မြန်မာစစ်အစိုးရက ကချင်ပြည်သူများကို ဖမ်းဆီး စစ်ဆေးမှုတွေ ပိုလုပ်နေ

မြန်မာစစ်အစိုးရက ကချင်ပြည်သူများကို ဖမ်းဆီး စစ်ဆေးမှုတွေ ပိုလုပ်နေ
ကချင်ပြည်နယ််ရှိ ပြည်သူများဟာ မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးစစ်ဆေးခြင်း နဲ့ ထူးထူးခြားခြား လုံခြုံရေးတင်းကြပ််မှုအောက် လွပ်လပ်စွာသွားလာ လှုပ်ရှားလို့ မရတော့ဘဲ  ကြောက်လန့်တုန်လူပ်စွာနေထိုင်ရကြောင်း...

ကချင်ပြည်နယ််ရှိ ပြည်သူများဟာ မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးစစ်ဆေးခြင်း နဲ့ ထူးထူးခြားခြား လုံခြုံရေးတင်းကြပ််မှုအောက် လွပ်လပ်စွာသွားလာ လှုပ်ရှားလို့ မရတော့ဘဲ  ကြောက်လန့်တုန်လူပ်စွာနေထိုင်ရကြောင်း သိရတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ခြံဝန်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲပြီးနောက် အခုလို ကချင်ပြည်နယ် တဝန်း ဒေသခံကချင်ပြည်သူများဟာ စစ်အစိုးရ၏ လုံခြုံရေးတင်းကြပ်မှုအောက် နေထိုင်ရပါတယ်။

ယခုအချိန် ပြည်နယ်မြို့တော်မြစ်ကြီးနားမှာ စစ်အစိုးရ ရဲကင်းတွေထားရှိပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပြီး ည ၁၀ နာရီကျော် လမ်းမပေါ်တွေ့တဲ့လူတွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတွေပြောပါတယ်။

မြို့ထဲရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အဖွဲ့ဝင်တွေ စစ်မှုထမ်းဟောင်းတွေ၊ သူတို့နဲ့ ဆက်နွယ်နေသူလို့ယူဆတဲ့ ဒေသခံ တချို့ကိုလည်း ဖမ်းဆီးမေးမြန်းနေတယ်လို့ KIO သတင်းရပ်ကွက်က ဆိုပါတယ်။

အခုချိန် အာဏာပိုင်တွေက မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှာ မသင်္ကာတဲ့ ဒေသခံတွေကို  ဖမ်းဆီးစစ်ဆေးနေတာဟာ အယောက် ၄၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောတယ်။

ခရီးသွားလာမှုတွေမှာလည်း စစ်ဆေးမူတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်နေပြီး မြစ်ကြီးနား-မန္တလေး ရထားလမ်းမှာ အရင်ကထက် အစစ်ဆေး မေးမြန်မှုများ ပိုများလာတယ်လို့ မြစ်ကြီးနားဒေသ ခံတစ်ဦးပြောပါတယ်။

မြစ်ဆုံ ဗုံးဖေါက်မှုတဲ့ပတ်သက်ပြီး မသင်္ကာသူ ဒေသခံ နဲ့ KIO အဖွဲ့ဝင် ၄၈ ယောက်ကျော်ကို ဒီ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန

သူက “ရထားပေါ်မှာ လူတစ်ကိုယ်လုံးနိူက်ပြီးစစ်တာ။ မှတ်ပုံတင် ရောစစ်တယ်။ အိတ်တွေရောနိူက်တယ်။ ရန်ကုန်ရောက်တော့ ဟိုတယ်ကို မနက် ၂ နာရီလောက် ဧည့်စာရင်းစစ်တယ် ဆိုပြီး ၀င်လာတယ်။ ကျွန်တော် တို့ အခန်းကိုဘဲစစ်တာ ကျန်တဲ့အခန်းတွေမစစ်ဘူး။ ကချင်ပြည်နယ်က ဆိုလိ့ု လိုက်လာတာလားမသိဘူး။ ဘယ်ကလာတာလဲ ဘာလာလုပ်တာလဲ အစုံမေးသွားတယ်” လိ့ုပြောတယ်။

မြစ်ဆုံဗုံးပေါက်ကွဲပြီး နောက်ပိုင်း စစ်အစိုးရ၏ စစ်သား နဲ့ ရဲတွေဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တဝိုက်ရှိ ဒေသခံများရဲ့ အိမ်တွေမှာ ကြိုက်သလိုဝင်ထွက်ကာ ဧည့်စာရင်းစစ်နေတယ်လို့လည်း ဒေသခံများ ပြောပြပါတယ်။

တစ်ဖက်မှာလည်း လူအသေပျောက်ရှိခဲ့တဲ့  မြစ်ဆုံဗုံးပေါက်ကွဲမှုကြောင့်နေအိမ် ပြန်သွားကြတဲ့ တရုတ်အလုပ်သမားများ၏ နေရာတွင် တရုတ်အလုပ်သမားသစ်များ အစားထိုးရောက်ရှိနေပြီဖြစ်ကြောင်း မြစ်ဆုံဒေသခံများက ကချင်သတင်းဌာနကိုပြောပါတယ်။

အခုချိန် ကချင်ပြည်နယ်ရှိ ပြည်သူများကြံုတွေ့နေရတဲ့ အခြေအနေဟာ အရင် ၁၉၉၄ ခုနစ်မတိုင်မီ မြန်မာစစ်အစိုးရ နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အကြား ငြိမ်းချမ်းရေးမယူခင် အခြေနေမျိူးလို ပြန်ဖြစ်နေတယ်လို့ ဒေသခံများက ပြောပြပါတယ်။

Most read this week