နကသရုံးချုပ် သွင်းကုန်ဌာန စည်းကမ်းတင်းကျပ်

နကသရုံးချုပ် သွင်းကုန်ဌာန စည်းကမ်းတင်းကျပ်
နေပြည်တော်ရှိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနရုံးချုပ်ရှိ သွင်းကုန်ဌာနက မကြာသေးမီ ကစ၍  ပြည်ပ သွင်းကုန် လိုင်စင်လျှောက်ရာတွင် စည်းကမ်းသစ်များ ချမှတ်ခဲ့မှုအပေါ် သွင်းကုန်လုပ်ငန်းရှင်များ စိတ်ပျက်....

နေပြည်တော်ရှိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနရုံးချုပ်ရှိ သွင်းကုန်ဌာနက မကြာသေးမီ ကစ၍  ပြည်ပ သွင်းကုန် လိုင်စင်လျှောက်ရာတွင် စည်းကမ်းသစ်များ ချမှတ်ခဲ့မှုအပေါ် သွင်းကုန်လုပ်ငန်းရှင်များ စိတ်ပျက်နေကြသည်။

သွင်းကုန်ပစ္စည်းများကို လုပ်ငန်းလိုင်စင် လျှောက်စဉ်ကတည်းက စာရင်းပေးထားသည့် ကုန်စည်များအတိုင်း လိုင်စင်လျှောက်ရန် သွင်းကုန်ဌာနတာဝန်ခံအသစ် ဦးဇော်မင်းက အမိန့်ထုတ်ထားသဖြင့် ယခုစိတ်ကြိုက် သွင်း ရန် မဖြစ်နိုင်တော့ကြောင်း သွင်းကုန် လုပ်ငန်းရှင် တဦးက ပြောသည်။

“လုပ်ငန်းလိုင်စင်လျှောက်တုန်းက ကိုယ်လုပ်ချင်တဲ့ ဆေးနဲ့ ဆေးပစ္စည်း၊ အဝတ်အထည်၊ အိမ်ဆောက် ပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်း စသဖြင့် အုပ်စု(၅)မျိုး စာရင်းတင်ထားတယ် ဆိုပါစို့။ အခုချိန်မှာ ကျောင်းဖွင့်တော့မှာမို့ ဗလာစာအုပ်နဲ့ စာရေးကိရိယာ သွင်းမယ်၊ စျေးကွက်က လိုအပ်နေတယ်၊ ဒါပေ မယ့် ကိုယ့်စာရင်းထဲမှာ မပါထားတော့ လိုင်စင်လျှောက်လို့ မရတော့ဘူး။ လုပ်ငန်းလိုင်စင် လျှောက် တာက လွန်ခဲ့တဲ့ (၁ဝ)နှစ်လောက်က လျှောက် ထားတာ၊ အခုစျေးကွက်အနေအထားအရ ကိုယ်က ပစ္စည်းတခုပြောင်းပြီး သွင်းလို့ မရတော့ဘူး။ အရင် တာဝန်ခံတွေတုန်းက အခုလို ကန့်သတ်မထား ဘူး။”

သွင်းကုန်လိုင်စင်လျှောက်ရာတွင် ဝန်ကြီးများ၏ အစည်းဝေးမှ ဆုံးဖြတ် ခွင့်ပြုလိုက်သည့် လိုင်စင်များကို သွင်း ကုန်လုပ်ငန်းရှင်ထံ ရက်နောက်ကျပြီး ထုတ်ပေး နေသဖြင့် အချိန် ကြန့်ကြာမှုလည်း ရှိသည်ဟု အဆိုပါ သွင်းကုန လုပ်ငန်းရှင်က ပြောသည်။

“ကိုယ်တင်သွင်းချင်တဲ့ ကုန်တွေကို လိုင်စင်လျောက်တဲ့ခါ စီးပွား၊ကူးသန်းတို့၊ မွေးမြူရေးနဲ့ ရေလုပ် ငန်းတို့၊ ပို့ဆက်တို့၊ အခွန်တို့ စတဲ့ ဝန်ကြီး(၅)ပါးထိုင်တဲ့ အင်္ဂါနေ့တိုင်း အစည်းဝေး ကနေ ဆုံးဖြတ် ချက် ချပေးတယ်၊ နောက်တရက်ဆို လိုင်စင်ကျ လာရော၊ အခုက အဲလို မဟုတ်ဘူး၊ နောက်(၂)ရက် လောက်မှာ ထုတ်ပေးနေတာ။ အချိန်တွေ ကုန်တာပေါ့။ ”

နကသရုံးချုပ်ရှိ ဌာနတာဝန်ခံများမှာ (၄)လတကြိမ်ရွေ့ပြောင်းနေပြီး တာဝန်ခံအသစ် ပြောင်းတိုင်း ပြဿနာ တခုမဟုတ်တခု တက်လေ့ရှိကြောင်း၊ သွင်းကုန်ပစ္စည်းများ တင်သွင်းမှုနှင့် ပတ်သက်၍ ယခုလို အခက်ခဲဖြစ် နေမှုအပေါ် သွင်းကုန်လုပ်ငန်းရှင်များ အကြား မကျေမနပ်ဖြစ်နေသော်လည်း ဘာမျှမတတ်နိုင် ဖြစ်ကြရသည်ဟု သွင်းကုန် လုပ်ငန်းရှင်များက ပြောသည်။

Most read this week