နစက ဗိုလ်ကြီးတဦး အရက်မူး၍ ရေနစ် သေဆုံး

နစက ဗိုလ်ကြီးတဦး အရက်မူး၍ ရေနစ် သေဆုံး
by -
ခိုင်ခိုင်စံ
ရခိုင်ပြည်နယ် မောင်တောမြို ့ နစကဌာနချုပ်မှ ဗိုလ်ကြီး တဦးသည် အရက် အလွန်အကျွံ မူးယစ်ပြီး ရေကန်ထဲ လိမ့်ကျကာ ရေနစ် သေဆုံး သွားကြောင်း...

ရခိုင်ပြည်နယ် မောင်တောမြို ့ နစကဌာနချုပ်မှ ဗိုလ်ကြီး တဦးသည် အရက် အလွန်အကျွံ မူးယစ်ပြီး ရေကန်ထဲ လိမ့်ကျကာ ရေနစ် သေဆုံး သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ နစက ဌာနချုပ်ကျီးကန်းပြင်မှ ဗိုလ်ကြီး မြင့်ဦး အသက် ၄၅နှစ် ဖြစ်ပြီး မေလ ၁၄ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်ဟု မျက်မြင် တဦးက ပြောသည်။

“အဲဒီ ဗိုလ်ကြီးက နေ ့တိုင်း အရက်ကို အလွန်ကျွံ သောက်ပါတယ်။ သောကြာနေ့ ၁၀ နာရီလောက်မှာ သူကို ရေကန်ထဲမှာ ရေနစ် သေနေတာကို တွေ ့ ရပါတယ်။ သူကို အမြဲတမ်း အရက်မူးနေတာကိုဘဲ တွေ့ရပါတယ်။ အဲ့ဒီနေ ့က လည်း သူဟာ အရက်မူးပြီး ရေကန်ထဲကို မတော်တဆ လိမ့်ကျ ပြီးတော့ ရေနစ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

သူ့ ရုပ်အလောင်းကို မောင်တောဆေးရုံသို ့စမ်းသပ် စစ်ဆေးရန် ပို့ဆောင်ခဲ့ပြီး မေ၁၅ရက် နေ ့နံနက် ၉နာရီအချိန်တွင် ဗိုက်ခွဲ စစ်ဆေးရာ အရက်အလွန်အကျွံ သောက်ထားသည်ကို စစ်ဆေး တွေ့ရှိရသည်ဟု ဆေးရုံမှ တာဝန်ကျ ဆရာဝန်မ တဦးက ပြောသည်။

Most read this week