အနောက်တိုင်း သံတမန်များ မြန်မာ ဒုက္ခသည် စခန်းများကို သွားရောက် လည်ပတ်

အနောက်တိုင်း သံတမန်များ မြန်မာ ဒုက္ခသည် စခန်းများကို သွားရောက် လည်ပတ်
နိုင်ငံ ၈ နိုင်ငံမှ အနောက်နို်င်ငံ သံအမတ်များသည် ယမန်နေ့က ဘင်္ဂလာဒေချ့် နိုင်ငံ ကော့ဘဇားခရိုင်တွင် တည်ရှိသော မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များ နေထိုင်ရာ စခန်း ၂ ခုသို့ သွားရောက် လည်ပတ်ခဲ့သည်ဟု....

နိုင်ငံ ၈ နိုင်ငံမှ အနောက်နို်င်ငံ သံအမတ်များသည် ယမန်နေ့က ဘင်္ဂလာဒေချ့် နိုင်ငံ ကော့ဘဇားခရိုင်တွင် တည်ရှိသော မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များ နေထိုင်ရာ စခန်း ၂ ခုသို့ သွားရောက် လည်ပတ်ခဲ့သည်ဟု သတင်း ရရှိသည်။

သွားရောက်လည်ပတ်ခဲ့သူ သံအမတ်များမှာ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဒိန်းမတ်၊ဂျာမဏီ၊ ဆွစ်ဇာလန်နှင့် တခြား နိုင်ငံ နှစ်ခုမှ သံအမတ်များ ဖြစ်ကြသည်။

သူတို့သည် ရှေ့ဦးစွာ အိုကီးယား မြို့နယ်တွင် တည်ရှိသော ကူတိုပလောင် ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပြီး စခန်းတွင်းရှိ ဒုက္ခသည်များနှင့် တွေ့ဆုံကာ ၎င်းနောက်ပိုင်းတွင် စခန်းတွင်းတွင် ကလေးငယ်များ အတွက် တည်ဆောက်ပေးထားသော စာသင်ကျောင်းများ၊ ကွန်ပျူတာ သင်ကျောင်းနှင့် ဆေးခန်းမျာကို သွားရောက် ကြည့်ရှု့ခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်းတွင် သံတမန် အဖွဲ့သည် တက်ကနက် မြို့နယ်တွင် တည်ရှိသော နာယာပါရာ ဒုက္ခသည် စခန်းအား သွားရောက် လည်ပတ်ခဲ့ပြီး အဆိုပါ စခန်းတွင် ၂ နာရီကြာ နေထိုင်ခဲ့ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ စခန်းများသို့ သွားရောက်လည်ပတ်ပြီးနောက် အနောက်တိုင်း သံတမန် အဖွဲ့သည် ကော့ဇားမြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ပြီး ကော့ဘဇားမြို့တွင် အစိုးရ အရာရှိများ၊ အစိုးရ မဟုတ်သော အန်ဂျီအိုများမှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်း သံတမန်အဖွဲ့မှ သတင်းထောက်များနှင့်တွေ့ဆုံပြီး သတင်းထောက်များ မေးမြန်းခြင်းကို ပြန်လည် ဖြေကြားခဲ့သည်။

ဘင်္ဂလာဒေချ့့် ဆိုင်ရာ အမေရိကန် သံအမတ် James F Moriarty က မူဆလင် ဒုက္ခသည်များကို မြန်မာနိိုင်ငံသို့ ပြန်ပို့ရန်မှာ တစုံတရာ အခက်အခဲ မရှိပါကြောင်း၊ မြန်မာ စစ်အစိုးရမှ ရိုးဖြောင့်စွာဖြင့် ဒုက္ခသည်များကို လက်ခံမည်ဆိုပါက ယခု အချိန်ကပင် စပြီး ဒုက္ခသည်များကို မြန်မာနို်င်ငံသို့ ပြန်ပို့နိုင်မည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

လက်ရှိ ဒုက္ခသည် စခန်းနှစ်ခုတွင် UNHCR ကုလ မဟာမင်းကြီးရုံးမှ အသိအမှတ် ပြုထားသော မြန်မာ ဒုက္ခသည် ၂၈၀၀၀ ခန့် ရှိပြီး အများမှာ မြန်မာနို်င်ငံသို့ ပြန်သွား လိုစိတ် မရှိဘဲ တတိယ နိုင်ငံ တခုခုတွင် ခိုလုံခွင့် ရရှိလိုနေကြသည်ဟု သိရသည်။

ယခု ခရီးစဉ်ကို UNHCR မှ စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week