ရေကာတာ ဗုံးပေါက်ကွဲမှုကြောင့် လုံခြံုရေးတင်းကျပ်ကာ စစ်ဆေးမေးမြန်းမှုထူထပ်

ရေကာတာ ဗုံးပေါက်ကွဲမှုကြောင့် လုံခြံုရေးတင်းကျပ်ကာ စစ်ဆေးမေးမြန်းမှုထူထပ်
မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ တည်ဆောက်နေသော အနီးဝန်းကျင်၌ ဗုံးပေါက်ကွဲမှုများကြောင့် အလုပ်သမား ၄ ဦးသေဆုံးကာ အနည်းဆုံး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ပြီးနောက် မြစ်ဆုံသွားလမ်း မတစ်လျှောက်  မြန်မာစစ်တပ်လုံခြံုရေး တပ်စခန်းများ တင်းကျပ်စွာ....

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ တည်ဆောက်နေသော အနီးဝန်းကျင်၌ ဗုံးပေါက်ကွဲမှုများကြောင့် အလုပ်သမား ၄ ဦးသေဆုံးကာ အနည်းဆုံး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ပြီးနောက် မြစ်ဆုံသွားလမ်း မတစ်လျှောက်  မြန်မာစစ်တပ်လုံခြံုရေး တပ်စခန်းများ တင်းကျပ်စွာ ထားရှိလာခဲ့တယ်။

မြစ်ဆုံရေကာတာတာဝန်ယူတည်ဆောက်နေသော အေရှားဝေါလ်ကုမ္ပဏီ နှင့် တရုတ်ကုမ္ပဏီတို့ကို လုံခြံုရေးအထူး တာဝန်ယူထားသည့် တပ်ရင်း (၂၉)မှ စစ်သားများသည်  မြစ်ဆုံသွားလမ်း ကျိန်ခရန်၊ မလိဇွတ် ကျေးရွာ လမ်းမတွင် သံဆူးကြိုးကာပြီး နာမည်၊ မှတ်ပုံတင်၊ မော်တော်ဆိုင်ကယ်၊ ကားစသည် တို့ကို စစ်ဆေးမှု ပြုလုပ်နေတယ််။

“ညပိုင်းဆို ဒီတန်ဖရေးရွာကနေ တခြားရွာအသီးသီး၊ ပတ်ဝန်းကျင်ကရွာတွေမှ တစ်ရွာကို လူ၅ယောက် သွားပြီး စစ်တပ်နဲ့ အတူကင်းစောင့်နေရတယ်။

ဒေသခံနေအိမ်တိုင်းလိုလို စစ်သားတွေတည်းခိုပြီး  စစ်ဆေးမှုပြုလုပ် နေကြတယ်” ဟု  ဒေသခံတစ်ဦးပြောတယ်။

ယခုကဲ့သို့စစ်ဆေးမေးမြန်းမှုများနှင့် လမ်းမပေါ်တွင် သွားလာနေသူများအားဟန့်တား စစ်ဆေးမေးမြန်းမှုများကြောင့် ဒေသခံလူထုများက စိတ်အနှောင့်အယှက်မှုများဖြစ်နေကြတယ်။

ခရစ်ယာန်အသင်းတော်မှ ကောင်မတီ EC အစည်းအဝေးပြုလုပ်မှုတွေကိုလည်း အချိန်ကြာ ထိုင်စည်းဝေးလို့ မရသည့်အပြင် စစ်သားများက ရွားသားများစုစည်းနေသည်ကိုတွေ့လျှင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လာကြကြောင်း ဒေသခံနှစ်ခြင်းခရစ်ယာန်ဆရာ တစ်ဦးမှ ဆိုလာတယ်။

တစ်ဆက်တည်းမှာပင် မြစ်ကြီးနားမြို့တွင်လည်း ဧည့်စရင်းစစ်နေသလို အိမ်တိုင်း ရပ်ကွက်လူကြီးများနဲ့ ဥက္ကဌများသည်  ကားစရင်းများ၊ ကားနံပါတ်အစရှိသည့် စရင်းများလာရောက်ကောက်ယူနေသည်ကို မြို့ခံတစ်ဦးမှသိရတယ်။

မေခ လိခ မြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်နေသည်မှာ ၂၀၀၆ ခုနှစ်မှဖြစ်ပြီး တရုတ်အစိုးရပိုင် China Power Investment Corporation  (CPI)၊ မြန်မာနိုင်ငံမှ အေရှားဝေါလ် ကုမ္ပဏီ၊ စစ်အစိုးရ၏ အမှတ်(၁) လျှပ်စစ်စွမ်း အားဝန်ကြီးဌာနတို့မှ မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို  အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းဖြစ်တယ်။

၎င်းဗုံးပေါက်ကွဲမှုကြောင့် မြစ်ဆုံလမ်းမကြီးဖောက်လုပ်နေသော တရုတ်အလုပ်သမားများနှင့်  မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးတွင် လုပ်ကိုင်နေသော တရုတ်အလုပ်သမားများသည် ကြောက်လန့်ပြီး အလုပ်သမားတစ်ချို့ နေရပ်ကို ပြန်သွားကြတယ်။

ဗုံးပေါက်ကွဲပြီး နောက်တစ်နေ့တွင်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းမှ သွားရောက်ကြည့်ရှုကာ လုံခြံုးရေးကို ထပ်ဖြည့်ကာ ရေအားလျှပ်စစ် စီမံကိန်းကို ဆက်လုပ်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့တယ်။

Most read this week