ရှားပါး ကျားပြောက် အရောင်ပါ လိပ်အကောင် ၄၈၀ ဒက္ကား လေဆိပ်တွင် ဖမ်းမိ

ရှားပါး ကျားပြောက် အရောင်ပါ လိပ်အကောင် ၄၈၀ ဒက္ကား လေဆိပ်တွင် ဖမ်းမိ
အမေရိကန် ယူနီဖေါင်းကဲ့သို့ ကျားပြောက် အရောင်များပါသော လိပ်ကောင်ရေ ၄၈၀ ကို မလေးရှားနိုင်ငံသို့ ခိုးထုတ်စဉ် ဘင်္ဂလာဒေချ့် အရာရှိ များက ဒက္ကား လေဆိပ်တွင် ဖမ်းဆီး....

အမေရိကန် ယူနီဖေါင်းကဲ့သို့ ကျားပြောက် အရောင်များပါသော လိပ်ကောင်ရေ ၄၈၀ ကို မလေးရှားနိုင်ငံသို့ ခိုးထုတ်စဉ် ဘင်္ဂလာဒေချ့် အရာရှိ များက ဒက္ကား လေဆိပ်တွင် ဖမ်းဆီး လိုက်သည်။

အဆိုပါ လိပ်များကို အိန္ဒိယ နိုင်ငံသား တဦးဖြစ်သူ ပီယာ မူဟာမတ်ထံမှ မလေးရှား လေကြောင်းလိုင်းဖြင့် ဒက္ကားလေဆိပ်မှ တဆင့် ခိုးထုတ်ရန် စီစဉ်နေစဉ် မလေးရှား လေကြောင်းလိုင်း ကောင်တာတွင် ဖမ်းဆီး မိခြင်း ဖြစ်သည်။

tortoises

အဆိုပါ လိပ်များမှာ အထူးရှားပါးလိပ် တမျိုး ဖြစ်ပြီး “Star Tortoise”ဟု ခေါ်သည်။ ယခုအခါ အဆိုပါ လိပ်များကို များသောအားဖြင့် အိန္ဒိယ နိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများဖြစ်သော တမီလ်နာဒူးလ်၊ အန်ဒရာ ပါရာဒက်ချ်နှင့် ကာနာတာကာ ပြည်နယ်များရှိ တောထဲများတွင် ရှာဖွေ တွေ့ရှိ နိုင်ကြောင်း သတင်းများက ဖေါ်ပြသည်။

ယခင်က အဆိုပါ လိပ်များကို ဘင်္ဂလာဒေချ့့် ပင်လယ် ကမ်းခြေဒေသများတွင် ရှာဖွေ တွေ့ရှိသော်လည်း ယခုအခါ မျိုးတုန်းသွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုတွေ့့ရှိရသော ရှားပါး လိပ်များမှာ နိုင်ငံတကာ စျေးကွက်တွင် အထူး လူကြိုက် များပြီး စျေးကြီးကြီး ရကြောင်း သိရသည်။

ဖမ်းဆီးရမိသော လိပ်များကို ကော့ဘဇားခရိုင်ရှိ ဘင်ဂါဘောင်ဒူ ရှိတ်မူဂျီဘူရာဟမန် ဘေးမဲ့ တိရစ္ဆာန် ဥယျာဉ် တောတွင် ထားရှိသွားမည်ဟု ဘင်္ဂလာဒေချ့် အရာရှိများက ပြောသည်။

Most read this week