ဘူးသီးတောင်မြို့နယ်တွင် ရေရှားပါး၍ တောနေလူထု အခက်ကြံုနေရ

ဘူးသီးတောင်မြို့နယ်တွင် ရေရှားပါး၍ တောနေလူထု အခက်ကြံုနေရ
by -
ထွန်းထွန်း
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရေရှားပါးမှုဖြစ်သောကြောင့် တောလက် ကျေးရွာနေ ဒေသခံများ အနေဖြင့် အထူး အခက်အခဲ့ ကြံု တွေ့နေရသည် ဟု....

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရေရှားပါးမှုဖြစ်သောကြောင့် တောလက် ကျေးရွာနေ ဒေသခံများ အနေဖြင့် အထူး အခက်အခဲ့ ကြံု တွေ့နေရသည် ဟုသတင်းရရှိသည်။

ယခုကဲ့သို့ အခက်ကြံုနေရသော ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် တည်ရှိသော ကျေးရွာများ ဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။

“အခု ရေရှားပါးနေတဲ ကျေးရွာတွေကတော့ ဘူးသီးတောင် မြောက်ပိုင်း တောင်ဘဇား အထက်ပိုင်း ဒေသမှာ တည်ရှိတဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။ အဓိက သောက်ရေ သုံးရေ မရဘဲ ဖြစ်နေတဲ့ ကျေးရွာတွေကတော့ တောင်ကြီးရင်း၊ ကြာရှည်၊ ကြာညိုပန်း၊ ပန်းဘဲချောင်း၊ ဇီးဒုံ၊ ခတီလှ၊ ရွာသာယာ၊ ဂုတ်ပီ၊ ကျွန်းပေါက်နဲ့ တခြား ရွာငယ်လေးတွေ ဖြစ်ကြပါတယ်။”

အဆိုပါ ကျေးရွာများမှာ တောင်ခြေရင်တွင် တည်ရှိသော ကျေးရွာများ ဖြစ်ပြီး ရေရရှိရန်အတွက် ချောင်းကမ်းပါးအနီး အထိ ဆင်းလာရကာ လက်ယပ်တူး တွင်းငယ် များကို တူးဖော်ကာ အသုံးပြုနေရသည်ဟုသိရသည်။

“ခုလို သောက်ရေ သုံးရေ အခက်အခဲ ကြံုနေရတဲ့ ကျေးရွာသားတွေက အနည်းဆုံး လူပေါင်း ၅၀၀၀ ခန့်ရှိမယ် ထင်ပါတယ်။ ရွာတရွာမှာ အိမ်ခြေ ၄၀ ကနေ ၁၂၀ ထိ ရှိတဲ့အတွင် အနည်းဆုံး လူပေါင်း ၅၀၀၀ လောက် အခက်ကြံုနေရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအခါ သောက်ရေ သုံးရေ မရရှိသဖြင့် မသန့်ရှင်းသော ရေကို အသုံးပြုနေကြရသဖြင့် လူတော်တော်များများမှာလည်း ၀မ်းလျော့ ရောဂါ ဖြစ်ကာ ဆေးရုံရောက်နေ ကြရသည်ဟု ကျွန်းပေါက်ရွာသားတဦးက ပြောသည်။

Water-crisis

“ကျနော်တော်တို့ နေတဲ့ ရွာကျတော့ ရေတွင်း၊ ရေကန်လည်း မရှိဘူး။ စမ်းချောင်းကို အသုံးပြုနေကြရတယ်။ အခု စမ်းချောင်းကလည်း ခြောက်သွားပြီ။ ဆိုင်ကနေ ရေသန့်ဗူး တွေကိုပဲ ၀ယ်ယူ သုံးစွဲနေရတယ်။ ဒါပေမဲ့လည်း လူတိုင်းတော့ မတတ်နိုင်ဘူးလေ။ ခုတော့ မသန့်ရှင်းတဲ့ ရေတွေကို သုံးနေကြတော့ ၀မ်းလျှော့ရောဂါ ဖြစ်ပီး လူတွေ ဆေးရုံ ရောက်နေကြရတယ် ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်တွင် ရိုးရိုး အလုပ်သမား တယောက်၏ လုပ်အားခမှာ ကျပ် ၁၀၀၀ ကနေ ကျပ် ၂၀၀၀ အထိ ရှိသော်လည်း ရေသန့်ဗူး တလီတာမှာ ကျပ်ငွေ ၄၀၀ နှင့် ၅၀၀ အကြား ရှိသဖြင့် သာမန်လူများ ၀ယ်ယူ သောက်သုံး နိုင်ခြင်း မရှိကြောင်း သိရသည်။

နှစ်စဉ် ပျှမ်းမျှ မိုးရေချိန် လက်မ ၁၂၀ ကျော် ရွာသွန်းသော ရခိုင်ပြည်နယ်တွင် မြို့များတွင် သာမက ကျေးလက်တောရွာများတွင် နှစ်စဉ် နွေရာသီ ရောက်လျှင် ရေရှား ပြီး မိုးခေါင်ရေရှား ရပ်ဝန်း ဖြစ်သော မြန်မာ နိုင်ငံ အလယ်ပိုင်းတွင် ရေရှားပါးမူ မရှိခြင်း ဖြစ်နေခြင်းမှာ မြန်မာ စစ်အစိုးရ အာဏာပိုင်၏ စီမံခန့်ခွဲမူ ညံ့ဖျင်းမူကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်သူများက ထင်မြင် ယူဆနေကြသည်ဟု သိရသည်။

Most read this week