မြန်မာ့ ကျောက်စိမ်းများ ထက်ဝက်မက ၀ယ်ယူမှု ကျဆင်း

မြန်မာ့ ကျောက်စိမ်းများ ထက်ဝက်မက ၀ယ်ယူမှု ကျဆင်း
မြန်မာနိုင်ငံ၏ တတိယ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိတဲ့ ကျောက်မြတ်ရတနာရောင်းချမှုမှ ကချင်ပြည်နယ် ထွက် ကျောက်စိမ်းစျေးကွက်သည် ဝယ်ယူမှု ကျဆင်း...

မြန်မာနိုင်ငံ၏ တတိယ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိတဲ့ ကျောက်မြတ်ရတနာရောင်းချမှုမှ ကချင်ပြည်နယ် ထွက် ကျောက်စိမ်းစျေးကွက်သည် ဝယ်ယူမှု ကျဆင်း နေသည်။

မြန်မာ့ကျောက်စိမ်းအများဆုံးဝယ်ယူနေကြသည့်  တရုတ်နိုင်ငံမှ စီးပွားရေးသမားများ၏ ကျောက်စိမ်း ဝယ်ယူမှုတုံ့ဆိုင်းနေသောကြောင့် ကျောက်စိမ်းစျေးကွက်မှာ ထက်ဝက်ခန့်ကျဆင်း နေသည်ကို တရုတ်ကုန်သည်များထံမှသိရသည််။

ယခုလိုဖြစ်ရခြင်းမှာ တရုတ်ကုန်သည်များ တရုတ်နှစ်သစ်ကူးတစ်လျောက် အပန်းဖြေ အနားယူကြ၍ ကျောက်စိမ်းများ ဝယ်ယူမည့်သူမရှိဖြစ်ကာ ကျောက်စျေးနှုန်းများ ယခင်လထက် ကျဆင်းနေကြောင်း ကုန်သည်များကဆိုသည်။

၁၉၉၄ ခုနှစ်၊ မြန်မာစစ်အစိုး နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ကြား အပစ်ခပ်ရပ်စဲ ခဲ့ပြီးနောက် ကချင်ပြည်နယ်၊ ဖါးကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အဆမတန် တက်လာပါတယ်။ ဒါပယ်မဲ့ သာမန်ပြည်သူများအတွက်ကတော့ အကျိုးခံစားခွင့် အလွန်နည်းပါးပါတယ်။

“အဲဒီကတည်းက ကျောက်စျေးကျသွားတယ် အခုထိပါပဲ” ဟု ကျောက်အရောင်း အဝယ်လုပ်နေသူ ကချင်အမျိုးသားတစ်ဦး ကျောက်စျေးကျသွားသည်ကို စိတ်ပျက်လက်ပျက်ဖြင့်ပြောပြသည်။

“ကျပ်တစ်သိန်းဆိုရင် နှစ်သောင်း၊သုံးသောင်းလောက်ပဲရတယ်၊ အရင်ကလိုရောင်းလို့မရဘူး၊ ကျောက်စျေး အရမ်းအေးနေတယ်၊ လုပ်စားရတာလည်းအရမ်းခက်တယ်” နောက်ကုန်သည် တစ်ဦးကလည်း ဆက်ပြောသည်။

နေ့စဉ် ၀င်ငွေအနည်းငယ်ဝင်သော်လည်း “ရေမဆေးကျောက်” ကောက်ရင်း အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများလည်း ကျောက်စိမ်းဝယ်ယူမည့်သူမရှိသဖြင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

ကချင်ပြည်နယ်တွင် လူထုများ အဓိကစီးပွားရေးအဖြစ် ကျောက်စိမ်းအရောင်းအဝယ်များ ပြုလုပ်ပြီး အခုလိုကျောက်စျေး ထက်ဝက်မက ကျဆင်းနေမှုသည် ကျောက် အရောင်းအဝယ် လုပ်ကိုင်နေသော မိသားစုများအား စားဝတ်နေရေး အခက်အခဲနှင့် အရောင်းအဝယ်အတွက် သွားရေးလာရေး လမ်ခရီးစရိတ်များပါ အခက်တွေ့နေ ကြောင်း အိမ်ရှင်မတစ်ဦးကပြောသည်။

သို့သော် ကျပ်သိန်းထောင်သောင်း အထက်စျေးရှိသောကျောက်စိမ်းများကမူ မပါရှိကြောင်း ကျောက်အရောင်းအဝယ်လုပ်နေသူတစ်ဦးမှ “ကျောက်စိမ်းစျေးတော့ ကျသွား တယ်၊ တစ်ဝက်လောက်ကျသွားတယ်၊ ဒါပေမဲ့ သိန်းတစ်ရာ အထက်တွေက သူ့စျေးနဲ့သူ ပုံမှန်ရှိပါတယ်” ဟုဆိုသည်။

တရုတ်ပြည်၏ ကျောက်မျက်ရတနာစျေးကွက်ရှိ ကျောက်စိမ်းအများဆုံးမှာ မြန်မာနိုင်ငံမှဖြစ်ပြီး  မန္တလေး၊ ကချင်ပြည်နယ် နယ်စပ်မှ အများဆုံးတင်ပို့ ရောင်းချခြင်း ဖြစ်ပြီး၂၀၀၈ ခုနှစ်၊ မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုကြောင့် ကျောက်ဝယ်လက်များနည်းလာကာ ကျောက်စျေး ထက်ဝက်မက ကျဆင်းခဲ့ရသည်။

ပြီးခဲ့သည့်နှစ် ၂၀၀၉ ခုနှစ်၊ မတ်လပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ၁၃ ရက်ကြာ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာပြပွဲမှ ယူရို ၁၄၀ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီး၊ ယင်းပြပွဲတွင် တက်ရောက်လာသူ ကျောက်ကုန်သည် စုစုပေါင်း ၃၀၀၀ ကျော်တွင် အများစုမှာ တရုတ်နိုင်ငံနှင့် ဟောင်ကောင် တို့က ကုန်သည်များ ဖြစ်သည်။

မြန်မာ့ကျောက်စိမ်းများကို အဓိက တရုတ်၊ ထိုင်း၊ အိန္ဒိ၊ စသည့်နယ်စပ် တစ်လျှောက်တွင် အများအားဖြင့် တင်သွင်းရောင်းဝယ်လေ့ရှိသည်။ ၂၀၀၈ ခုနှစ်က “မြန်မာ့ ကျောက်စိမ်း ပိတ်ဆို့မှု အက်ဥပဒေ တွမ်လန်းတော့စ်” ပြဋ္ဌာန်းခဲ့သော်လည်း မြန်မာစစ်အစိုးရမှ တရားမဝင် ကျောက်စိမ်း ရောင်းဝယ်မှုများပြုလုပ်နေဆဲဖြစ်သည်။

Most read this week