ရေကာသာ ဗုံးပေါက်ကွဲမှုနောက် ဒေသခံများကို ဖမ်းဆီးချုပ်နှောင်မှုဖြင့် နအဖ တုန့်ပြန်

ရေကာသာ ဗုံးပေါက်ကွဲမှုနောက် ဒေသခံများကို ဖမ်းဆီးချုပ်နှောင်မှုဖြင့် နအဖ တုန့်ပြန်
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ဧရာဝတီ မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုကြောင့် နအဖ အစိုးရမှ ဒေသခံလူထုကို မသင်္ကာမှုနဲ့ ဖမ်းဆီးချုပ်နှောင်.....

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ဧရာဝတီ မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုကြောင့် နအဖ အစိုးရမှ ဒေသခံလူထုကို မသင်္ကာမှုနဲ့ ဖမ်းဆီးချုပ်နှောင်နေသည်။

မေခ၊ မလိခ ဆုံရာ ဧရာဝတီ မြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေသော အေရှားဝေါလ်ကုမ္ပဏီ နှင့် တရုတ်ကုမ္ပဏီတို့ကို လုံခြံုရေးအထူး တာဝန်ယူ ထားသည့် ခလရ တပ်ရင်း (၂၉)မှ တပ်သားများနှင့် လဆမ်အောင်ဝါ အဖွဲ့ (ဂွေထူ-လဝါယန် ကချင်ပြည်သူ့စစ်အဖွဲ့) သည် တန်ဖရေရွာ အစရှိသည့် မြစ်ဆုံရေကာတာ အနီးဝန်းကျင်ရှိ ရွာများတွင် မသင်္ကာမှုနဲ့ တစ်အိမ်ပေါ်တစ်အိမ်တက် စစ်ဆေးမှုများပြုလုပ်နေသည်။

“စာရွတ်စာတမ်းတွေအကုန်လုံးပဲ ဘာမှမကျန်အကုန်လိုက်စစ်နေတာဘဲ” ဟု ဒေသခံဆရာ တစ်ဦးမှပြောသည်။ ယခု ဒေသခံရွာသား ၁၀၀ ကျော်ခန့်ဖမ်းဆီးထားပြီ ဖြစ်သည်။ အခုလို်စစ်ဆေးမှုသည် တန်ဖရေရွာမှ ဒေသခံများကို အဓိကပစ်မှတ်ထားကာ မသင်္ကာသူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးချုပ်နှောင်မှုသည် ၁၈နှစ်အသက်မပြည့်သေးသည့် ကလေးငယ်များကိုပါမကျန် လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။ “ကလေးတွေ ဘာတွေလည်း မကျန်ဘူး မသင်္ကာရင် ဖမ်းတာပဲ” လို့ ဒေသခံပြောသည်။  “ကလေးတွေကိုလည်း ဘယ်မူကြူကျောင်းတက်လည်း၊ ဘာအလုပ်နေလဲ” ဟု မေးမြန်းမှုုပြုများလည်း လုပ်နေကြောင်း ဆက်ပြောသည်။

ရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရန်ဖိအားပေးခံနေရတဲ့ တန်ဖရေးရွာ ကချင်နှစ်ခြင်းခရစ်ယန် ဘုရားကျောင်း။ ဓါတ်ပုံ - ကချင်သတင်းဌာန

နအဖ စစ်အစိုးရသည် ရွာသားများကို ဖမ်းထားပြီး စစ်ဆေးမေးမြန်းသည်၊ မေးမြန်းပြီးပြန်ဖမ်းသည်။ အဖမ်းခံရပြီး ပြန်လွတ်လာသည့် လူငယ်က “ကိုယ်လုပ်တာ ကိုသိတာပဲ၊ တစ်ယောက်ယောက်ရဲ့လက်ချက်ပဲ ဘယ်သူခိုင်းလဲ” ဟု ခြောက်လှန့်ကာ မေးမြန်းမှုများပြုလုပ်နေသည်။

တန်ဖရေရွာလူကြီး ဦးမရစ်လရမ် (ကြံခိုင်ဖွံဖြိုးရေးမှူး)နှင့် ဇနီးသည် ကိုလည်းမသင်္ကာမှုနဲ့ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားခဲ့သည်။ အေရှားဝေါလ်ကုမ္ပဏီရှိ အဆောက်အအုံတွင် ဇနီးမောင်နံနှစ်ဦးအား ဖမ်းဆီးချုပ်နှောင်ထား ခဲ့သည်မှာ တစ်ပတ်တိတိ ရှိနေပြီဖြစ်ကြောင်းသိရှိရသည်။

ပြီးခဲ့သည့် စနေနေ့တွင်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) နဲ့ဆွေးမျိုးတော် ဆက်စပ် နေသည့် မိသားစုအိမ်များတွင်  ပေါက်ပြားကိုင်ကာ အိမ်ခြံဝင်းထဲ၊ အပြင် အားလုံးတွင် ပေါက်တူးခိုင်းစေသည်။

“အိမ်ထဲမှာ သူတို့ (စစ်အစိုးရ) ဗုံးတွေလာထားပေးပြီး ဗုံးတွေ့ပြီလို့ပြောလာမှာကြောက်တယ်” လို့ ဒေသခံကိုယ်စား ဒေသခံဆရာက ပြောပြသည်။

အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသည့် တန်ဖရေရွာမှ ရပ်ကွက် ၁၊ ၂ ကိိုမေလ နောက်ဆုံးထားကာ ပြောင်ရွှေ့ရေးပြုလုပ်ရန် အတင်းအဓ္ဓမ ပြောင်းရွှေ့မှုခိုင်းစေသည်။ ရွာသားများက မပြောင်းရွှေ့ နိုင်ကြောင်းငြင်းဆန်နေသည်။

ရွာသားများ လုပ်ကိုင်စားသောက်မှု ပိုပိုခက်ခဲလာသည်။ “အစစ်အဆေးမှလွတ်အောင် တောဝင်ခိုအောင်းရင်လည်း ကေအိုင်အေက စစ်သားစုဆောင်းရေးလုပ်နေတော့ မသွားရဲ့တော့ဘူး၊ ရွာမှာလည်း အစိုးရရဲ့ စစ်ဆေးမှုခဏခဏရှိတော့ အရမ်းခက်နေတယ်” ဟု ဒေသခံရွာသားတစ်ဦးမှပြောသည်။

စစ်အစိုးရမှ အမေးအမြန်းမခံသူကို  တစ်ခွန်းတည်းပြောလိုက်တာက “လူတော့မလိုက်ဘူး ကျဉ်ဆံပဲ လိုက်လာမယ်” လို့ဒေသခံ လူများကို  ခြိမ်းခြောက်မှုပြူလုပ် နေသည်။

အခုလို စစ်ဆေးမေးမြန်းမှုုသည် မြစ်ဆုံတွေဗုံးပေါက်ကွဲပြီးနောက်ပိုင်း နှစ်ပတ်အကြာ နောက်ထပ် အင်ဂျန်ယန်တွင် ထပ်မံဗုံးပေါက်ကွဲမှုကြောင့် စစ်ဆေးမှုပိုများ လာခဲ့သည်ဟု ရွာခံတွေကပြောသည်။

Most read this week