ဗန်းမော်မြို့မှာ ကမ္ဘာ့ဖလား ဘော့လုံးလောင်းကစားပွဲ သောင်းကျန်း

ဗန်းမော်မြို့မှာ ကမ္ဘာ့ဖလား ဘော့လုံးလောင်းကစားပွဲ သောင်းကျန်း
ယခုလ(၁၁)ရက်နေ့က တောင်အာဖရိကနိုင်ငံတွင် စတင်ကျင်းပနေသည့် ကမ္ဘာ့ဖလား ဘော့လုံးပွဲများအပေါ်  ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အလောင်းအစား လုပ်သည့် ဒိုင်များ၊ လောင်းကစားသူများ ပေါများ....

ယခုလ(၁၁)ရက်နေ့က တောင်အာဖရိကနိုင်ငံတွင် စတင်ကျင်းပနေသည့် ကမ္ဘာ့ဖလား ဘော့လုံးပွဲများအပေါ်  ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အလောင်းအစား လုပ်သည့် ဒိုင်များ၊ လောင်းကစားသူများ ပေါများလာနေသည်။

ယခင် ဥရောပကလပ်အသင်းများ၏ ဘော့လုံးပွဲများကို ပြသပြီးလောင်းကစားဒိုင်ဖွင့်ထားသည့် ဘော့လုံးပွဲရုံ များက အဓိက ပြုလုပ်နေပြီး အချင်းချင်းကြား လောင်းကြေးထပ် အလောင်းအစား ပြုလုပ်နေသည်ကို တွေ့ရ ကြောင်း ဗန်းမော်ဒေသခံတဦးက ပြောသည်။

“မြန်မာ့အသံကလည်း ပြတယ်ဆိုတော့ အရင် ဥရောပကလပ်ပွဲတွေလို ရုံသွားပြီး ကြည့်စရာ မလို တော့တာလည်းပါတယ်။ အိမ်မှာကြည့်ရင်းနဲ့လည်း ဖုန်းဆက်ပြီး လောင်းလို့ ရတာလည်း ပါတယ်။ ဒါ ကြောင့် အရင်ကထက် ပိုပြီးလောင်းကြတယ်။ ဒိုင်ဆီမှာ သွားလောင်းမှ မဟုတ်ဘူး၊ ကိုယ့်အချင်းချင်း ကြားလည်း လောင်းနေ တာဘဲ၊ ဒိုင်တွေကတော့ လောင်းကြေးသိန်းရာချီ ကိုင်တယ်၊ မနိုင်ရင် ရန်ကုန်၊ မန္တလေးအထိ တင်တယ်။”

ဗန်းမော်မြို့နယ်ရှိ အာဏာပိုင်များထံ လာဘ်ငွေထိုးပြီးဖွင့်ထားသည့်ဘော့လုံးဒိုင်များတွင် လောင်းကစားလုပ်ငန်း မှာ ပေါ်ပေါ်ထင်ထင် ဖြစ်နေကြောင်း အဆိုပါ ဗန်းမော် ဒေသခံက ပြောသည်။

အခြားဗန်းမော် ဒေသခံတဦးက “အခုက ချဲလို၊ နှစ်လုံးထီလို မဟုတ်ဘူးလေ။ အဲဒါကို လောင်းလိုက်ရတာ ကိုဘဲ ဥပဒေနဲ့လွတ်ကင်းသလို စိတ်ကခံစားနေကြတာ။ ကမ္ဘာ့ဖလား ဘော့လုံးပွဲကြည့်ရင်းလောင်း တယ်ဆိုတော့ လောင်းကစားနဲ့မပတ်သက်တဲ့သူတွေပါ ပါလာတယ်။ အပျော်သဘော ဝင်လောင်းတာ ပေါ့။ ညနေ (၅)နာရီကျော်ကစပြီး ဘောလုံးပွဲ ကြည့်လို့ ရမယ့်အိမ်တွေကို ထွက်ကြတယ်။ အချို့ လည်း ကိုယ့်အိမ်မှာတိဗွီရှိရင်  ပြန်လာကြည့်တယ်။ လူတွေအတော်များများက ဘောလုံးမှ ဘောလုံး ဖြစ်နေကြတာ။” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ချဲ၊ နှစ်လုံးထီနှင့်ဘော့လုံးလောင်းကစားမှုများကို အာဏာပိုင်များက လာဘ်ငွေယူ၍ ခွင့်ပြုချက် ဖြင့် နေရာအနှံ့အပြားတွင်ပြုလုပ်နေကြပြီး တခါတရံ မှသာ အဖမ်းအဆီးလုပ်လေ့ရှိသည်။

http://www.nmg-news.com/nmg/news150610.html

Most read this week