မြစ်ကြီးနားရထားလမ်းတွင် ဖောက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိ

မြစ်ကြီးနားရထားလမ်းတွင် ဖောက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိ
မြစ်ကြီးနား-မန္တလေး  အကြား ပြေးဆွဲသော မီးရထားလမ်းကို ပျက်စီးစေရန်ပေါက်ကွဲစေသောပစ္စည်းများ သိမ်းဆီးရမိခဲ့ကြောင်း ဒီနေ့ထုတ် စစ်အစိုး၏ ကြေးမုံသတင်းစာတွင် ဖေါ်ပြထား....

မြစ်ကြီးနား-မန္တလေး  အကြား ပြေးဆွဲသော မီးရထားလမ်းကို ပျက်စီးစေရန်ပေါက်ကွဲစေသောပစ္စည်းများ သိမ်းဆီးရမိခဲ့ကြောင်း ဒီနေ့ထုတ် စစ်အစိုး၏ ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

မြစ်ကြီးနားဘူတာနှင့် နန်းကွေ့ဘူတာ အကြား ပေါက်ကွဲစေနိုင်သော အရာဝတ္တု အထုပ် ၄ ထုပ်ထဲတွင် အလေးချိန် ၄၀၀ ဂရမ်ရှိသော TNT အတုံး၃၀ ၊ အလေးချိန် ဂရမ် ၂၀၀ ရှိတဲ့ အတုံး၂၀ ၊ စနက်တံ ၆ခု ဆားကစ် ၃ခုနင့် ဓာတ်ခဲ ၁ဒသမ ၅ဗို့ ၁၂လုံးတို့ကိုတွေ့ရှိပြီး မနေ့က စစ်အစိုးရ လုံခြံုရေးအဖွဲ့များမှ ဖယ်ရှားလိုက်ကြောင်း သတင်းစာတွင်ဖော်ပြထားသည်။

ကချင်ပြည်နယ် မိုးညှင်းရထားဘူတာရုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

စစ်အစိုးရ က လက်နက်ကိုင် သူပုန်များ၏ လက်ချက်ဟု စွပ်စွဲထားကြောင်းကို ဒီကနေ့ထုတ် မလေးရှား အစိုးရပိုင် ဘနားမား အွန်လိုင်း သတင်း တွင် ဖေါ်ပြထားသည်။

“မြန်မာစစ်အစိုးရက မဟုတ်တာ လုပ်တမျှ ကချင်တွေလို့ပြောချင်နေတာ “ ဟု မြစ်ကြီးနားအခြေစိုက် ကချင်ကိုယ်စားလှယ်ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယခင်လက လူအသေအပျောက်ရှိခဲ့သည့် ဧရာဝတီ မြစ်ဆုံဗုံးပေါက်ကွဲမှုနှင့် ပါတ်သက်၍ ကချင်ပြည်တွင် အစစ်အဆေးများ နေပြီး ကချင်လူငယ် များကို ဖမ်းဆီး နေချိန်တွင် ယခုကဲ့သို့ ရထားလမ်းတွင် ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိခြင်းဖြစ်သည်။

ကချင်လူငယ်များကို စစ်ဆေးနေသော အာဏာပိုင်များက လူငယ်များကို ဖမ်းဆီးရခြင်းသည် အထက်အမိန့်အရဖြစ်ပြီး ဖောက်ခွဲရေး တရားခံကို ဖော်ထုတ်နိုင်ဖွယ်မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

တချိန်တည်းမှပင် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နင့် မြန်မာစစ်အစိုးရအကြား နယ်ခြားစောင့်အသွင်ပြောင်းရေးကိစ္စနှင့် ပါတ်သက်၍ တင်းမာမှုများလည်း ရှိနေသည်။

Most read this week