မြစ်ကြီးနား ကားဂိတ်တွင် ဗုံးပေါက်ကွဲ

မြစ်ကြီးနား ကားဂိတ်တွင် ဗုံးပေါက်ကွဲ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ကားကြီးကွင်းဝင်းတွင်  မေလ ၅ ရက်နေ့၊ ဒီကနေ့ နေ့လည် ၁၁ခန့်၌ ဗုံးပေါက်ကွဲမှုတစ်ခု....

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ကားကြီးကွင်းဝင်းတွင်  မေလ ၅ ရက်နေ့၊ ဒီကနေ့ နေ့လည် ၁၁ခန့်၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲသည့်နေရာမှာ တစ်ခုတည်းရှိသော ကားဂိတ်ဖြစ်သည့် ငြိမ်းချမ်းသာယာ အားကာစား ကွင်းအနီး ကားကြီးကွင်းဝင်းတွင် နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများမှာ သိရသည်။

မြစ်ကြီးနားမြို့၊ ဓါတ်ပုံ - ကချင်သတင်းဌာန

ယင်းပေါက်ကွဲမူမှာ တစ်စုံတရာ ထိခိိုက်ဒဏ်ရာခြင်းနှင့် ပျက်စီးဆုံးရူံးမှုများ မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက တရားခံအား ရှာဖွေစစ်ဆေးလျက် ရှိနေသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်လကဖြစ်ပွားခဲ့သည့် လူအသေအပျောက်ရှိသော မြစ်ဆုံဗုံးပေါက်ကွဲမှု နှင့် ယခုပေါက်ကွဲမှုမှာ နှစ်ကြိမ်ဖြစ်ပြီး မြန်မာအာဏာပိုင်များက ဖောက်ခွဲသူအား မတွေ့ရှိသေး သောကြောင့် မသင်္ကာသူဟု ယူဆသော ဒေသခံကချင်လူထုများအား ဖမ်းဆီးစစ်ဆေးလျက်ရှိ သည်။

Most read this week