ရခိုင်တွင် ဘတ်စ်ကား တိမ်းမှောက်၍ တဦးသေ အများအပြား ဒဏ်ရာရ

ရခိုင်တွင် ဘတ်စ်ကား တိမ်းမှောက်၍ တဦးသေ အများအပြား ဒဏ်ရာရ
by -
မင်းဆက်ခိုင်
စစ်တွေ- ရန်ကုန် ကားလမ်းတွင်ခရီးသည်တင် ဘတ်စ်ကား တစီး တိမ်းမှောက်သွားသဖြင့် လူတဦးသေဆုံးကာ ခရီးသည် ၁၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း....

စစ်တွေ- ရန်ကုန် ကားလမ်းတွင်ခရီးသည်တင် ဘတ်စ်ကား တစီး တိမ်းမှောက်သွားသဖြင့် လူတဦးသေဆုံးကာ ခရီးသည် ၁၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ဧပြီလ ၃ရက်နေ့ နံနက် ၂နာရီခန့်တွင် ရန်ကုန်သို့ အသွား စစ်တွေ-အမ်း ကားလမ်း မှတ်တိုင်အမှတ် (၉/၀) အနီး၌ အဆိုပါ ဘတ်စ်ကားမှာ တိမ်းမှောက် သွားခြင်း ဖြစ်သည်။

တိမ်းမှောက်သွားသော ကားမှာ စစ်တွေ-ရန်ကုန် အကြား ပြေးဆွဲနေသော ရွှေကံ့ကော် အမည်ရှိ ခရီးသည်တင် ဘတ်(စ်) ကားဖြစ်သည်ဟု စစ်တွေမြို့ အဝေးပြေးကားဂိတ်မှ တာဝန်ရှိသူတဦးက အတည်ပြု ပြောကြားသည်။

၎င်းကားပေါ်တွင် ခရီးသည် ၂၀ကျော် လိုက်ပါလာပြီး အမျိုးသား တဦးသေဆုံးသွားကာ အမျိုးသား ၁၄ဦး နှင့် အမျိုးသမီး ၅ဦး ဒဏ်ရာ ပြင်းထန်းစွာ ရရှိသွားပြီး ယခုအခါ အမ်းမြို့နယ် ပြည့်သူဆေးရုံတွင် ဆေးကုသမူ ခံယူုနေရသည်ဟု သိရသည်။

စစ်တွေ-ရန်ကုန်ကားလမ်းတွင် ရခိုင်ဘက်ခြမ်းတွင် ကားလမ်းများကို စနစ် တကျ ဖေါက်လုပ်ထားခြင်း မဟုတ်သဖြင့် မကြာခဏ ကားတိမ်းမှောက်မှုများ ဖြစ်ပါ်နေပြီး လူအသေ အပျောက်များ မကြာခဏ ရှိနေသည်။ သို့သော်လည်း သက်ဆိုင်ရာ နအဖ စစ်အာဏာပိုင်များက တစုံတရာ ကောင်းမွန်အောင် ကားလမ်းများကို ပြုလုပ်ပေးခြင်း မရှိကြောင်း သိရသည်။

စစ်တွေမှ အမျိုးသမီး တဦးကို ရန်ကုန် စစ်တွေ ကားလမ်း အခြေအနေကို မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ကျမတို့ တတ်နိုင်ရင် ဒီကားလမ်းက သွားကို မသွားချင်တာ။ မတတ်သာလို့သာ သွားနေရတာပါ။ ရခိုင်ဘက်မှာဆိုရင် တနေရာမှ လမ်းကောင်းတာ မရှိဘူး။ ပြောရမှာတော့ အားနာ ပါတယ်။ ရန်ကုန် စစ်တွေလမ်းမှာ ရခိုင်ဘက်က လမ်းတွေမှာ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ သွားလို့ မရတဲ့ အဆင့်ထိ ဆိုးရွားနေပါတယ်။ ရန်ကုန်ကို သွားရင် လမ်းတလျှောက်လုံး တခုခ ုဖြစ်မလား ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ဘုရားတပြီး သွားနေရပါတယ်။ ဗမာပြည်ဘက်ကို ရောက်မှပဲ စိတ်က နည်းနည်း အေးသွားပါတယ်။” ဟု ပြောသည်။

နအဖ စစ်အစိုးရသည် ယခုကဲ့သို့ ကားတိမ်းမှောက်မူကြောင့် မကြာခဏ လူသေမူများ ရှိနေသော််လည်း စစ်တွေ ရန်ကုန် ကားလမ်းအား တစုံတရာ ကောင်းမွန်အောင် ပြုလုပ်ခြင်း မရှိဘဲ ရခိုင်လူထုအကြား ၀ါဒဖြန့်ရန် စစ်တွေ - အမ်း - မင်းဘူး ရထားလမ်းကို မလိုအပ်ဘဲ ဖေါက်လုပ်နေသည်။

ယခုအခါ ကားမောင်းသူမှာ ထွက်ပြေး တိမ်းရှောင်နေပြီး သူ့အား ရဲက လူသေမှု အပါအဝင် သာမာန်နာကျင်မှု/ အပြင်းအထန် နာကျင်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most read this week