ကချင်ပါတီအား တရားဝင်လက်ခံရေး ဆုတောင်းပွဲပြုလုပ်

ကချင်ပါတီအား တရားဝင်လက်ခံရေး ဆုတောင်းပွဲပြုလုပ်
မြန်မာစစ်အစိုးရ ယခုနှစ်မကုန်မီပြုလုပ်မည့်၂၀၁၀ ရွေးကောက်ပွဲ တွင် ကချင်ပါတီတခုအနေ ဖြင့်ပါ၀င် ယှဉ်ပြိုင်ခွင့်ရရှိ ရေးအတွက် ဇွန် ၅ရက်နေ ့က အထူးဆုတောင်းပွဲ ပြုလုပ်...

မြန်မာစစ်အစိုးရ ယခုနှစ်မကုန်မီပြုလုပ်မည့်၂၀၁၀ ရွေးကောက်ပွဲ တွင် ကချင်ပါတီတခုအနေ ဖြင့်ပါ၀င် ယှဉ်ပြိုင်ခွင့်ရရှိ ရေးအတွက် ဇွန် ၅ရက်နေ ့က အထူးဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား၊ မြို့သစ်ရပ်ကွက်၌ ရှိသော ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ဗဟိုရုံးချူပ်တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီအဖွဲ့ (Myitkyina Christian Council) နှင့် အထူး ဆုတောင်းပွဲကျင်းပပြုလုပ်ခဲ့သည်ဟု ဒေသခံများ ကချင်သတင်းဌာနသို့ ပြောသည်။

KSPP သည် ဧပြီလဆန်းပိုင်း တွင် နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ပါတီမှတ်ပုံ တင်ထားပြီးဖြစ်သည်။

ယနေ့အထိ နှိင်ငံရေးပါတီတည်ထောင်ခွင့်နှင့်ဆက်လက်တည်ထောင် ခွင့်လျှောက်ထားသည့် ပါတီ (၄၂) ပါတီရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၃၁)ပါတီ အနက် (24)ပါတီ ကို မှတ်ပုံတင်ခွင့်ပြုကြောင်း နှင့် ကျန်လျှောက်ထားသည့်ပါတီများကို စီစစ်ဆောင်ရွက် လျက်ရှိနေကြောင်း ဇွန်လ ၅ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းတွင်ကြေငြာထားပါသည်။

KSPP ဗဟိုရုံး၊ မြစ်ကြီးနားမြို့

တခြားကချင်ပါတီများဖြစ်ကြသည့် ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ-ကချင် (NSPP) နှင့် စုပေါင်းဒီမိုကရေစီပါတီ-ကချင် တို့အား တရားဝင်ပါတီများအဖြစ် ယနေ ့အထိ ပါတီတည်ထောင်ခွင့် မချပေးသေးပေ။

ယခုချိန်ထိ KSPP ပါတီကို စစ်အစိုးရမှ လက်မခံသေးသော်လည်း ယခင် ကချင်လွတ်မြောက်ရေးအဖွဲ့ ဒု-ဥက္ကဌ အဆင့် ၂ဥက္ကဌဟောင်း ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ သည် ပါတီတရားဝင်ဖြစ်လာရေးကိစ္စပေါ် အကောင်းဘက်က မြင်နေဆဲဖြစ်ကြောင်းသိရပါသည်။

ကချင်ပြည်နယ်တွင် KSPP ပါတီ၏ ရွေးကောက်ပွဲ လူထုုစည်းရုံးရေးများ လုံးဝရပ်ဆိုင်းသွားသည်မှာ တစ်လကျော် ရှိသွားပြီဖြစ်သည်။

စစ်အစိုးရမှ KSPP အား အခုချိန်ထိ တရားဝင်လက်ခံခြင်း မရှိသည့်အဓိကအကြောင်းရင်းကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရလိုလားသည့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) ကို လက်မခံသည့်အတွက်ဖြစ်သည်။

Most read this week