ကချင်လူငယ် ခေါင်းဆောင် တစ်ဦးပြန်လွှတ်

ကချင်လူငယ် ခေါင်းဆောင် တစ်ဦးပြန်လွှတ်
မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နအဖစစ်အစိုးရ ဖမ်းဆီးထားသည့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)မှ လူငယ် ခေါင်းဆောင် ဦးဂမ်အောင်ကို  ယခုပတ်အစောပိုင်းက ပြန်လွှတ်ပေး....

မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နအဖစစ်အစိုးရ ဖမ်းဆီးထားသည့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)မှ လူငယ် ခေါင်းဆောင် ဦးဂမ်အောင်ကို  ယခုပတ်အစောပိုင်းက ပြန်လွှတ်ပေးလိုက်သည်။

၎င်းကို မေ၂၃ ရက် ညသန်းခေါင်ချိန်တွင် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့  ဖမ်းဆီးခေါ်ဆောင်သွားပြီး မေ၂၄ ရက် ည သန်းခေါင် အချိန်၌ ပြန်လွှတ်လိုက်သည်။

ဖမ်းဆီးခံရသူများကို ရဲအရာရှိများက မြစ်ဆုံရေကာတာတွင် ဗုံးပေါက်ကွဲမှု၊ ရေကာတာဆောက်လုပ်ရေး စီမံကိန်းကို ဆန့်ကျင်နေသူများ အကြောင်း ပတ်သက်၍စသည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။

ဤသို့ဖမ်းဆီးမှုတွင် ဦးဂမ်အောင်နှင့် အခြား စီတာပူရပ်ကွက်မှ ကေအိုင်အို နယ်မြေတွင် ဖွဲ့စည်းထားသည့် Education and Economy Development for Youth (EEDY)မှ ကချင်လူငယ်များ အယောက်၅၀ကျော်ကို  ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မေးမြန်း စစ်ဆေးရန် အာဏာပိုင်များက ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်။

ပြန်လွတ်လာတဲ့ ကချင်လူငယ်ခေါင်းဆောင် ဂမ်အောင်။ ဓါတ်ပုံ-ကချင်သတင်းဌာန

ဦးဂမ်အောင်ကို ပြန်လွှတ်လိုက်သော်လည်း ကျန်ရှိနေသေးသည့် ကချင်လူငယ်အချို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အမှတ် (၁) ရဲစခန်း၌ အခုထိ ဖမ်းဆီးထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အထက် ၂၈မိုင် အကွာ တန်ဖရဲကျေးရွာ အနီး မြစ်ဆုံ၌ ဧပြီလ ၁၇ရက်နေ့ ဗုံးများဆက်တိုက်ပေါက်ကွဲမှုကြောင့် လူ၄ဦးသေဆုံးကာ ၁၂ဦးဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် အေးရှာဝေါလ် ကုမ္ပဏီရုံး အဆောက်အဦးပျက်ဆီးခဲ့၍ ကုမ္ပဏီပိုင် မြေကော်ကား (bulldozers)၊ မော်တော်ယဉ်ကားများ အများအပြားလည်း ပျက်ဆီးသွားခဲ့သည်။

Most read this week