မြစ်ဆုံလုပ်ကွက်အနီးရှိ အိမ်များပြောင်းရွှေ့ပြီးနောက် ရွှေတူးဖော်ရေး လုပ်ငန်းစတင်

မြစ်ဆုံလုပ်ကွက်အနီးရှိ အိမ်များပြောင်းရွှေ့ပြီးနောက် ရွှေတူးဖော်ရေး လုပ်ငန်းစတင်
ကချင်ပြည်နယ် ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့လိုက်ရသည့် ကျေးရွာများတွင် ဇွန် လဆန်းပိုင်းမှစ၍ ရွှေတူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်....

ကချင်ပြည်နယ် ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့လိုက်ရသည့် ကျေးရွာများတွင် ဇွန် လဆန်းပိုင်းမှစ၍ ရွှေတူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင် နေပြီဖြစ်သည်။

မြစ်ဆုံအနီးတွင်အခြေစိုက်သည့် လဝါယန်ဌာနေပြည်သူ့စစ်အဖွဲ့ ဦးလဆန်အောင်ဝါမှ မေ ၂၈ရက်နေ့က ပြောင်းရွှေ့လိုက်ရသည့် မဇွပ်ရွာ နှင့် တန်ဖရဲ မြစ်ဆုံ အပန်းဖြေ စခန်း ပတ်ဝန်းကျင်တွင် ရွှေစတင်တူးဖော် နေသည်။

“ရွာသားတွေတောင်မှ သူတို့ အိမ်ပြောင်းရွှေ့လို့မပြီးသေးဘူး ရွှေတူးနေကြတယ်” ဟု ဒေသခံမှ ဆရာတစ်ဦးပြောသည်။

ဦးဇခုန်တိန့်ယိန်း (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် - NDA-K အဖွဲ့ ဥက္ကဌ) နှင့် ဦးလဆန်အောင်ဝါ (ယခင် လဆန်အောင်ဝါငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်) တို့သည် မိခင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ခွဲထွက်ခဲ့ပြီး ၂၀၀၉ နှစ်ကုန်ပိုင်းတွင် မြန်မာတပ်မတော် လက်အောက်ခံတပ်များအဖြင့် အသွင်ပြောင်းဖွဲ့စည်းခဲ့ သည်။

ရေကာတာစီမံကိန်းကြောင့် ရေလွမ်းမိုးနိုင်သည့် ရပ်ရွာများတွင် “လဆန်အောင်ဝါက လုပ်ကွက်ဆွဲပြီး ရွှေတူးဖို့ နေရာအားလုံးချလိုက်ပြီ” ဟု အထက်က ဆရာမှ ဆက်ပြောသည်။

ဦးလဆန်အောင်ဝါမှ ဆက်လက်ပြီး တန်ဖရဲကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းဝင်း တွေမှာလည်း လုပ်ကွက်လျှောက်ထားကြောင်း ဒေသခံတွေမှ သိရသည်။

မြစ်ဆုံရေကာတာဆောက်လုပ်ခြင်းမပြုမီ ၎င်းနေရာတွင် ရွှေတူးဖော်ရန်  ဦးဇခုံတိန့်ယိန်း၊ ဦးလဆန်အောင်ဝါ တို့ နှစ်ဦးကို မြန်မာစစ်အစိုးရမှ အထူးအခွင့်ရေး ပေးထား ပါသည်။

ကချင်လူထုကတော့ ၎င်းတို့ခေါင်းဆောင်နှစ်ဦးအား “ကိုယ့်လူမျိုးများ၏အခက်ခဲ ဒုက္ခကိုမကြည့်ပဲ မိမိကိုယ်ကျိုးစီးပွါးရှာသူများအဖြစ်” ဝေဖန်သတ်မှတ်ထားပါသည်။

ဝိုင်းမော်မြို့နယ််ဘက် မေခမြစ်ကမ်းနား ဗန်ဗိန်ကျေးရွာတွင်လည်း ဦးဇခုန်တိန့်ယိန်း မိသားစုပိုင် ကုမ္ပဏီမှ ရွှေတူးဖော်နေကြောင်း သိရသည်။

http://kachinnews.com/burmese/2010-01-18-05-43-21/153-2010-06-15-11-57-5...

Most read this week