အဖမ်းခံရသော KIO လူငယ် တူးရိန် ပြန်လွှတ်လာ

အဖမ်းခံရသော KIO လူငယ် တူးရိန် ပြန်လွှတ်လာ
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ နအဖအစိုးရမှ မသင်္ကာသူဟု ယူဆရသော KIO လူငယ် မရစ်တူးရိန် ကို ပြီးခဲ့သည့် မေလ၂၈ ရက် နေ့တွင် ပြန်လွှတ်...

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ နအဖအစိုးရမှ မသင်္ကာသူဟု ယူဆရသော KIO လူငယ် မရစ်တူးရိန် ကို ပြီးခဲ့သည့် မေလ၂၈ ရက် နေ့တွင် ပြန်လွှတ်လိုက်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၁)ရဲစခန်းတွင် ၁လခန့်် ဖမ်းဆီးချူပ်နှေင်ထားပြီး စစ်ဆေးချက်အရ အပြစ်မရှိ၍ ပြန်လွှတ်လိုက်ခြင်းဖြစ်သည်ဟု သူနဲ့နီးစပ်သူ တစ်ဦးမှ ပြောသည်။

လူငယ် မရစ်တူးရိန် အား ရဲများက မေ ၁ရက်နေ့ တွင် အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

တူးရိန် သည် ကချင်လွတ်မြောက်အဖွဲ့ (KIO) အောက် လူငယ်အင်အားစုဖြစ်သည့် EEDY (Education and Economic Development for Youth) ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

06310-police-one

KIO လူငယ်များကို ဖမ်းချုပ်ထားတဲ့ အမှတ် ၁ ရဲစခန်း၊ မြစ်ကြီးနားမြို့။ ဓါတ်ပုံ - ကချင်သတင်းဌာန

မြစ်ဆုံဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးနေချိန်တွင် သူနှင့်အတူ တခြား EEDY လူငယ်များကိုလည်း မြစ်ကြီးနားတွင် ပိုက်စစ်တိုက်လိုက်လံဖမ်းဆီးနေပါသည်။

ဖားကန့် ကျောင်စိမ်းနယ်မြေမှ EEDY ခေါင်းဆောင်အဆင့်ရှိသူ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာတဦးဖြစ် သည့် ထီန ကိုလည်း မြန်မာစစ်ထောက်လှမ်းရေးများက မေ ၁၄ ရက်နေ ့က ဖားကန့်မှ မြစ်ကြီးနားသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပြီခဲ့သည့် မေလ၂၃ ရက်နေ့ က မြစ်ကြီးနာမြို့ စီတာပူရပ်ကွက် တွင် EEDY လူငယ် ၆၀ ကျော်ကို ဖမ်းဆီးပြီး ၎င်းတို့ကို အခုချိန်ထိ အမှတ် ၁ ရဲစခန်းတွင် ဖမ်းချုပ်ထား ပါသည်။

ယခုချိန်အထိ အဖမ်းခံရသော KIO လူငယ်တချို့ကိုသာ အာဏာပိုင်များ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးပြီး အများစုကတော့ ချုပ်နှောင်ခံရဆဲ ဖြစ်ကြောင်းသိရှိရသည်။

Most read this week