မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး ဧရိယာအတွင်းရှိ ရပ်ရွာများကို ထပ်မံပြောင်းရွှေ့နေ

မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး ဧရိယာအတွင်းရှိ ရပ်ရွာများကို ထပ်မံပြောင်းရွှေ့နေ
ကချင်ပြည်နယ်၊ မေခ-မလိခ မြစ်ဆုံရေကာတာတည်ဆောက်ရေး လုပ်ကွက်အနီးရှိ ကျေးရွာ ၄၇ရွာများမှ ရွာသုံးရွာကို ထပ်မံပြောင်းရွှေ့နေသည်။ ...

ကချင်ပြည်နယ်၊ မေခ-မလိခ မြစ်ဆုံရေကာတာတည်ဆောက်ရေး လုပ်ကွက်အနီးရှိ ကျေးရွာ ၄၇ရွာများမှ ရွာသုံးရွာကို ထပ်မံပြောင်းရွှေ့နေသည်။

မေ၂၈ရက်နေ့ တစ်ရွာလုံးအပြီးပြောင်းရွှေ့ခံရသည့် မဇွပ်ကျေးရွာပြောင်းရွှေ့ပြီးနောက် ဒေါင်ပန်၊ ခမ်းပူ၊ လဖဲ့ ရွာတို့လည်း နောက်ထပ်ပြန်လည် ပြောင်းရွှေ့နေကြသည်။ “ကျွှန်တော်တို့ကို အစိုးရက အိုးမဲ့အိမ်မဲ့ဖြစ်အောင် လုပ်နေတာ” ဟု ဒေသခံ တစ်ဦးမှပြောသည်။

၎င်းရွာများတွင် တစ်ရွာလျှင် အိမ်ခြေပေါင်း ရ၀ကျော်ရှိပြီး ကချင်လူမျိူးများသာနေထိုင်သောကျေးရွာဖြစ်သည်။
အေးရှားဝေါလ်မှ တည်ဆောက်ပေးသော အိမ်ခြံမြေများသည် ၉ပေပတ်လည်သာရှိသည့် ဧည့်ခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းသာပါရှိသည်။

မြစ်ကြီးနားအထက် ၁၈မိုင် အကွာ လုံဂါဇွပ်ရွာတွင်  ပြောင်းရွှေ့လာသည့် ရွာသားများကို အေးရှားဝေါလ် ကုမ္ပဏီမှ အခမဲ့ထမင်း၅ရက် ကြွေးကာ နောက်ထပ် ဆန်ထုတ်ပေးရန်အစီအစဉ်များရှိသည် ဟုဒေသခံများမှသိရသည်။

mazup-mare-htawt-sit-ai-lam

မေလ ၂၈ ရက်နေ့က မဇပ်ရွာသားများကို ရွာ၏တောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ စစ်အစိုးရစီစဉ်ထားသော လုန်ဂါဇွပ် ရွာသစ်ဆီသို့ အာဏာပိုင်များ အဓ္ဓမရွှေ့ပြောင်းပေးနေစဉ်။ ဓါတ်ပုံ - ကချင်သတင်းဌာန

ယင်းသို့အိမ်ပြောင်းရွှေ့ရေးတွင် စစ်အစိုးရမှ လျှောကြေးများမပေးသည့်အပြင် တန်ဖိုးနည်းသည့်အိမ်ယာများသာ ဆောက်လုပ်ပေးနေကြောင်းဒေသခံများပြောသည်။ “ရပ်ရွာအေးချမ်းသာယာရေးလို့သာ ပြောနေကြတာ ပြည်သူလူထုကို ဘာမှမလုပ်ပေးတဲ့အပြင် လူ့အခွင့်အရးကို ချိုးဖောက်နေတယ်” ဟု ၎င်းမှ ဆက်ပြောသည်။

အခုလိုပြောင်းရွှေ့ရေးအား မြန်မာစစ်အစိုးရ၏ ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကော်စီ (ပယက)မှ မေ (၁)ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ရေကာတာစီမံကိန်း ဧရိယာအတွင်းရှိသည့် ကချင်ရပ်ရွာများကို ပြောင်းရွှေ့ရေး အမိန့်စာကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

မကြာသေးမီကလည်း ပူတာအိုမြို့နယ်၊ မချမ်းပေါ်မြို့ ဒိန်ဖန်ကျေးရွာတွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် မလိခမြစ်၏ အရှေ့အနောက်ရှိ ရွာ၈ရွာကို အစိုးရမှ အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေသည်။ ချီဖွေမြို့နယ် မေခမြစ်တွင်လည်း ထိုနည်းတူ ရေအားလျှပ်စစ်စီမံကိန်းများ ပြုလုပ်နေသည်။

ဗန်းမော်မြို့နယ် တာပိန်မြစ်တွင်လည်း ပြီးခဲ့သည့် ၂၀၀၈ခုနှစ်မှ ရေကာတာနှစ်ခု တပြိုင်တည်း တည်ဆောက်လာသည့်အတွက် ဒေသခံများ၏ တောင်ယာ၊ လယ်ယာမြေများ များပြားစွာဆုံးရှုံးခဲ့ရသည်။

ယခုချိန် ကချင်ပြည်နယ်တွင် ရေကာတာ စီမံကိန်း ၉ ခုကို တရုတ်အစိုးရကပြုလုပ်နေပြီး ယင်းစီမံကိန်းများမှ ထွက်လာမည့် လျှပ်စစ်မီး အများစုကို တရုတ်ပြည်သို့ရောင်းချရန်ဖြစ်သည်။

မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်ပေးရန် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG)မှ တရုတ်သမ္မတကြီး ဟူကျင်တောင်ကို မေလ ၂၇ ရက်က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုခဲ့ပြီးနောက် စစ်အစိုးရက မြစ်ဆုံဒေသခံရွာများ ပြောင်းရွှေ့ခြင်းကို ချက်ချင်းပြုလုပ်လာပါသည်။

Most read this week