မန္တလေးမြို့တွင် ရခိုင်သားကြီး လှမြင့်ကို ရက္ခိတဆု ချီးမြှင့်

မန္တလေးမြို့တွင် ရခိုင်သားကြီး လှမြင့်ကို ရက္ခိတဆု ချီးမြှင့်
by -
မိညို
မန္တလေးမြို့တွင် အထက် မြန်မာနိုင်ငံ လေးမြို့နယ် မှ အဝေးရောက် ရခိုင်သားများက စုပေါင်းပြီး ရခိုင် ရက္ခိတ ဆုနှင့် ပညာရည် ထူးချွန်ဆု ချီးမြင့် ပွဲအခမ်အနား တရပ်ကို မေလ ၁၆ ရက်နေ့က ကျင်းပ....

မန္တလေးမြို့တွင် အထက် မြန်မာနိုင်ငံ လေးမြို့နယ် မှ အဝေးရောက် ရခိုင်သားများက စုပေါင်းပြီး ရခိုင် ရက္ခိတ ဆုနှင့် ပညာရည် ထူးချွန်ဆု ချီးမြင့် ပွဲအခမ်အနား တရပ်ကို မေလ ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆုပေးပွဲကို မန္တလေးမြို့ Oriental House တွင် ကျင်းပခဲ့ပြီး ရခိုင်သားကြီး ဦးလှမြင့်ကို ရက္ခိတ ဆုတံဆိပ်ကို ပေးအပ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုအား ကိုလှမြင့် ပေးအပ်ရခြင်းကို ရက္ခိတ ဆုရွှေးချယ် ပေးအပ်ရေး အဖွဲ့က တာဝန်ရှိသူ ဦးကျော်စိုးက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ဒီလို ဆုတခုကို ရခိုင်အမျိုးသား တဦးကို ပေးအပ်ဖို့ အတွက် (၆) နှစ်ခန့် အချိန်ယူ စီစဉ်ခဲ့ရပါတယ်။ ခုတော့ ဆုနဲ့ ထိုက်တန်တဲ့ သူကို အများရဲ့ သဘောနဲ့ ရွှေးချယ်ပီး ရက္ခိတ ဆုကို ပေးအပ် ချီးမြှင့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။”

၎င်းပြင်သူက မည်သည့် အတွက် ယခုကဲ့သို့ ဆုရွှေးချယ်ပေးအပ်ရသည်ကို သူက ယခုကဲ့သို့ ပြောသည်။

“ရခိုင့် ရက္ခိတ ဆုကို ဖေါ်ထုတ်ပြီး ရခိုင်အမျိုးသား တဦးကို ပေးအပ်ရတာနဲ့ ပတ်သက်ပြီး ပြောရရင် ရခိုင်လူမျိုးတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်ကို စဉ်ဆက် မပြတ် စောင့်ရှောက်တဲ့ သူတွေကို ဂုဏ်ပြုလိုတဲ့ အတွက် ခုလို ပေးအပ် ရတာ ဖြစ်ပါတယ်။ ရက္ခိတ အဓိပ္ပါယ် ဆိုတာက ရခိုင် အမျိုးသားတွေရဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တယ် ဆိုတဲ့ အဓိပ္ပါယ် ရှိတဲ့အတွက် စာပေ ယဉ်ကျေးမူ အနုပညာတွေကို ဖေါ်ထုတ် ထိမ်းသိမ်း စောင့်ရှောက်ပြီး လူမူရေး လုပ်ငန်းတွေကို တတတ်တအား ပါ၀င်ဆောင်ရွက်နေတဲ့ ရခိုင်သားကြီး ကိုလှမြင့်ကို ရွေးချယ် ချီးမြင့်ရတာ ဖြစ်ပါတယ်။ ချီးမြင့် ထိုက်သူကို ချီမြင့်၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာဟာ မင်္ဂလာ တရားနဲ့ အညီ ပြုလုပ်တာ ဖြစ်တဲ့ အတွက် ခုလို လုပ်ရပ်ကို ရခိုင် လူငယ်တွေ ကလည်း တန်ဖိုထား ဂုဏ်ယူတတ်လာအောင် ရည်ရွယ် ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆုလက်ခံရရှိသူ ဦးလှမြင့်မှလည်း “ ကျွန်တော့ ဘဝ သက်တမ်း တလျှောက်မှာ ဆုဆိုလို့ ဒီတကြိမ်ပဲ ရရှိဖူးပါတယ်။ တကယ်တန်းပြောရရင် ဒီဆုဟာ ကျွန်တော်နဲ့ မထိုက်တန်သလို ခံစားရပါတယ်။ အိပ်မက်များ မက်နေတာလားလို့လည်း ခံစား ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော် အခုလို ရခိုင် စာပေ ယဉ်ကျေးမူ တွေကို တတ်နိုင်သလောက် ဖေါ်ထုတ်ပေးနေတာဟာ ဘာဘွဲ့ထူး ဂုဏ်ထူးကိုမှ ရွည်ရွယ်လို့ မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့ စေတနာနဲ့ သမိုင်းက ပေးတဲ့ တာဝန်တခုအဖြစ် သဘောထားပြီး ဆောင်ရွက်မူ သက်သက်သာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ အခမ်းအနားတွင် ပညာရည်ချွန် ရခိုင် ကျောင်းသား ကျောင်းသူ များအားလည်း ဂုဏ်ပြု ဆုများ ချီးမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုကို အထက်မြန်မာနိုင်ငံရှိ မန္တလေး၊ ဖါးကန့်၊ စိုင်းတောင်နှင့် မူဆယ် လေးမြို့နယ်မှ အဝေးရောက် ရခိုင်သားများက စုပေါင်း ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Most read this week