခံနေမှုကို ကုန်သည်၊ ကားပိုင်ရှင်များနှင့် ငြိမ်းချမ်းရေး အ ဖွဲ့အစည်းဝင်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူ၍ တိုင်ကြားလိုက်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ သင်္ကန်းညီနောင် ဌာနဆို်င်ရာဂိတ် အနီး ကိုက် ၁၀၀ အကွာတွင် ၃၅၃ ဗျူဟာမှူး၏ ညွှန်ကြားချက်ဖြင့် စစ်တပ်မှ အရာရှိများမှ တရားမဝင် အခွန်ငွေများ ကောက်ခံ လျှက်ကြောင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ်တို်င်းမှူးထံ  ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့စွဲဖြင့် တိုင်ကြားလွှာ တစောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ရေးဇုံ ရှောင်ကွင်းလမ်းမှလာသော မော်တော်ယာဉ်များအား တရားမဝင် အခွန်ငွေများကို ကောက်ခံပြီး ကိုယ်ကျိုးအဖြစ် သုံးစွဲနေသည်ဟု ကုန်သည်၊ ကားပိုင်ရှင်များနှင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များမှ တိုင်ကြားထားသည် ဟု မြဝတီ မြို့ခံ တဦးက ပြောသည်။

“မကျေနပ်တဲ့သူတွေ အများကြီးရှိတယ်။ အတိအကျတော့ မပြောတတ်သေးဘူး။ ကုန်သည်တွေက စာ တင်တာပေ့ါ။ အခွန်ကောက်တာများတယ်လေ။ ကားတစ်စီးကို ဘယ်လောက် ဘယ်လောက် ဆိုပြီး တောင်းတယ်လေ။ အဲတာတချို့ကုန်သည်တွေကမကိုက်ဖူးပေ့ါ။အောက်မှာပစ္စည်းရောင်းရတာ မကိုက် တော့ သူတို့ ဆိုင်ရာပိုင်ရာကို တိုင်တယ်။”

ကောက်ခံသောအခွန်ငွေများနှင့် ပက်သက်၍ မြဝတီ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“၁၂ဘီး ဒါမှမဟုတ်ရင် ၁၀ ဘီးကား နှစ်သိန်းခွဲ၊ မှန်လုံးအသေး ၅ သောင်း၊ မှန်လုံ ၆ ဘီး တစ်သိန်းမှ တစ်သိန်း ငါးသောင်း၊ ဟိုင်းလပ် သုံးသောင်း၊ W ကားက တစ်သိန်း၊ ဝပ်သောက် ကပ်(လိုင်စင်မဲ့)ချိန်း ကပ်ခွာက တရက် တရက်ကို ၃၀ ကနေ ၄၀ ရှိတယ်၊ တစင်းကို တသိန်း ကနေ နှစ်သိန်း ထိပေးရ တယ်။”

စစ်တပ်ဂိတ်မှာ ဌာနဆိုင်ရာစုပေါင်းဂိတ်ကို အနီးတွင်ကပ်လျက် တရားမဝင် ငွေကောက်ခံခြင်း ဖြစ်သည်ဟု  ယင်း ဒေသခံမှ ပြောသည်။

“အဖွဲ့စုံဂိတ်ရှိ်လည်း ဒီတိုင်းရပ်ကြည့်နေရတာ။ အဲ့ဒီဂိတ်တွေမှာဆိုရင် စသုံးလုံးတို့ အဖွဲ့စုံ အားလုံး ရှိတယ်။  ဒီတိုင်းပဲထိုင်ကြည့်နေကြတာပေါ့နော်။ အဖွဲ့စုံဂိတ်က သင်္ကန်း ညီနောင်မှာ ဖွင့်ထားတာ လေ။”

ကုန်သည်များမှာ ဂိတ်ဖွင့်ထားသော သင်္ကန်းညီနောင်ဂိတ်မှမသွားပဲ ရှောင်ကွင်းလမ်းမှ သွားကြကြောင်း၊ ကား ထဲတွင် စက်ဘီးများ၊ ကပ်ခွာချိန်းကားများ၊ အစိုးရ ကန့်သတ် ပစ္စည်းများ၊ အခွန်မဲ့ ပစ္စည်းများ တင်ဆောင်ခြင်း အပေါ် အခွင့်ကောင်းယူ၍ ယခုကဲ့သို့ တရားမဝင်အခွန်ငွေများကို ၎င်းတို့၏ကိုယ်ကျိုးအတွက် အဓမ္မကောက် ခံဖြစ်သည်ဟု ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု မရှိပဲ၊ လိုက်နာမှုမရှိပဲ လမ်းဖြတ်သန်းခများကောက်ခံနေသည့်စခန်းများကို ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းမ ကြီးဆိုင်ရာ နည်းဥပဒေများအတိုင်း အရေးယူမည်ဖြစ်ကြောင်း သတိပေးညွှန်ကြား ချက်များထုတ်ပြန် ထားသည် ဟု ယခုလထုတ် ပြည်တွင်းဂျာနယ် တစ်စောင်ဖြစ် သည့် Eleven ဂျာနယ်တွင်ဖော်ပြ ပါရှိသည်။

http://www.nmg-news.com/nmg/news160610.html

Most read this week