ဧရာဝတီ မြစ်ဆုံအနီးရှိရွာများ အဓမ္မပြောင်းရွှေ့ရေး စစ်အစိုးရ အမိန့်ထုတ်ပြန်

ဧရာဝတီ မြစ်ဆုံအနီးရှိရွာများ အဓမ္မပြောင်းရွှေ့ရေး စစ်အစိုးရ အမိန့်ထုတ်ပြန်
ကချင်ပြည်နယ်၊ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာအတွင်းရှိသည့် ကချင်ရပ်ရွာများကို အဓမ္မပြောင်းရွှေ့ရန်် မြန်မာစစ်အစိုးရ၏ ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကော်စီ (ပယက)မှ ဒီလ မေလ ၁ ရက်နေ့က အမိန့်စာထုတ်ပြန်...

ကချင်ပြည်နယ်၊ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာအတွင်းရှိသည့် ကချင်ရပ်ရွာများကို အဓမ္မပြောင်းရွှေ့ရန်် မြန်မာစစ်အစိုးရ၏ ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကော်စီ (ပယက)မှ ဒီလ မေလ ၁ ရက်နေ့က အမိန့်စာထုတ်ပြန်ခဲ့သည်။

အမိန့်စာတွင် ရွာအဓ္ဓမရွှေ့ပြောင်းရေးစလုပ်မည့်နေ့ရက် သိသိကျကျကို ဖော်ပြခြင်း မရှိသော်လည်း မြစ်ကြီးနားမြို့ရှိ ရပ်ကွက်ပေါင်း (၅၈) ရပ်ကွက်မှ တစ်ရပ်ကွက်လျှင် အနည်းဆုံးလူ (၁၀)ဦးခန့် အကန့်အသတ်မရှိ လုပ်အားပေးရန် ညွှန်ကြားထားသည်။

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား မြောက်ဘက် မိုင်၂၀ ကျော်တွင်တည်ရှိသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ၀င်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် ၁၃ ရက် အကြာတွင် အခုလို ပယက၏ ကြေငြာချက်ထွက်လာခြင်းဖြစ်သည်။

ပြီးခဲ့အပတ် စနေနေ့ကလည်း မြစ်ဆုံရွာများ ရွှေ့ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြစ်ကြီးနားမြို့ နှှင့် ဝိုင်းမော်မြို့မှ မယက လူကြီးများ မြစ်ဆုံရွာ တန်ဖဲတွင် အစည်းအဝေးတခုပြုလုပ်ခဲ့သည်။

ဗုံးဖောက်ခံရပြီးနောက် မြစ်ဆုံတဝိုက်ရှိ တန်ဖဲ၊ ဂွေထောင်၊ ဒေါင်ပန်၊ အင်ဂန်စသည့်ရွာများသည် ရွာရွှေ့ပြောင်းပေး ရန် သက်ဆိုင်ရာ မြန်မာ စစ်တပ်နှင့် ရဲများ၏ အသစ်တဖန် ဖိအားပေး၊ ခြိမ်းခြောက်ခြင်းတွေ နေ့စဉ်ခံနေရသည်ဟု ဒေသခံများပြောပါသည်။

ဒေသခံများ အများစုကတော့ ၎င်းတို့၏ စားဝတ်နေရေး၊ သမိုင်းဝင်ဘာသာရေးအဆောက်အုံများ နှင့် ဘိုးဘေးခေတ်အဆက်ဆက် နေထိုင်လာ ခဲ့သည့် ထိုရွာများမှ ရွှေ့ပြောင်းရန် အခုချိန်ထိ ငြင်းဆန်နေဆဲဖြစ်သည်။

051810-tang-hpre-relocation

ပြီးခဲ့သည့် ဧပြီ (၁၇)ရက်နေ့က မြစ်ဆုံရေကာတာစီမံကိန်းဝင်းတွင် ဗုံးပေါက်ကွဲပြီးနောက် ဒေသခံများသည် မြန်မာစစ်သားနှင့် ရဲများ၏ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း နှင့် မသင်္ကာသူများကို ရဲစခန်း အချုပ်များတွင် ဖမ်းဆီးချုပ်နှောင်ခြင်းများ နေ့စဉ်လိုလိုခံနေရကြောင်း ဒေသခံ များပြောပြပါသည်။

မလန အခြေစိုက် မြန်မာစစ်တပ် ခလရ (၂၉)မှ စစ်သားများ၏ နေ့စဉ် ခြောက်လှန့်မှုဒဏ်ကို မခံနိုင်သည့်အတွက် တန်ဖဲ ရွာသားတချို့သည် ပြီးခဲ့သည့် ဧပြီလမှစကာ ကိုယ်တိုင်ပြောင်းရွှေ့မှုတွေပြုလုပ်နေကြာင်း လေ့လာသိရ ပါသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို မြန်မာပြည်မှ အေရှားဝေါလ်ကုမ္ပဏီ၊ စစ်အစိုးရ၏ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် တရုတ် အစိုးရပိုင်CPI (China Power Investment Corporation) တို့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။

Most read this week