နအဖအစိုးရမှ ကချင်လူငယ်ခေါင်းဆောင်နှင့် ကချင်လူငယ်များအား ဖမ်းဆီးနေ

နအဖအစိုးရမှ ကချင်လူငယ်ခေါင်းဆောင်နှင့် ကချင်လူငယ်များအား ဖမ်းဆီးနေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်အပတ် မေ ၂၃ရက် (တနင်္ဂနွေ) နေ့ ညသန်းခေါင် အချိန်၌ ကချင်လူငယ် ခေါင်းဆောင်တဦးနှင့် လူငယ် အယောက် ၅၀ကျော်အား မြန်မာစစ်အစိုးရ အာဏာပိုင်များ ဖမ်းဆီး...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်အပတ် မေ ၂၃ရက် (တနင်္ဂနွေ) နေ့ ညသန်းခေါင် အချိန်၌ ကချင်လူငယ် ခေါင်းဆောင်တဦးနှင့် လူငယ် အယောက် ၅၀ကျော်အား မြန်မာစစ်အစိုးရ အာဏာပိုင်များ ဖမ်းဆီးခဲ့သည်။

ယင်းဖမ်းဆီးမှု၌ “Wunpawng Amyusha Mungbawng Rapdaw - WMR” ဟေါ် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ မှ လူငယ်ဌာန ခေါင်းဆောင် ဦးလဘန်ဂမ်အောင်နှင့် ကျန်သည့် အဖမ်းခံရသည့် ကချင်လူငယ်များကတော့ မြစ်ကြီးနားမြို့၊ စီတာပူ (Shatapru) ရပ်ကွက်မှ ဖြစ်ကြောင်း ဒေသခံများ ကချင်သတင်းဌာန သို့ပြောပါသည်။

ကချင်တက္ကသိုလ်ကျောင်းသူ/သား မြစ်ကြီးနားတွင်ပြုလုပ်တဲ့ ရိုးရာ မနောပွဲတော်တွင် ပါ၀င်ဆင်နွှဲပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

“WMR လူငယ်ခေါင်းဆောင် ဦးဂမ်အောင်ကို ညသန်းခေါင်မှာ သူ့အိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်” ဟု ဒေသခံတစ်ဦး ပြောသည်။

ဦးဂမ်အောင်ကို မြစ်ကြီးနားမြို့၏ မြောက်ဘက် ၃မိုင်အကွာရှိ အင်ဂျန်ဒုန် နေအိမ်မှ စစ်သားများ၊ စစ်ဘက်ရေးရာ လုံခြံုရေးအဖွဲ့ (စရဖ)၊ ရဲများနှင့် ရပ်ကွက်လူကြီးများ ပူပေါင်းဖမ်းဆီး  ခဲ့ဖြင်းဖြစ်သည်။

WMR သည် မြန်မာနိုင်ငံတွင်ရှိ ကချင်တမျိုးသားလုံးနှင့်သက်ဆိုင်သည့် ကိစ္စအဝဝကို စီမံ ဦးဆောင်မှုပေးရန် ဖွဲ့စည်းထားသည့် ကချင် အဖွဲ့အစည်းကြီး တစ်ခုလည်း ဖြစ်သည်။

အခု ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့် လူငယ်် ၅၀ကျော်ကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) လက်အောက်ရှိ လူငယ်အင်အားစု ဖြစ်သည့် “Education and Economy Development for Youth – EEDY”  မှ အများစုဖြစ်ကြောင်း လူငယ်မိဘများမှတဆင့်သိရသည်။

အခုလိုဖမ်းဆီမှုသည် ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့၊ ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဝန်းတွင် ဗုံးများပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မသင်္ကာ သူများသည် ကေအိုင်အိုနဲ့ ဆက်စပ်မှုရှိနေနိုင် သည်ဟု သံသယရှိသဖြင့် EEDY အဖွဲ့ဝင်များကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ကေအိုင်အို နှင့် ဒေသခံများ ထင်မြင်ချက်ပေးပါသည်။

တဖက်တွင်လည်း ယခုလို ကေအိုင်အို လူငယ်များကို ပစ်မှတ်ထားဖမ်းဆီးမှုသည် ကေအိုင်အို က စစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ “နယ်ခြားစောင့် တပ်” အသွင်ပြောင်းရန် ဖိအားခြင်းဖြစ်နိုင် ကြောင်း ဒေသခံ သုံးသတ်သူများပြောသည်။

မေ လဆန်း ၁ ရက်နေ့ကလည်း စီတာကူ ရပ်ကွက်ကပဲ EEDYအဖွဲ့ဝင် မရစ်တူးရိန်ကို သူ့နေအိမ်မှ ရဲများ ဖမ်းဆီးခဲ့ပြီး EEDY အဖွဲ့ဝင် တဦး ဖြစ်သည့် ဆရာ ထိန ကိုလည်း ဖားကန့်မြို့၌ မေ ၁၄ရက်နေ့က ဖမ်းဆီး ခဲ့ကြောင်း အဖွဲ့သတင်းရပ်ကွက်က ပြောသည်။

မေလ ၁၉ရက်နေ့တွင် စစ်အစိုးရ၏ ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့စဉ် ဖမ်းဆီး ချုပ်နှောင်ထားသည့် EEDY လူငယ်များ ကိုလွှတ်ပေးရန် ကေအိုင်အို တောင်းဆိုခဲ့ကြောင်း လိုင်ဇာဌာနချုပ်မှ ကေအိုင်အို အရာရှိများပြောသည်။

သို့သော်လည်း လေးရက်အကြာတွင် အခုလို ကေအိုင်အို လူငယ်များကို မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်(မပခ) မှ ဗျူဟာမှူး ကိုယ်တိုင် ပါဝင်ကာ ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့်နီးစပ်သည့်သတင်းရက်ကွက်က ပြောသည်။

အခုလို စစ်အစိုးရမှ ကေအိုင်အို လူငယ်အများအပြားကို တချိန်ထဲ လိုက်လံဖမ်းဆီးခြင်းသည် နှစ်ဖက်ကြား ၁၆နှစ်ကြာ ငြိမ်းချမ်းရေးကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

Most read this week