ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးမှ ဆံတော်ရှင် စေတီတော် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ကူညီ လုပ်ဆောင်မည်

ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးမှ ဆံတော်ရှင် စေတီတော် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ကူညီ လုပ်ဆောင်မည်
by -
မိညို


ကမ်းရိုးတန်း ဒေသ ဖွံ့ဖြိုးရေး အဖွဲ့အစည်း Coastline Development Sociality (CDS) မှ ရခိုင်ပြည် အတွင်း ဖရုံကာကျွန်းရှိ ဆံတော်ရှင် စေတီတော်နှင့် စောမဲကျီ ကျေးရွာကို လျှပ်စစ်မီး ထွန်းလင်းရေး အတွက် ကူညီ ဆောင်ရွက်မူများ ပြုလုပ်သွားမည် ဟု သတင်း ရရှိ...

ကမ်းရိုးတန်း ဒေသ ဖွံ့ဖြိုးရေး အဖွဲ့အစည်း Coastline Development Sociality (CDS) မှ ရခိုင်ပြည် အတွင်း ဖရုံကာကျွန်းရှိ ဆံတော်ရှင် စေတီတော်နှင့် စောမဲကျီ ကျေးရွာကို လျှပ်စစ်မီး ထွန်းလင်းရေး အတွက် ကူညီ ဆောင်ရွက်မူများ ပြုလုပ်သွားမည် ဟု သတင်း ရရှိသည်။

ရန်ကုန်မြို့ ရွှေတိဂုံ ရင်ပြင်ပေါ်ရှိ ရခိုင် တန်ဆောင်းတွင် ပြုလုပ်သော အဆိုပါ အဖွဲ့၏ အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့ဝင် လူငယ် တဦးမှ နိရဥ္စရာသို့ ပြောသည်။

“အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ တည်ရှိတဲ့ ဘာသာရေး သာသာနာရေး အတွက် အဓိက လိုအပ်ချက်တွေကို စတင် ဖြည့်ဆည်း ဆောင်ရွက်ကြမယ် ဆိုပီး စဉ်စား ခဲ့ကြတဲ့ အခါ အားလုံးက ပထမ ဦးစားပေး အနေနဲ့ ဆံတော်ရှင် စေတီနဲ့ စောမဲကျီ ကျေးရွာကို လျှပ်စစ်မီး ထွန်းလင်းရေး အတွက် အကူအညီပေးဖို့ သဘောတူကြပါတယ်။ ဒါကြောင့် စေတီတော် ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။”

ကမ်းရိုးတန်း ဒေသဖွံ့ဖြိုးရေး အဖွဲ့အစည်းကို ရခိုင်ဒေသ အတွက် လိုအပ်နေသော လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးရန် ရည်ရွယ်ချက်ဖြင့် ရခိုင်လူငယ် များက ရန်ကုန်တွင် ဖွဲ့စည်းခဲ့ကြသည်။

sandaw-shin

ယခုအခါ အဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိပြီး တဦးလျှင် လစဉ်ကြေး ကျပ်ငွေ ၁၀၀၀ စီ ထည့်ဝင်ရသည်ဟု သိရသည်။ အဓိက အဖွဲ့ဝင်များမှာ ကျောင်းသားနှင့် လူငယ်များ ဖြစ်ကြသည်။

အသင်း ဖွဲ့စည်းခဲ့သည်မှာ ၅ လခန့်သာ ရှိသေးပြီး ပထမအကြိမ် အဖွဲ့၏ အစည်းအဝေးတွင် ရှေ့ဟောင်း သမိုင်းဝင် ဆံတော်ရှင် စေတီတော်အား ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရန် ဆွေးနွေး ဆုံးဖြတ် ခဲ့ကြသည်။

ဆံတော်ရှင်စေတီမှာ ပေါက်တောမြို့နယ် အတွင်းရှိ ဖရုံကာ သုံးကျွန်း အနက် အနောက် ဖရုံကာကျွန်းတွင် တည်ရှိပြီး ဘုရားရှင် လက်ထက်တော် ကတည်းက ဘုရားရှင်၏ ဆံတော်အား ဌာပနာ ထားကာ တည်ဆောက်ခဲ့သော စေတီဖြစ်ကြောင်း သမိုင်းမှတ်တမ်း မှတ်ရာအရ သိရသည်။

Most read this week