မောင်တောမြို့တွင် တုတ်ကွေးရောဂါ ဆန်းတမျိုး ကျယ်ပြန့်စွာ ဖြစ်ပွားနေ အပူရှိန် မြင့်မားမူကြောင့် ခွေးများလည်း သေဆုံးမူရှိ

မောင်တောမြို့တွင် တုတ်ကွေးရောဂါ ဆန်းတမျိုး ကျယ်ပြန့်စွာ ဖြစ်ပွားနေ အပူရှိန် မြင့်မားမူကြောင့် ခွေးများလည်း သေဆုံးမူရှိ
by -
ခိုင်ခိုင်စံ
ရခိုင်ပြည်နယ် မောင်တောမြို ့နယ်တွင် တုတ်ကွေး ရောဂါ တမျိုး ဖြစ်ပွားနေပြီး လူထု အကြား ကူးစက် ပျံ့ပွားနေသည်ဟု သတင်း ရရှိ....

(နိရဥ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို ့နယ်တွင် တုတ်ကွေး ရောဂါ တမျိုး ဖြစ်ပွားနေပြီး လူထု အကြား ကူးစက် ပျံ့ပွားနေသည်ဟု သတင်း ရရှိသည်။

အဆိုပါ တုတ်ကွေးကို ဒေသခံများက ကိုးရီးယား တုတ်ကွေးဟု အမည် ပေးထားပြီး လူထုအကြားတွင် ကျယ်ကျယ် ပြန့်ပြန့် ကူးစက် ပျံ့ပွား နေသည်ဟု အမည် မဖေါ်လိုသူ မောင်တောမြို့မှ လူနာရှင် အမျိုးသမီး တဦး၏ မိခင်က ပြောသည်။

“ဒေသခံတွေက ဒီတုတ်ကွေးကို ကိုးရီယား တုတ်ကွေးလို့ ခေါ်နေကြ ပါတယ်။ တရားဝင် ခေါ်တာလား။ တရားမဝင် ခေါ်တာလားတော့ ကျွန်မ မသိပါ။ အခုအခါ ဒီရောဂါဟာ ကျွန်မတို ့မြို ့မှာ နေရာ အနှံ့ ကူးစက် ဖြစ်ပွားနေပါတယ်။ မြို့ပေါ် ရပ်ကွက်တွေမှာ ဒီရောဂါ စဖြစ်တာက လွန်ခဲ့တဲ့ လကတည်းက ဖြစ်ပါတယ်။ အခုအခါ ရာသီ ဥတုကလည်း သိပ်ပူတော့ ရောဂါ ဖြစ်ပွားနုန်းကလည်း အထူး တိုးပွားလာနေပါတယ်။ အိမ်တိုင်း အိမ်တိုင်းမှာ ဒီ တုတ်ကွေးရောဂါဟာ ကူးစက် ပျံ့နှံ့ ဖြစ်ပွားနေပါတယ်” ဟု ပြောသည်။

မြို့သူ မြို့သားများ၏ အပြောအရ အဆိုပါ တုတ်ကွေးမှာ မောင်တောမြို့ ရပ်ကွက် (၃) မှ စတင် ဖြစ်ပွားပြီး ယခုအခါ မောင်တော မြို့နယ် တခု လုံးတွင် ကျယ်ပြန့်စွာ ဖြစ်နေသည်ဟု သိရသည်။

ရောဂါ စတင် ဖြစ်ပွားပုံကို သူမက ယခုကဲ့သို့ ပြောသည်။

“ကျွန်မ သမီးလေးက အရင်ဆုံးဝမ်းသွားတယ်။ ပီးတော့ ဖျားတယ်။ ဖျားတာကြာလာတော့ လက်တွေ ခြေတွေ အကုန်လုံး ရောင်ရမ်း လာတယ်။ လေးငါးရက်နေရင် အဖျားကျသွားတယ်။ ဒါပေမယ့် လူပ်ရှားလို့ မရအောင်ထိ အရိုးအဆစ်တွေ ကိုက်ခဲတယ်။ လမ်းလျှောက်လို့ မရဘူး။” ဟု ပြောသည်။

အဆိုပါ တုတ်ကွေးရောဂါကို စမ်းသပ် စစ်ဆေးရန် အဆင့်မြင့် ဆေးပညာရှင် အဖွဲ့တဖွဲ့ မောင်တောသို့ ရောက်ရှိလာပြီး လူနာများကို စမ်းသပ် စစ်ဆေးကာ ပြန်သွား သည်ဟု သိရသည်။

တခြား အမျိုးသား တဦးကလည်း “ ဆရာဝန်တွေ ပြောတာကတော့ စိုးရိမ်စရာ မရှိဘူးလို့ ပြောတယ်။ တုတ်ကွေးတော့ တုတ်ကွေးလို့ ပြောပါတယ်။ ဘာတုတ်ကွေးဆိုတာကို တိတိကျကျ မပြောပါဘူး။ လူတိုင်း လေးငါးရက်လောက်ခံရတယ်။ အပြင်က ဆရာဝန်တွေကို ပြပြီး ဆေးသောက်နေရတယ်။ အိမ်တိုင်းလိုလိုမှာ ဒီတုတ်ကွေးရောဂါကို ခံစား နေကြရပါတယ်” ဟု ပြောသည်။

Maungdaw-Hospital

ယခုအခါ မောင်တော ဆေးရုံကြီးမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် လူကြီးများမှ အိမ်များကို လိုက်လံ စစ်ဆေးကာ ဘုရားစင်များရှိ ရေချမ်းအိုများကို နေ့စဉ်လဲရန်နှင့် ရေများကို စနစ် တကျ ထားသိုရန် မှာကြားနေသည်ဟု သိရသည်။

ယခုကဲ့သို့ လူအများ တုတ်ကွေးရောဂါ ဖြစ်ပွားနေချိန်တွင် မောင်တောတွင် ခွေများလည်း သေဆုံးမူ ရှိနေကြောင်း သိရသည်။

မောင်တောမြို့ခံ တဦးက “ ကျွန်တော်အိမ်က ခွေးတွေရော တခြားအိမ်က ခွေးတွေရော အကုန်လုံး သေကုန်ပြီ။ ဘာရောဂါဆိုတာတော့ မသိပါဘူး။ အပူလွန်တဲ့ အတွက် သေတာလို့လည်း ပြောနေကြပါတယ်။ ခွေးကြီးတွေလည်း သေပေမယ့် အများစုကတော့ ခွေးပေါက်စတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ လူအများ တုတ်ကွေးရောဂါ ခံစားနေရချိန်တွင် ခွေးများပါ သေဆုံးမူ ရှိနေသဖြင့် မောင်တော လူထု အတွင်း စိုးရိမ်စိတ်များ တိုးပွားနေသည်ဟု သတင်း ရရှိသည်။

Most read this week