ရွေးကောက်ပွဲကျင်းပရန် အကြိုလေ့ကျင့်မှု ပြုလုပ်

ရွေးကောက်ပွဲကျင်းပရန် အကြိုလေ့ကျင့်မှု ပြုလုပ်
by -
ဇော်ကြီး
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ရွေးကောက်ပွဲကျင်းပရေးအတွက် အကြိုလေ့ကျင့် မှု ပြုလုပ်နေသည်ဟု ဒေသခံ များက ပြော....

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ရွေးကောက်ပွဲကျင်းပရေးအတွက် အကြိုလေ့ကျင့် မှု ပြုလုပ်နေသည်ဟု ဒေသခံ များက ပြောသည်။

နေပြည်တော်နှင့် တိုင်းရွေးကောက်ပွဲကော်မရှင်၏ အမိန့်ဖြင့် စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲတွင် စံနစ်တကျ မဲပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်များအတွင်း  ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကော်မရှင်လူကြီးတွေက ကွပ်ကဲမယ်။ ကောင်မလေးတွေက အဲဒီမှာ မဲလက်မှတ် ပေးမယ်။ ဘယ်လို ၀င်မယ် ဘယ်လိုထွက်မယ်ပေ့ါ။ ဘယ်လမ်း ကနေ ၀င်မယ်။ နောက်ဘယ်လို ပြန်ထွက်မယ်။ အထဲမှာ သူ တို့ဖာသာသူတို့ခြစ်မယ်ပေ့ါ။ အဲတာတွေ လုပ်ကြတယ်လို့ ပြောတယ်။”

ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ရှိ ရွှေမင်းဝံမိုးလုံလေလုံအားကစားရုံနှင့် အဏ္ဏဝါရပ်ရှိ အမှတ်(၂) အထက ကျောင်းတို့တွင် ယခုလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့က စံပြမဲရုံများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ လူကြီးများကို ပြသခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ စံပြမဲရုံနှစ်ရုံ လုပ်ပေးရမယ်ဆိုပြီးကော့သောင်းမှာ အမိန့်ကျ လာတော့ ကော့သောင်းမှာလုပ်ထားတဲ့ အဲဒီမဲရုံကိုလာစစ်ဆေးတယ်ပေ့ါ။ သူတို့ တိုင်းကော်မရှင် ဥက္ကဌ နဲ့ နေပြည်တော်က ကော်မရှင်လို့ ပြောတယ်။”

မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များ ရွှေမင်းဝံ အားကစားရုံ၌ အစည်းဝေးပြုလုပ် ကြသည်ကို ကြားရသော်လည်း မည်သည့်ကိစ္စဖြစ်သည်ကို မသိရကြောင်း အ ခြားမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ဟိုတရက်ကတော့ အဲဒီမှာ အစည်းဝေးလုပ်တယ်လို့ပြောတယ်။  ဘယ်သူတွေပါမှန်း တော့မသိဘူး။ အဓိကတော့ ကြံ့ခိုင်ရေးတွေပဲများတယ်။ သူတို့ အသင်းသားတွေနဲ့ ရပ်ကွက်ဥက္ကဌတွေဘာတွေတော့ သွားကြတယ်။”

ထို့အပြင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေအသင်းသို့ ၀င်ရောက်ရန် စည်းရုံး လှုံ့ဆော်မှုများရှိနေပြီး စာရင်းများ ကောက်ယူနေသည်ကိုကြားသိရ ကြောင်း ၎င်းကဆက်ပြောသည်။

“ရပ်ကွက်တွေထဲမှာလည်း အဲလို မဲစာရင်းလိုက်ကောက်တာပေ့ါနော်။ စာရင်းကောက် နေတယ်လို့ တော့ကြားတယ်။ အိမ်တွေမှာလိုက်ကောက် တယ်လို့ပဲပြောတယ်။ဒီဖက်တော့ မရောက်သေးဘူး။ လိုက် ကောက်တဲ့ ကောင်မလေးတွေပြောတာပေ့ါနော်။ ကြံ့ဖွံ့ထဲဝင်ဖို့ စာရင်းလိုက်ယူ တာတဲ့။ မနှစ်ကလည်း အဲလိုပဲ လိုက်ယူတယ်လေ။”

ယခုလ(၁၇)ရက်နေ့က တနင်္သာရီတိုင်းအတွင်း ခရိုင်နှင့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲဝင်များ ၏ ကော်မရှင်ဆိုင်ရာ လုပ်ငန်းသင်တန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်နှင့်အဖွဲ့က မြိတ်မြို့ မြရတနာ ခန်းမတွင်ပြုလုပ်ခဲ့သည်ဟု ယမန်နေ့ထုတ် စစ်အစိုးရသတင်းစာ၌ဖော်ပြပါရှိသည်။

ယခုလ(၁၉) ရက်နေ့က ကော့သောင်းမြို့ပေါ်ရှိ ရပ်ကွက်အာဏာပိုင်များနှင့် ကြံ့ခိုင်ဖွံ့ဖြိုး ရေးအသင်းဝင်များက လူထုထံမှ ကောက်ခံရသည့် ပစ္စည်းများဖြင့် မီးဘေးဒုက္ခသည် အိမ်ထောင်စု(၁၃)စုအား ထောက်ပံ့ရေး ပစ္စည်းများ ပေးကာ စည်းရုံးခဲ့သည်။

Most read this week