ဒီကေဘီအေ စစ်ကြောင်းကို ကေအဲန်ယူ တိုက်ခိုက်

ဒီကေဘီအေ စစ်ကြောင်းကို ကေအဲန်ယူ တိုက်ခိုက်
by -
ဇော်ကြီး
ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းရှိ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) စစ်ကြောင်းအား ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့က ခြံုခိုတိုက်ခိုက်သည်ဟု (DKBA) က...

ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းရှိ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) စစ်ကြောင်းအား ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့က ခြံုခိုတိုက်ခိုက်သည်ဟု (DKBA) ကပြောသည်။

ကေအဲန်ယူ လက်အောက်ခံ တပ်မဟာ (၆) ဒေသရှိ တပ်ရင်း ၁၀၃ မှ DKBA ၉၀၂ တပ်ရင်းအား ဝေါ်လေနှင့် ကျောက်ခက်ကြားတွင် ယမန်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု DKBA တပ်ဖွဲ့မှ အမည်မဖော် လိုသည့် အရာရှိတစ်ဦးက ယခုလိုပြောသည်။

“ကေအဲန်ယူက ကျနော်တို့ အဖွဲ့ကိုပစ်လိုက်သေးတယ်လေ။ ဝေါ်လေနဲ့ ကျောက်ခက်အောက်မှာ အဲဒီ ကြားမှာ ၁၀၃ အဖွဲ့ကနေ ကျနော်တို့ ဒီကေဘီအေကို ဗုံးနဲ့ လာဆွဲလိုက် တယ်လေ။ ဆွဲလိုက်ပြီးတော့ ရ၉ နဲ့ပစ်တယ်။ တစ်ယောက်သေတယ်။ နှစ်ယောက် ဒဏ်ရာရသွားတယ်။ ပြီးတော့ သူ့(တပ်ရင်းမှူး) မိန်းမပါသွားတော့ သူ့မိန်းမပါထိတယ်။”

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို DKBA တပ်ဖွဲ့ဝင်အချို့က လက်ခံလိုက် သည်ဟု သတင်းများ ထွက်ပေါ်လာသည့် အပေါ်မူတည်၍ ယခုလိုတိုက်ခိုက်ခြင်း ဖြစ်နိုင် သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

“ကျနော်တို့က သုံးသပ်တာက ခုနကပြောသလိုမျိုးပဲ။ လက်မှတ်ထိုးတဲ့သတင်း ထွက်တယ် ဆိုတော့ သူတို့ကတော့ မကောင်းကြံစည်မှုနဲ့ ဘယ်လိုပြောမလဲ၊ အမျိုးသား သစ္စာဖောက်တဲ့ အပိုင်း သူတို့စိတ် ထဲမှာ ကျနော်တို့ကို အဲလိုမျိုးပဲ ထင်တယ်ပေ့ါ။”

တိုက်ပွဲဖြစ်ပွားသည်ကို ကြားသိရသော်လည်း KNU က တိုက်ခိုုက်သည်ကို အတည်ပြု၍ မရနိုင်သေးကြောင်း KNU ၏ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ပြောသည်။

“အသေးစိတ်တော့ ကျနော်မသိသေးဘူး။ တိုက်ပွဲဖြစ်တယ်။ ဒီကေဘီအေက အပစ်ခံ ရတယ်။ အဲလို တော့ကြားတယ်။ ဒီကေဘီအေ အဖွဲ့ကတော့ ၉၀၂ ဆိုလားမသိဘူး။ နောက်အဲဒီမှာ တပ်ရင်းမှူးနဲ့ ကားပေါ်မှာပါလာတဲ့သူတွေ ထိခိုက်ဒဏ်ရာရတယ်။ ရွာသား တစ်ယောက်လည်းသေတယ်။ အဲဒီလို တော့ကြားတယ်။ ပစ်တဲ့အဖွဲ့ကတော့ ပထမတော့ ဘယ်အဖွဲ့ကပစ်မှန်းမသိဘူးလို့ပြောတယ်။ နောက် တော့ KNLA ၁၀၃ ကပစ်တယ်လို့လည်း ပြောတယ်။ ဒါပေမယ့် ကွန်ဖမ်း (အတည်ပြုချက်) ကတော့ ကျနော်တို့ဆီမှာတော့ တက်လာ တာ မရှိဘူး။”

ယခုတိုက်ပွဲဖြစ်ပွားသည့် လမ်းကြောင်းတွင် စစ်အစိုးရတပ်မှ စစ်ကြောင်းတက်လာမည့် သတင်းကြားသိရပြီး DK BA တပ်ဖွဲ့အား မှားယွင်းပစ်ခတ်မိခြင်းသာ ဖြစ်နိုင် သည်ဟု ၎င်းက ဆက်ပြောသည်။

“ဖြစ်နိိုင်ခြေတစ်ခုကတော့ ကျနော်ကြည့်တာ မှားပစ်တာဖြစ်နိုင်တယ်။ ကျနော်သိထားတဲ့ တချို့လူ တွေကတော့ အဲဒီမှာပေ့ါလေ နအဖ တက်လာဖို့ရှိတယ်။ အဲဒီခါ ကျတော့ နအဖကို သူတို့ စောင့်ပစ်မယ် ဆိုတဲ့ ခါကျတော့ နအဖနဲ့ ဒီကေဘီအေနဲ့ သူတို့ မှားပစ်တာ ဖြစ်နိုင်တယ်။”

တိုက်ပွဲတွင် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရသဖြင့် စိတ်မကောင်းဖြစ်မိသည်ဟု ဗိုလ်မှူးစောလှငွေကပြောသည်။

“ဒါပေမယ့် သူတို့ (DKBA) သတင်းသာမှန်မယ်ဆိုရင်တော့ လူထုတွေထိတယ်ပေ့ါ။ ခလေးတွေ ဘာ တွေ လက်ကျိုးတယ်ဆိုလား၊ ဘာလားပေ့ါနော်။ အဲလိုဟာတော့ စိတ်မကောင်း စရာပေ့ါဗျာ။”

ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ နန်ကွင် ဒေသတွင် KNLA နှင့် စစ် အစိုးရတပ်တို့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာ ရရှိမှု အသေးစိတ် မသိရှိရသေးပေ။

Most read this week