ရာသီဥတု ဆိုးရွားမူကြောင့် ရန်ကုန်- စစ်တွေလေကြောင်းလိုင်းများ ယာယီရပ်ဆိုင်း

ရာသီဥတု ဆိုးရွားမူကြောင့် ရန်ကုန်- စစ်တွေလေကြောင်းလိုင်းများ ယာယီရပ်ဆိုင်း
by -
မောင်အေး
ရာသီ ဥတု ဆိုးရွားမူကြောင့် ရန်ကုန်နှင့် စစ်တွေ အကြား ပျံသန်းနေသော လေကြောင်းလိုင်းများကို စနေနေ့ကစပြီး ယာယီ ရပ်ဆိုင်းထား လိုက်ရ...

ရာသီ ဥတု ဆိုးရွားမူကြောင့် ရန်ကုန်နှင့် စစ်တွေ အကြား ပျံသန်းနေသော လေကြောင်းလိုင်းများကို စနေနေ့ကစပြီး ယာယီ ရပ်ဆိုင်းထားလိုက်ရ သည်ဟု သတင်း ရရှိသည်။

ခရီးသွားလာရေး လုပ်ငန်း တခုမှ တာဝန်ရှိသူ တဦးက “မနေ့က Air Mandalay လိုင်းက လေယဉ်တစီး မိုးအရမ်းရွာပီး ရာသီဥတု အထူးဆိုးရွား နေတဲ့ အတွက် စစ်တွေ လေယဉ်ကွင်းကို မဆင်းနိုင်ဘဲ ရန်ကုန်ကို ပြန်သွားရတယ်။ အဲဒီ နောက်ပိုင်း ရန်ကုန်နဲ့ စစ်တွေ အကြား ပျံသန်းနေတဲ့ တခြား လေကြောင်း လိုင်းတွေကိုလည်း ယာယီ ပိတ်ထား လိုက်ပါတယ်” ဟု ပြောသည်။

စစ်တွေတွင် မေလ ၁၈ ရက်နေ့က စပြီး မိုးအဆက်မပြတ် ရွာသွန်းနေပြီး ဆိုင်ကလုန် Liala ကြောင့် လေပြင်းများလည်း ရံဖန်ရံခါ တိုက်ခတ် နေသည်ဟုသိရသည်။

sittwe-airport

လေကြောင်းလိုင်း ရပ်ဆိုင်းလိုက်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရသူ စစ်တွေမြို့ခံတဦးက စစ်တွေသို့ သွာမည့် ခရီးသည်များကို လေကြောင်း လိုင်းမှ လာမည့် အင်္ဂါနေ့ကို ပြန်လည် ချိန်းထားပြီး ရာသီ ဥတု ပြန်လည် ကောင်းမွန်လျှင် ခရီးစဉ်များအား ပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း လေကြောင်းလိုင်းကို ကိုးကားပြီး သူကပြောသည်။

စစ်တွေမြို့နှင့် ရန်ကုန်အကြား Air Mandalay မှ တရက် တကြိမ်နုန်းဖြင့် ပျံသန်း ပြေးဆွဲနေပြီး မြန်မာ့လေ ကြောင်း လိုင်းမှာ တပတ်လျှင် ငါးကြိမ် ပျံသန်း ပြေးဆွဲလျှက်ရှိသည်ဟု သိရသည်။

၂၀၀၉ ခုနှစ် ဇွန်လ အတွင်းကလည်း မြန်မာလေကြောင်းလိုင်းမှ လေယျာဉ် တစီး စစ်တွေ လေယျာဉ်ကွင်းတွင် လမ်းချော်ပြီး ပျက်စီးသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် လေယျာဉ်မှူး တဦးနှင့် ခရီးသည်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

Most read this week