စစ်တွေမှ လူငယ်တဦး မြောက်ဦး ဘုရားပွဲတွင် ရေနစ်သေဆုံး

စစ်တွေမှ လူငယ်တဦး မြောက်ဦး ဘုရားပွဲတွင် ရေနစ်သေဆုံး
by -
စံလင်း
ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားပွဲတော် အတွင်း ကျင်းပပြုလုပ်နေသော ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) တွင် စစ်တွေမှ လူငယ်တဦး မေလ ၂၉ ရက်နေ့က ရေနစ် သေဆုံး သွားသည်ဟု သိရ ...

ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားပွဲတော် အတွင်း ကျင်းပပြုလုပ်နေသော ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) တွင် စစ်တွေမှ လူငယ်တဦး မေလ ၂၉ ရက်နေ့က ရေနစ် သေဆုံး သွားသည်ဟု သိရသည်။

သေဆုံးသူမှာ စစ်တွေမြို့ ကောလိပ်ကျောင်း နောက်လမ်းနေ အသက် ၂၄ နှစ် မောင်ထွန်းလှိုင် ဖြစ်သည်။

သေဆုံးသူ မောင်ထွန်းလှိုင်နှင့် သူငယ်ချင်းတစုမှာ အရက်သေစာ အလွန်အကျွံ သောက်စားပြီး လှေပြိုင်ပွဲ ပြုလုပ်နေစဉ် မြောက်ဦးချောင်းထဲ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခြင်း ဖြစ်သည်။ သေဆုံးသူ မောင်ထွန်းလှိုင်၏ အလောင်းကို မြောက်ဦးမှ စစ်တွေသို့ ယူဆောင်လာပြီး စစ်တွေတွင် သဂြိုလ်ခဲ့သည်ဟု ဆွေမျိုး တဦးက ပြောသည်။

"အခု စစ်တွေမှာ ယောကျင်္ားလေးတွေ အရက်မသောက်တဲ့သူ တော်တော် ရှားပါတယ်။ အလုပ်အကိုင် မရှိဘူး။ ဘဝ အဆင်မပြေတော့ ကွမ်းစားမယ်၊ အရက်သောက်မယ်။ အဲဒါ သူတို့အလုပ် "ဟု စစ်တွေမှ အမျိုးသမီး တဦးက ပြော သည်။

ရခိုင်ပြည်နယ်တွင် အရက်ကြောင်း မလိုလားအပ်သော ပြသာနာများ၊ ဆုံးရှုံမှုများ၊ ဝမ်းနည်း ဖွယ်ရာ အဖြစ်ဆိုးများ နေ့စဉ်နှင့် အမျှ ကြံုတွေ့နေကြရကြောင်း သူမက ဆက်ပြောသည်။

မြောက်ဦးမြို့ ရှစ်သောင်း အပါအဝင် ဘုရားပွဲတော်ကို မေလ၂၇ ရက်နေ့က စတင် ကျင်းပပြုလုပ်နေပြီး မေလ ၃၁ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

စီးပွားရေး အဆင်မပြေမူ အပါအဝင် အစစ်အဆေးများပြီီး မိုးပါ ရွာနေသဖြင့် ဘုရားပွဲတော်မှာ ယခင်နှစ်များကကဲ့သို့ စည်ကားခြင်း မရှိကြောင်း သိရသည်။

Mrauk-U-Rowing-Boat-Racemrauk-u--Rowing-Boat-Race-2

Most read this week