ကျောက်ဖြူ ခယကမှ ရံပုံငွေအတွက် ပြည်သူများထံမှ မတရား ငွေကောက်

ကျောက်ဖြူ ခယကမှ ရံပုံငွေအတွက် ပြည်သူများထံမှ မတရား ငွေကောက်
by -
ခိုင်ခို်င်ဇံ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ရှိသော တိုးချဲ့ အိမ်ယာများနှင့် အိမ်သစ် ဆောက်သူများထံမှ ခယကမှ ရံပုံ ငွေအတွက် အကြောင်းပြကာ အာဏာပိုင်များက ငွေကောက်ခံနေသည်ဟု သတင်း ရရှိ...

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ရှိသော တိုးချဲ့ အိမ်ယာများနှင့် အိမ်သစ် ဆောက်သူများထံမှ ခယကမှ ရံပုံ ငွေအတွက် အကြောင်းပြကာ အာဏာပိုင်များက ငွေကောက်ခံနေသည်ဟု သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ဒေသခံ တဦးက “ ခယက ဥက္ကဌ၏ အမိန့်နဲ့ ကျောက်ဖြူ တိုးချဲ့ ရပ်ကွက်က အိမ်တွေကို ခယက ရံပုံငွေ အတွက် ဆိုပီး အိမ်တဆောင်ကို ကျပ်ငွေ တသိန်း ကျစီ ကောက်ခံ နေပါတယ်။ ရေရှည် တည်တည် တံ့တံနဲ့ နေလိုတယ်ဆိိုရင် တောင်းတဲ့ ငွေကို ပေးသွင်းပါ။ မဟုတ်ရင် အိမ်ယာတွေကို ဖြိုဖျက်သွားမယ် ဆိုပီး ပြောပါတယ်” ဟု ပြောသည်။

ကျောက်ဖြူ ငလပွိ ချောင်းကမ်းနား တလျှောက်တွင် မဆလ ခေတ်ကတည်းက ကျူးကျော် အိမ်ယာများ အဖြစ် တည်ရှိနေသော အိမ်ခြေ (၂၀)ကျော်ခန့်မှာ ယခုအခါ အိမ်များ ဖြိုဖျက်ခံရမည်ကို စိုးရိမ်သဖြင့် ငွေကြေး မတတ်နိုင်သည ့်ကြားထဲမှ ကျပ်ငွေ တသိန်းစီကို ခယက ရံပုံငွေ အတွက် ပေးသွင်းနေကြရသည်ဟု သူက ပြောသည်။

၎င်းပြင် ကျောက်ဖြူ ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ခယကမှ အိမ်သစ် ဆောက်လုပ်ခွင့် ပါမိတ်များ ချပေးရာတွင် ပါမိတ် တစောင်ကို အိမ်အကြီး အငယ်အလိုက် ကျပ်ငွေ ၁၀၀၀၀ မှ ၅၀၀၀၀ အထိ ကောက်ခံနေကြောင်း သိရသည်။

ကျောက်ဖြူ တောင်ရင်းကျေးရွာမှ ရွာသားတစ်ဦးကလည်း “ကျွန်တော်တို့ ဒေသ အတွင်းမှာ အိမ်အသစ် ဆောက်တာပဲ ဖြစ်ဖြစ် ပြန်ပြင်တာပဲ ဖြစ်ဖြစ် ခယက ရံပုံငွေအတွက် ကျေးရွာ ရယက တာဝန်ခံတွေဆီ ကတဆင့် ခယကကို ငွေပေးသွင်း နေကြရပါတယ်။ အိမ်ဆောက်ဖို့ ပိုက်ဆံ မရှိတဲ့ကြားထဲမှာ ရှိတဲ့ ငွေလေးကို စုပြီး အိမ်ပြင်တာတောင် ခယကကို ငွေပေးနေကြရပါတယ်” ဟု ပြောသည်။

သတ်မှတ် တောင်းခံ ငွေများကို မပေးသွင်းနိုင်ပါက တိုးချဲ့အိမ်ယာများကို ဖြိုဖျက်ရန်နှင့် အိမ်သစ် ဆောက်လုပ်သူများကို ဖမ်းဆီး အရေးယူရန် ခယက မှ အမိန့်ထုတ်ထားကြောင်းလည်းဟု သိရသည်။

Kyauk-Pru

၎င်းပြင်သူက “ ရယကတွေ လာတောင်းတဲ့ ငွေကို မပေးနိုင်ဘူးလို့ ငြင်းရင် ရဲနှင့် စည်ပင်ဝန်ထမ်း တွေကို ခေါ်လာပြီး အိမ်ကို သိမ်းမယ်ဆိုပီး ခြိမ်းခြောက် တာတွေလည်း ရှိနေတဲ့ အတွက် အိမ်အသိမ်း ခံရမှာကိုကြောက်ပီး လူတွေက အိမ်အသစ် ဆောက်ရင် ငါးသောင်းကျပ်၊ အိမ်ပြင်ရင် တစ်သောင်း ကနေ နှစ်သောင်းကျပ်ထိ ပေးနေကြပါတယ်” ဟု ဆက်ပြောသည်။

ကျောက်ဖြူ အမှတ် (၁) ဖေါင်တော် အနီးရှိ စျေးဆိုင်ခန်းများကိုလည်း ဆိပ်ကမ်းသစ် တည်ဆောက်မည်ဟု ဆိုကာ တစုံတရာ လျော်ကြေးမပေးဘဲ ဖြိ်ုဖျက်ပစ်ခဲ့ပြီး ယခုအခါ ဖြိုဖျက်ခံရသူများက နေပြည်တော်ကို တိုင်ကြားထားသဖြင့် အဆိုပါ ဆိပ်ကမ်းကို ယခုအချိန်ထိ မဆောက်လုပ်နိုင်သေးဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

နအဖ လက်ထက် ရခိုင်ပြည်သူအများ ဆင်းရဲတွင်း နက်နေကြရခြင်းမှာ အာဏာပိုင်များက မတော်မတရား အခွန် အကောက် ကောက်ခံခြင်း၊ ထောက်ပံ့ကြေး တစ်စုံတစ်ရာ မပေးပဲ ကျေးရွာများကို အတင်းအဓမ္မ ပြောင်းရွှေ့ ပစ်ခြင်း၊ ဘိုးစဉ် ဘောင်ဆက် သက်မွေး ၀မ်းကျောင်းပြု လုပ်ကိုင် စားသောက်လာသော လယ်ယာမြေများနှင့် ဥယျာဉ် ခြံမြေများကို လျော်ကြေး တစ်စုံတရာ မပေးပဲ အတင်း အဓမ္မ သိမ်းပိုက်နေခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။

Most read this week